Tuesday, June 17, 2014

မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း အပိုင်း-၂


 (ကိုရဲမိုး၏ တပ်မတော် စစ်လက်နက်ဖြည့်တင်းမှုဆိုင်ရာ ပိုစ့်အား ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။ ဖော်ပြခွင့်ပေးသည့် ကိုရဲမိုးအား ကျေးဇူး အထူးတင်ရှိကြောင်းပါ..။)


၁၉၉၀ ခုနှစ် မတိုင်မီက မြန်မာ့လေတပ်ဟာ ၁၉၆၂ ခုနှစ် နဲ့  ၁၉၇၀ ခုနှစ် ၀န်းကျင်က ၀ယ်ယူခဲ့တဲ့  ဟောင်းနွမ်းနေတဲ့  လေယာဉ် နဲ့  ရဟတ်ယာဉ် မျိုးစုံ ၁၃၁ စီးလောက်သာ ပိုင်ဆိုင်ပါတယ်။ လေတပ်ဟာ အရွယ်အစားသေးငယ်ဆင်းရဲ ပြီး သယ်ယူပို့ ဆောင်ရေး၊ထောက်ပံ့ ရေး နဲ့ 
ကြည်းတပ်ရဲ့ စစ်ဆင်ရေး တစ်ချို့ လောက်ကိုသာ အထောက်အကူပြုနိုင်တဲ့ အနေအထားလဲ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ လေတပ်ကို အဆင့်မြှင့်တင်ဖို့ ဘယ်လိုစာချုပ်တွေ ချုပ်ဆိုခဲ့တယ်ဆိုတာ
အတိအကျ မသိရပေမယ့် ၁၉၉၀ ဒီဇင်ဘာလ မှာပဲ တပ်မတော်လေဟာ F7 2k ကြားဖြတ်တိုက်ခိုက်ရေး
 လေယာဉ် ၁၀ စီး GAIC FT – 7 Trainers လေယာဉ် ၂စီး PT 6 အမောင်းသင်လေယာဉ် အစီး ၃၀ ကို စတင် ရရှိခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ယူဂိုဆလားဗီးယားနိုင်ငံက G4 Super Galab တိုက်လေယာဉ် တစ်အုပ် ထပ်မံ ရောက်ရှိလာပြီး ၁၉၉၃ ခုနှစ်မှာ F7 2K လေယာဉ် ၁၂ စီး ထပ်မံရောက်ရှိလာပါတယ်။
၁၉၉၅ , ၁၉၉၇ နဲ့  ၁၉၉၉ ခုနှစ်တွေမှာ တပ်မတော်လေ အနေနဲ့  ကြားဖြတ်တိုက်ခိုက်ရေး တိုက်လေယာဉ်အုပ်တွေ အများအပြား ဖွဲ့ စည်းထားနှင့် ပြီးပါပြီ..။
F-7 တိုက်လေယာဉ်များ 
A-5 မြေပြင်တိုက်ခိုက်ရေး တိုက်လေယာဉ်များ
 ပြည်ပ စစ်ဖက် သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ တပ်မတော်လေ ရဲ့  ပထမဆုံး ဗုံးကြဲ တိုက်လေယာဉ် A5 တွေကို ၁၉၉၂ ခုနှစ်မှာ စတင် လက်ခံရရှိတယ်လို့  ဆိုပါတယ်...။ ၈ နှစ်အတွင်းမှာ
A5 ဗုံးကြဲ တိုက်လေယာဉ် ၃၆ စီးကို လက်ခံရရှိခဲ့ပြီး ၁၉၉၈ နဲ့  ၁၉၉၉ ခုနှစ်တွေမှာတော့ K8 အမောင်းသင် ဂျက်တိုက်လေယာဉ်တွေ အများအပြား စတင်ရောက်ရှိလာပါတယ်...။ လေယာဉ်တွေ အများအပြား ရောက်ရှိလာပြီး ကျွမ်းကျင် လေသူရဲတွေ အများအပြား ရုတ်တရက်လိုအပ်လာတဲ့ 
 ပြသနာကို ဖြေရှင်းနိုင်ဖို့  တပ်မတော် အစိုးရဟာ ၁၉၉၅ ခုနှစ် စစ်တက္ကသိုလ် လက်ခံပတ် တစ်ခုတည်းမှာတင် လေသူရဲ ဗိုလ်လောင်း ၂၅၀ ကို သီးသန့်  စတင်ခေါ်ယူခဲ့ပါတယ်...။ ဒီဗိုလ်လောင်းတွေဟာ စစ်တက္ကသိုလ် ဒုတိယနှစ်မှာတင် လေယာဉ်မောင်း သင်တန်းကျောင်း အသီးသီးကို
သွားရောက် သင်ကြားရပြီး နောက်ဆုံးနှစ် ကျောင်းဆင်းခါနီး အချိန်မှသာ စစ်တက္ကသိုလ်ကို လာရောက်ပူးပေါင်း ကျောင်းဆင်းခဲ့ပါတယ်။ ကျောင်းဆင်းပြီးချိန်မှာတော့ ဒီအရာရှိတွေဟာ
တပ်မတော်လေ ရဲ့  အမာခံ လေသူရဲ အုပ်စုတွေ ဖြစ်နေ ပြီးပါပြီ..။ နောက်ထပ် စစ်တက္ကသိုလ် လက်ခံပတ်အချို့ မှာလဲ ဒီအစီအစဉ်အတိုင်း လေသူရဲ့ ဗိုလ်လောင်း အတော်များများကို သီးသန့် ခေါ်ယူလေ့ကျင့် မွေးထုတ်ခဲ့တယ်လို့ သိရပါတယ်။

၁၉၉၀ ကနေ ၂၀၀၀ ခုနှစ်အတွင်း တပ်မတော်လေ ရဲ့  ဟောင်းနွမ်းနေတဲ့ ဖော်ကာလေယာဉ်များ နေရာမှာ
အစားထိုးဖို့ စတင်ရောက်ရှိလာတာကတော့ SAC Y8D အမျိုးအစား သယ်ယူပို့ ဆောင်ရေး
 လေယာဉ်တွေ ဖြစ်ပါတယ်..။ ပိုလန်နိုင်ငံက ၀ယ်ယူလိုက်တဲ့  PZL W3 Sokol အမျိုးအစား ဘက်စုံသုံး ရဟတ်ယာဉ် ၁၃ စီး နဲ့  Mi 2 ရဟတ်ယာဉ် အစီး ၂၀ ကို လက်ခံရရှိပြီးတဲ့ နောက် ရုရှားနိုင်ငံလုပ် Mi 17 ရဟတ်ယာဉ် ၁၃ စီးလဲ ထပ်မံ အားဖြည့် ရောက်ရှိလာပါတော့တယ်..။ 
 Mi-2 အပေါ့စား တိုက်ခိုက်ရေး ရဟတ်ယာဉ်
Mi-17 အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်
၂၀၀၁ ခုနှစ် ယိုးဒယား နယ်စပ်ပြသနာ ဖြစ်ပြီးတဲ့ နောက် အလျှင်အမြန် ထပ်မံ ရောက်ရှိလာတာကတော့  
ခေတ်မီ MiG 29 B ဂျက်တိုက်လေယာဉ် ၁၂ စီး ပဲ ဖြစ်ပြီး ၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ့  ရုရှား ခရီးစဉ်အပြီးမှာ MiG 29 ဂျက်လေယာဉ် အမြောက်အများ ထပ်မံရောက်ရှိလာခဲ့တယ်လို့ လဲ သိရပါတယ်..။
ဆယ်စုနှစ် တစ်စု အတွင်းမှာပဲ မကွေးလေယာဉ်ကွင်း ၊ ကော့သောင်း ၊ မြိတ် ၊ ထားဝယ် နဲ့  မော်လမြိုင်မှာရှိတဲ့  လေယာဉ်ကွင်းတွေကို အဆင့်မြှင့်တင် တိုးချဲ့ တည်ဆောက်မှု များ 
 တောက်လျှောက်ပြုလုပ်ခဲ့ကြတာကို တွေ့ ရပြီး လေယာဉ်တည်ဆောက်ရေး နည်းပညာလဲ စတင် ဖွံဖြိုးလာတာကို တွေ့ ရှိရပါတယ်..။ ပြည်ပ စစ်ဘက် နည်းပညာ သတင်းအရင်းအမြစ်တွေ ရဲ့ အဆိုအရ
၂၀၀၂ ခုနှစ် နဲ့  ၂၀၀၅ ခုနှစ်တွေမှာ တပ်မတော် လေ ဟာ အပေါ့စားလေယာဉ် တစ်စီးစီကို
အောင်မြင်စွာ စမ်းသပ်တပ်ဆင်နိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ STOL CH – 701 အမျိုးအစား
အပေါ့စားလေယာဉ် တစ်စီးကို အောင်မြင်စွာ တပ်ဆင် ပျံသန်းနိုင်ခဲ့တယ်လို့ သိရှိရပါတယ်...။

အခု ကျွန်တော် တင်ပြခဲ့တာတွေဟာ တပ်မတော်ကို လက်နက်တပ်ဆင် အဆင့်မြှင့်တင်မှု    
ပြုလုပ်ခဲ့တာတွေကို အကြမ်းဖျင်း ဖော်ပြထားတာ ဖြစ်ပါတယ် မဟာဗျူဟာ တပ်နေရာချထားမှု အစီအစဉ်တွေကို မဖော်ပြတော့ပေမယ့်  ၁၉၉၀ ခုနှစ်က ၂၀၀၀ ခုနှစ် အတွင်း မှာပဲ တစ်နိုင်ငံလုံးမှာ
တိုက်ခိုက်ရေး ခြေမြန်တပ်မ ၂၅ ခုလောက် အသစ် တိုးချဲ့ ဖွင့်လှစ်ခဲ့ တာကို ထောက်ရင်
တပ်ဖွဲ့ များ နေရာချထားမှု အစီအစဉ်ဟာ အတော်ကို ကြီးမားကျယ်ပြန့် တယ်လို့  ခန့် မှန်း သုံးသပ်နိုင်မှာ ဖြစ်ပါတယ်..။ ၁၉၈၈ ခုနှစ် မတိုင်ခင်က တပ်မတော် ရဲ့  အစွန်အဖျား အကျဆုံး တပ်ရင်းတွေဟာ ၂၀၀၀ ပြည့်နှစ် အရောက်မှာ သူ့ ထက် အစွန်အဖျားကျတဲ့  တပ်ရင်းပေါင်း ၅၀၀ လောက်
အသစ် တည်ဆောက်ထားတဲ့  အောက်မှာ ပျောက်ကွယ်လို့ နေ နေ ပါတယ်..။ပြောရရင်တော့
ဘယ် အစိုးရ အဆက်ဆက်ကမှ ခြေမချနိုင်ခဲ့တဲ့  နယ်စပ်ဒေသ အမည်းရောင်နယ်မြေတွေ အားလုံးမှာ
တပ်မတော် ရဲ့  အခိုင်အမာ တပ်ရင်းတွေ ရာနဲ့ ချီပြီး တည်ဆောက် တပ်စွဲ နေရာယူနှင့်ပြီး ဖြစ်နေပါပြီ...
၂၀၀၀ ပြည့်နှစ် ၀န်းကျင်က စခဲ့တဲ့ ဒီတပ်ရင်းတွေဟာ ၂၀၁၄ ခုနှစ်  ၁၄ နှစ်ကြာပြီးချိန်မှာ
အဲဒီဒေသတွေမှာ အသားကျနေတဲ့  တပ်ရင်းအဟောင်းတွေ ဖြစ်နေပြီလဲ ဖြစ်ပါတယ်...။ 

MiG-29 တိုက်လေယာဉ်များ
ဒီလောက်ဆိုရင်တော့ ၁၉၈၈ ခုနှစ်က တပ်မတော် နဲ့  ၂၀၁၀ ခုနှစ် နောက်ပိုင်း တပ်မတော်ကို
နိုင်းယှဉ်လို့ ရနိုင်ပြီ ဖြစ်ပြီး ၂၂ နှစ်တာ ကာလ အတွင်း တပ်မတော် ကို တကယ် တည်ဆောက်ခဲ့သလားဆိုတဲ့  အဖြေကို ကျွန်တော် ဖြေပြီး ဖြစ်မယ်လို့ ထင်ပါတယ်...။

ဒီနေရာမှာ တစ်ခု မေးစရာရှိတာက ဒါဆိုရင် တပ်မတော် က စစ်သည်တွေ ရဲ့ ချပ်ဝတ်တန်ဆာ ရိက္ခာ
စစ်အသုံးအဆောင်တွေရဲ့ အရည်အသွေးကို ဘာလို့ မမြှင့်တင်ရသလဲဆိုတဲ့ မေးခွန်းတစ်ခုပေါ်လာပါတယ်။
ဒီနေရာမှာ ရှင်းပြစရာ အချက် ၂ ခု ရှိပါတယ် ပထမ တစ်ခုက ဘယ်အရာကို အရင် ဦးစားပေးလုပ်မလဲ ဆိုတာပါ..။ ကျွန်တော် အပေါ်မှာ တင်ပြခဲ့တဲ့  စစ်လက်နက် ပစ္စည်း ၀ယ်ယူဖြည့်တင်း မှုတွေ
စစ်အင်အားတိုးချဲ့ မှုတွေဟာ အရပ်သား အစိုးရ တစ်ခုရဲ့ လက်ထက်မှာ လုံးဝ ခွင့်ပြုနိုင်ဖွယ် မရှိပါဘူး။ ရတဲ့ အချိန်လေး အတွင်း အမြန်ဆုံးဦးစားပေး အကောင်အထည်ဖော် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်..။ တပ် အသစ်တွေ တည်တာလဲ ထိုနည်း လည်းကောင်းပါပဲ ဒီိနေရာမှာ တပ်တည်ထား လူ ၂၀၀ လောက် ပို့ ထား
နောက် ၁၀ နှစ် ဆို အခြေကျသွားလိမ့်မယ် လိုတဲ့  လူအင်အား စစ်ဝတ်တန်ဆာ ရိက္ခာ နောက်ပိုင်း ဖြည်းဖြည်းချင်း အဆင့်မြှင့်တင်လို့ ရတယ်။ အရပ်သား အစိုးရ လက်ထက်
ဒါတွေ လုပ်လို့ မရနိုင်တော့ဘူး အရေးကြီးတာ အရင်လုပ် ဒီ သဘော ဖြစ်ပါတယ်..။ 
 တပ်မတော်ထုတ် စစ်အသုံးအဆောင်များ
နာက်တစ်ချက် ကတော့  လက်ရှိ တပ်မတော် မှာ စစ်သည် ငါးသိန်း ဆိုပါစို့  ရိက္ခာ တစ်ယူနစ်  (ရဲဘော်တစ်ယောက် တစ်ရက်စာ ) ဟာ ငွေ ၅၀၀ ကျတယ် ဆိုပါစို့  တပ်မတော် ရဲ့ တစ်ရက် ကုန်ကျစားရိတ်ဟာ ၅၀၀,၀၀၀ ယူနစ် × ၅၀၀ ကျပ် = ၂၅၀,၀၀၀,၀၀၀ ကျပ် ( သိန်း ၂၅၀၀ ကျပ် )
 ဖြစ်ပါတယ်…။ ရိက္ခာ အရည်အသွေးကို တစ်ရက်ကို ၁၀၀၀ ကျပ် အထိ အဆင့်မြှင့်တင် ပေးရင်
တစ်ရက်ကို သိန်း ၅၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်..။ စစ်ဝတ်တွေလဲ ထိုနည်းလည်းကောင်းပါပဲ
တောစီး စစ်ဖိနပ် တစ်ရံ ရဲ့ သက်တမ်းဟာ ၁၂ လ သတ်မှတ်ထားပါတယ် ၁၂ လပြည့်တိုင်း အသစ် ထပ်မံထုတ်ယူဖို့  လုပ်ရပါတယ်။ တောစီးဖိနပ်တစ်ရံ ရဲ့ တန်ဖိုးဟာ ၃၀၀၀ ကျပ်ရှိတယ် ဆိုကြပါစို့ .။
ဒီဖိနပ်ကို အဆင့်မြှင့်တင်လိုက်လို့  ၅၀၀၀ ကျပ် ကျသင့်လျှင် အင်အား ၅၀၀၀၀၀ × ၅၀၀၀ 
ကျပ် = ၂,၅၀၀,၀၀၀,၀၀၀ကျပ် ( သိန်း ၂၅၀၀၀ ကျပ် ) ဖြစ်ပါတယ်။ ဆိုလိုတာကတော့ တစ်နှစ်ပြည့်တိုင်း
တပ်မတော် တစ်ခုလုံးအတွက် တောစီး ဖိနပ် ဖိုး သိန်း၂၅၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်..။ ကျန်တဲ့  စစ်ဝတ် ပစ္စည်း ၂၂ မျိုးလုံးလဲ သူ့ သက်တမ်း အတိုင်း လဲလှယ်ကုန်ကျသွားမှာ ဖြစ်ပါတယ်။ အဆင့်မြှင့်ပေးပြီးမှတော့ ပြန်လျော့လို့ မရပါဘူး.. တပ်မတော်ကြီး တည်ရှိ နေသရွေ့  တောက်လျှောက် ကုန်ကျနေမှာ ဖြစ်ပါတယ်...။

ဒီပစ္စည်းတွေဟာ နိုင်ငံခြား နည်းပညာ မလို ပြည်ပ ပိတ်ဆို့ မှု ဂရုစိုက်စရာ မလို ဘတ်ဂျက် အင်အားတောင့်တာ နဲ့  ချက်ချင်းထုတ်ပေးလို့ ရတဲ့  ပစ္စည်းတွေ ဖြစ်ပါတယ်..။ ဒါကြောင့် အရင် စစ်အစိုးရ လက်ထက်မှာ စစ်လက်နက်ပစ္စည်း ၀ယ်ယူမှုတွေနဲ့  စစ်အင်အား တိုးချဲ့ ခြင်းကို ဖိဖိစီးစီး ဦးစားပေးလုပ်ခဲ့ပြီး
စစ်သည်တွေ ရဲ့ ချပ်ဝတ် တန်ဆာပလာ ရိက္ခာတွေကို ဦးစားပေး မဆောင်ရွက်ခဲ့တာ ဖြစ်မယ်လို့ 
ယူဆရကြောင်းပါ ခင်ဗျား …။  

နောက်ဆက်တွဲ ။ ။ ၂၀၁၂ ခုနှစ်မှာ တပ်မတော် တစ်ခုလုံးကို အရည်အသွေးမြှင့် စစ်ဖိနပ်များ စတင်လဲလှယ် ထုတ်ပေးခဲ့ပြီး အအေးပိုင်းဒေသ တပ်များအတွက် အရည်အသွေးမြင့် စစ်ဂျာကင်တွေ
စတင် ပြောင်းလဲ ထုတ်ပေးခဲ့ပါတယ်..။ ရိက္ခာယူနစ် မှာလဲ တီးမစ်များ ၊ ဘီယာဘူးများ အာမီရမ် ပုံစံသစ်များ စတင် ပါရှိလာခဲ့ပါတယ်..။ ၂၀၁၅ မတိုင်မီ တပ်မတော် တစ်ခုလုံး ကျည်ကာ နဲ့  ဟဲလမက်များ
လူစေ့ တပ်ဆင်သွားမည်ဟု သိရကာ လက်ရှိ ထုတ်ပေးထားသော ကျည်ကာအင်္ကျီတစ်ထည်၏ တန်ဖိုးမှာ
၂ သိန်းကျပ် တိတိ ဖြစ်ကြောင်း သိရှိရပါတယ်....။ သတင်းကောင်း တစ်ခုကတော့ ပုံစံသစ် Equiment များ
မကြာခင် စတင်ထုတ်လုပ် လဲလှယ် တပ်ဆင်တော့မည်ဟု သိရှိရကြောင်းပါ ခင်ဗျား ..... ။

( သတင်း အချက်အလက်များအား စင်ကာင်္ပူ နိုင်ငံ INSTITUTE OF SOUTHEAST ASIAN STUDIES မှ
ပုံနှိပ်ထုတ်ဝေသည့် Building the Tatmadaw Myanmar Armed forces Since 1948 By MAUNG AUNG MYOE ၏ ကျမ်းပြု စာတမ်း နှင့် ပြည်ပ ကာကွယ်ရေး websites များမှ ရယူပါသည် ....)

16 comments:

  1. အ၀တ်အစား.... အပြင်အဆင် အဟန့် ကောင်းဖို့ အရေးကြီးပါတယ်...။ ကျည်ကာ တွေက .... အနော်ရထာ.. စစ်ရေးလေ့ ကျင့် မှုတုန်း က ကျည် ကာတွေလောက် .. မကြီး တော့ သလိုပဲနော်..။ အင်္ကျီ တွေကို လဲ.. အိပ်တွေအများကြီး နဲ့ လက်မောင်း မှာ.. ကပ်ခွာ တွေနဲ့.. ဟာတွေ.. ကျွန်တော် တို့က ဆင်ပေး စေချင်တာ...။ စစ်သည် တိုင်း ကို... ဆက်သွယ် ရေး စက်တွေ ပေးထား စေချင်တာ လည်း တကယ့် ဆန္ဒ တစ်ခု ပါ..။ ဆက်သွယ် ရေးစက်က ရန်သူ့လက် ရောက်သွား ရင်.. အန္တရာယ်များ တယ် ဆို ပေမယ့်.... ကာကွယ် နိုင်တဲ့ နည်း လမ်း တွေရှိပါတယ်..။ရှေ့ တန်းက မြန်မာစစ်သား တွေအကြမ်း ခံ၊ အငတ် ခံ ပြီး တိုက်နိုင်တာ.. ၊ မာ ကြော တဲ့ အကြောင်း တွေ ကျွန်တော် တို့ အမြဲဂုဏ်ယူ ၀ံ့ ကြွား စွာ ပြောနေကြပေမယ့်....၊ ငပျော ဖက်ကလေး ခင်း ပြီး ထမင်း တပုံ လေးယောက် ဖြစ်သလို စား နေတဲ့ ပုံ လေး တွေကို ... ထိုင်း တို့.. ဘ တို့ စာမျက်နှာ တွေမှာ ဖေါ် ပြပြီး ဟား နေကြတာ ကို ... မကြည့် ရက်တော့ ဘူးဗျာ..။ တာရှည် ခံတဲ့ အစား အသောက် တွေ... စည်သွတ်ဗူး ကောင်း ကောင်း တွေ ဖန် တီး ပေးကြပါဗျာ..။ တာဝန်ရှိသူများ က ... ဒါတွေ ဖြတ်သန်း ခဲ့ ဖူး သူတွေဆို တော့... ကျွန်တော် တို့ဒီက ထိုင် ပြောနေရုံ ဆို တာ ထက်တော့ လုပ်ပေးချင်ကြမှာ ပါ..။ လုပ်ပေးမယ် လို့ယုံ ကြည် ပါတယ်..။

    ReplyDelete
    Replies
    1. ဆောင်းပါး ကအရမ်းကောင်းပါတယ် နားမလည်မသိခဲ့ တာတွေကိုရှင်းရှင်းလင်းလင်းသိခဲ့ ရပါတယ်ကျေးဇူးပါ

      Delete
    2. ကိုfalconရဲ့စေတနာကိုတော့အရမ်းလေးစားသွားပြီဗျာ။တပ်မတော်သားတွေအပေါ်မှာအဲလိုမျိုးစိတ်ထားတတ်တယ့်သူတွေကိုတွေ့ရတာအရမ်းဝမ်းသာပါတယ်။တခါတလေinternet pageတွေမှာတပ်မတော်ကိုအမြင်လွဲနေတယ့်သူတွေရေးထားတာတွေဖတ်ရတာရင်နာတယ်ဗျာ။လုံးဝလဲစိတ်မကောင်းပါဘူး။သူတို့ကိုလက်တွေ့fieldထဲကိုလက်ဆွဲပြီးခေါ်ပြချင်တယ်။ကိုfalconလိုလူတွေတွေ့ရတာတော့လစာထုတ်တာထက်ကိုဝမ်းသာတယ်ဗျာ။

      Delete
    3. ကိုအောင်လံတံခွန်.... ကျွန်တော်က သာ မန်အ ရပ်သား တစ်ယောက်ပါ..။ ကျွန်တော့် စိတ်ရင်း နဲ့ ပြောတာ လေး ကို အသိအမှတ်ပြု ပေးလို့ ကျေး ဇူး တင်ပါတယ်..။ ကျွန်တော် တို့အား လုံး ဟာ... မတူ ညီတဲ့.. ရပ်ဝန်း တွေမှာ ရှင်သန်နေကြပေမယ့် .. နိုင်ငံကို ချစ်တဲ့ နေရာ မှာ တော့...မကွာ ခြား ဘူး လို့ယုံ ကြည်ပါတယ်..။ အခြား လူ တွေပြောနေသလို.. ကျွန်တော် တို့ အား လုံး က တတ်နိုင်တဲ့ တစ်ထောင့် တစ်နေရာက.. နိုင်ငံကို ကာ ကွယ် နေကြတာ မှန်ပေမယ့် စစ်တပ်လောက်.. တော့ တစိုက်မတ်မတ် ကာ ကွယ် နိုင်မယ် မထင်ဘူး။ ကျွန်တော် တို့က မစွန့်နိုင်ဘူး..။ စစ်သား တွေက လည်း အသက်စွန့်၊ ခနွ့ာ စွန့် စွန့် ချင်ကြမှာ မဟုတ်ဘူး....။ အား လုံး မှာ လည်း မိသား စု ကိုယ် စီနဲ့။ ဒါပေမယ့် စစ်သား များ ဟာ... တာဝန်ကို က စွန့်ရတဲ့ တာ ၀န်ဖြစ်နေတယ်..။ မစွန့်ချင်သူ များ အတွက်..၊ မစွန့် သင့် သူ များ အတွက်... သူတို့ စွန့်လွှတ်ပေး နေကြတယ်...။ အဲဒါကို... နားလည်သူ အများကြီး ရှိပါတယ်..။ တပ်မတော် သား များ ဘယ်တော့ မှ စိတ်ဓတ်မကျပါနဲ့...။ သံမဏိလို မာကြော ပြီးသား သူ တွေ ဖြစ်ပေမယ့် လည်း ပြည်သူ့ မေတ္တာ တော့ လိုချင်ကြ မှာ ပဲ လို့ ကျွန်တော် တို့ သဘော ပေါက်ပါတယ်..။ မှန်မှန်ကန်ကန်လုပ်သူ တွေမှာ.... ထောက်ခံအားပေးမှု ဆို တာ ရလာ စမြဲပါပဲ..။

      အတိတ်နဲ့ လက်ရှိ အခြေ အနေကို ကျွန်တော် တို့ခွဲခြား ပြီး မြင်ပါတယ်။ တပ်မတော် နာမည် ထိခိုက်ခဲ့ရခြင်း တွေမှာ လည်း... ဘယ်သူတွေလုပ်ခဲ့ တယ်..၊ ဘယ်သူ တွေ မလုပ်ခဲ့ ဘူး ဆို တာ.. ကျွန်တော် တို့ ကွဲပြား ပြီး သိတယ်..။ ကျွန်တော် စစ်တပ်ရဲ့ လော် ဘီမဟုတ်ဘူး....။ ဒါပေမယ့် စစ်တပ်ဟာ... အမျိုး ဘာသာ သာသနာ ကို အမှန်တကယ် ကာကွယ် မယ့် အဖွဲ့အစည်း ဖြစ်တယ် လို့ မြင်နေရတာ မို့... စစ်တပ်အပြင် အခြား အတူ တူ ရပ်တည် ပေးရမယ့်... အဖွဲ့ အစည်းကို မမြင် မိဘူး။

      တကယ့် စစ်သည်တော် တွေဆို... အသက် ဆယ် ချောင်း ရှိလည်း .. အဒီ ဆယ် ချောင်း လုံး ကို စစ်မြေပြင်မှာ ပဲ သုံး ပစ်လိုက်ချင် ကြမယ် ဆို တာ သေချာတယ်..။ ကျည်ကာ တွေဟာ... အဲလို မျိုး အသက်ဆက်စေနိုင်တဲ့ အဖိုး တန် အကာ အကွယ်တွေပါ..။ တန်းဖိုး ရှိလှတဲ့ သူတို့ရဲ့ မျိုး ချစ်စိတ်၊ တိုက်ရည် ခိုက်ရည်၊ နှစ်ရှည် လများ လေ့ ကျင့် ထား တဲ့ တတ်မြောက်မှု ..၊ နိုင်ငံကို ကာ ကွယ် ချင် စိတ်... အဲဒါတွေကို ရန်သူရဲ့ ကျည် တစ်တောင့် နဲ့ အလဲအထပ်မလုပ်နိုင်ဘူး...။

      ကျည် ကာ တပ်ဆင် ပေးလိုက်ရင်... စစ်သည် တွေ.. တိုက်ခိုက်ရည် တက်လာ မယ်..။ တက်ရဲ..၊ ပစ်ရဲ... ချိန်ရဲ လာ မယ်..။ ဒါတွေကလည်း အားသာ မှု ပါပဲ။ ဒီမှာ ရှိနေတဲ့ တပ်မတော် သား များ အား လုံး ဟာ... ဒါတွေကို ကျွန်တော် တို့ထက်တော့ အများ ကြီး သိတဲ့ သူ တွေချည်းပါပဲ..။

      ဒီလို မျိုး ကိုယ် တိုင်က လည်း မလုပ်နိုင် ချိန်မှာ လုပ်နိုင်သူ၊ လုပ်နေကြသူများ ကို ကျွန်တော် က တော့ ခြွင်း ချက်မရှိ လို လား ထောက်ခံတယ်..။

      တပ်မတော်သား များ ဖေ့စ် စဘုတ် မသုံး ရဘာညာ လုပ်ထား တဲ့ အမိန့်ကြီး ရှိပေမယ့် ကျွန်တော် က တော့ များ များသုံး ပြီး ပြည် သူနဲ့ထိတွေ့စေ ချင်တယ်..။ တရင်း တနှီး နေကြပါဗျာ..။ ဒါ မှ အမှန်သိလာ ကြမှာ ပါ..။ လျို့ဝှက် အပ်တဲ့ အရာ တွေကို တင်နေတာက လွဲရင်ပေါ့လေ......။ ဒါက တော့ ဆရာ တို့ပို သိပါတယ်လေ....။

      ပြည်သူ နဲ့ လက်တွဲ ပြီး ပြည် သူ့ယုံ ကြည် မှု ကို လုံး လုံး လျား လျား ရယူ ပြနိုင်ကြပါစေဗျာ....။

      Delete
    4. ဘာပြောရမှန်းတောင်မသိတော့ပါဘူးဗျာ။ကိုFalconပြောတာတွေအရမ်းမှန်တာပဲ။တကယ့်ကိုကျေးဇူးတင်ပါတယ်။
      တစ်ခုမေးစရာရှိတယ်။ကျွန်တော်ဖေစ့်ဘွတ်မသုံးပါဘူး။လျှို့ဝှက်အပ်ရာတွေတင်တာကလွဲလို့ဆိုတာ ဘာကိုပြောတာလဲခင်ဗျာ။ကျွန်တော်တကယ်မသိလို့မေးတာပါ။

      Delete
    5. ဆောရီး ကို အောင်လံတံခွန်..... ကျွန်တော် အပြောလော သွား လို့ပါ။ တင်နေကြတယ် လို့ဆို လို တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖေ့ ဘုတ်ပေါ်မှာ တပ်မတော် သား တွေအများကြီး ရှိတယ်..။ အရာရှိတွေလည်း ရှိတယ်..။ တချို့က တော့ တာဝန်အရသုံး နေကြပုံ ပါပဲ..။ အဲ ... ဘတို့ ယ တို့ က ကောင်တွေလည်း ရှိနိုင်တာ ပဲ....။ မတော်တဆ .... အချင်းချင်း tag လုပ်ကြ Share လုပ်ကြ၊ ၀င်ပြောကြ ရင်း နဲ့ စောင့် ကြည့် နေသူက ပုံ ဖေါ် မှန်း ဆနိုင်သွား မှာ စိုး လို့ပါ..။ ပါကစ္စတန် ဒဖန့်စ် ဖိုရမ်မှာ ဆို မြန်မာ အကြောင်း ခေါင်းစဉ်တပ်ပြီး ခဏခဏ ဆွေး နွေး နေကြတယ်။ သူတို့သုံး ထား တဲ့ ဓတ်ပုံ တွေက .... ဒီက တင်တဲ့ ပုံ တွေ လည်း ပါတယ်..။ ဒီက မပြောထား တဲ့ အကြောင်း တွေလည်း ပါတယ်..။ ဥပမာ... အမြန်သွား တိုက်ခိုက်ရေး ကိုယ်ပျောက် ရေယာဉ် ၄၉၁ ကို ပဲကျွန်တော် တို့သိရတယ်..။ သူတို့ပြောနေတဲ့ အထဲမှာ ၄၉၂ အကြောင်း တွေပါနေတယ်..။ ကျွန်တော် ပြောနေတာ တွေက ... ဆရာတို့သိပြီးသား တွေဖြစ်မှာပါ..။ ကျွန်တော် စိုး ရိမ်မိတာ လေး ကို မဖြစ်ညစ်ကျယ် ညာဏ်လေး နဲ့ ပြောကြည့် တာပါ... ။ လ၀ တွေ ကို ၀ါးတားတား မြင်သွားမှာ စိုး လို့ပါ.....။

      Delete
  2. ပိုစ့်အသစ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....ကိုရဲမိုးတောင် လိုင်းမှာ မတွေ့တာ တော်တော်ကြာပြီ...ပျောက်နေတယ်ထင်တယ်

    ReplyDelete
  3. ကျည်ကာတွေက ပါးသွားတာတော့အမှန်ပဲ.....ကျည်တော့ တကယ်ကာနိုင်ပါစေဗျာ

    ReplyDelete
  4. ဆက်သွယ်ရေးနှင့် ပတ်သက်ပြီးရော ပြောင်းလဲရဲ့လား.. အမေရိကန်က Real Time ကို Video ကြည့်ပြီး ခန့်ခွဲပြီး တိုက်နေပြီ။

    ReplyDelete
    Replies
    1. Real Time အထိတော့ ကျနော်တို့ မရသေးဘူးလို့ထင်ပါတယ်...။ ဆက်သွယ်ရေးကတော့ အရင်ထက် အဆများစွာ ခေတ်မှီလာပါပြီ အနော်ရထာ စစ်ရေးလေ့ကျင့်ခန်းမှာ သုံးသွားတဲ့ ဆက်သွယ်ရေးစက်အတော်များများက ပြည်တွင်းထုတ်တွေပါ..။ စိတ်ချရတဲ့အဆင့်မှာရှိပါတယ်..။

      Delete
  5. ၂၀၀၆ခုနှစ်မှာSTOL. CH. -701ကိုထုတ်လုပ်နိင်ပြီလိုပြောတယ်
    ဓါတ်ပုံရှိရင်တင်ပေးစေခြင်ပါတယ်
    ဂုဏ်ယူခြင်လိုပါ

    ReplyDelete
  6. အပိုင်း ၃ရှိဦးမလား မသိဘူးဗျာ။ကျွန်တော်တို့ကိုယ်တိုင်ကိုမသိတယ့် သတိမထားမိလိုက်တယ့်dataတွေအတွက်အရမ်းကျေးဇူးတင်ပါတယ်

    ReplyDelete
    Replies
    1. အပိုင်း(၂)အထိပဲ အစ်ကိုရေ... နောက်ပိုင်းအင်အားဖြည့်တာတွေက လဝတွေပါလာပြီဗျ :D

      Delete
    2. Little Boy,

      You clearly expressed your references are from Maung Aung Myoe’s book and the foreign defense websites, it means that MDW is not the official website of Myanmar armed forces and your presented figures are not the official figures. But why you and some comment makers worried about secrets!!!!

      Because you are just copying and translating the data from many open websites.

      Discussion is another matter.

      There should be consistent in any kind of presentation.

      Delete
  7. တစ်ကယ် တန်ဖိုးရှိတယ်ဗျာ ချပ်ဝတ်တန်ဆာ ဘာလို့မဆင်ရလဲဆိုတဲ့အမြင်ကကျွန်တော်မှာရှိနေတာ အခုမှပဲ သြော်ဒီလိုတော့လဲဟုတ်သားပဲ ဆိုပီးသဘောပေါက်သွားတယ် အားပေးတယ်ဗျာ ဂုဏ်ယူချင်တယ် မြန်မာ့တပ်မတော်နဲ့ပါတ်သက်လာရင် တင်လို့ရသမျှ ပြောလို့ရသမျှ တင်ပါ ပြောပြပါဗျာ

    ReplyDelete
  8. ဖေ့ဘုတ်ပေါ်မှာ အားတိုင်းယားတိုင်းတက်ရေးနေသည့် ဖေ့ဘုတ်အမည် ရဲမိုး (Ye Moe) သည် စစ်တက္ကသိုလ် အပတ်စဉ် (၄၁) ဆင်းဖြစ်သည်။ စစ်တက္ကသိုလ် အပတ်စဉ် (၄၁)ဟာ ၁၉၉၆ ခုနှစ်၊ မေလ(၂၇)ရက်နေ့မှာ စတင်ဖွင့်လှစ်ပြီး ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ(၆)ရက်နေ့မှာ ဗိုလ်လောင်း(၇၇၇) ယောက် ကျောင်းဆင်းခဲ့သည်။ ရဲမိုးသည် ထိုထဲမှ တစ်ယောက်ဖြစ်ခဲ့ပြီး ၂၀၀၄ ခုနှစ် တပ်မတော်ထောက်လှမ်းရေးတွေကို ဖြုတ်ထုတ်သတ်စဉ်မှာ အနားပေးခံခဲ့ရသည်။ အကြမ်းဖျင်းအနေနဲ့ ပြောရသော် စစ်တက္ကသိုလ်တက်စဉ် (၄) နှစ်၊ တာဝန်ထမ်းဆောင်စဉ်(၄) နှစ်သာ ရှိသော အတွေ့အကြုံနုနယ်သော တပ်မတော်အရာရှိတစ်ဦးသာဖြစ်ခဲ့ပြီး တပ်မတော်တွင် အဆင့်မြင့်တာဝန်ထမ်းခဲ့ဖူးသူမဟုတ်ပေ။ ထို့နည်းတူ စစ်တက္ကသိုလ် အပတ်စဉ်(၂၉) ဆင်း ကြည်း ၂၀၇၆၅ ဗိုလ်ကြီးမောင်မောင်အောင် (ဖေ့ဘုတ်အမည် ယောင်နီဦး) သည်လည်း ၁-၄-၁၉၈၈ ခုနှစ်တွင် ကျောင်းဆင်ပြီးနောက် ၁၉၉၅ တွက် ဆေးအဆင့်ကျသဖြင့် အရပ်ဖက်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသည်။အကျဉ်းချုပ်ပြောရသော် ထိုသူတို့သည် တပ်မတော်တွင် လက်ချိုးရေတွက်နိုင်သော နှစ်ကာလအနည်းငယ် ခေတ္တခဏသာတာဝန်ထမ်းခဲ့ဖူးသူများဖြစ်သည်။ ထိုသူများ၏ စိတ်ဆန္ဒအလျောက် ပေါက်တတ်ကရပြောမှုများသည် စစ်တက္ကသိုလ်နှင့်သော်၎င်း၊ တပ်မတော်နှင့်သော်၎င်း မသက်ဆိုင်ပါဟု မိတ်ဆွေ တပ်မတော်အရာရှိအချို့မှ မက်ဆေ့ပို့လာပါသည်။

    ReplyDelete