Monday, June 2, 2014

CN-235-Gunship လေယာဉ်





၂၀၀၅ခုနှစ် နောက်ပိုင်းတွင် မြန်မာ့လေတပ်၏ တစ်စင်းထဲသော ပင်လယ်ပြင်ကင်းထောက်လေယာဉ် F-227 ကို အနားပေးခဲ့ပြီးနောက် အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသော BN-2 Islander လေယာဉ်ငယ်များဖြင့် ပင်လယ်ပြင် လုံခြုံရေးကို ဆောင်ရွက်လျက်ရှိသည်။ 

ကာကွယ်ရေးဦးစီချုပ် Indonesian Aerospace PT Dirgantara သို့ ခရီးစဉ်
သို့သော် လေယာဉ်ငယ်များ ဖြစ်သည့်အတွက် လေထဲတွင် ကြာရှည်စွာ မနေနိုင်ခြင်း၊ ထောက်လှမ်းနိုင်မှုအကွာအဝေး နဲပါးခြင်း၊ ခေတ်မီပစ္စည်းကိရိယာများ တပ်ဆင်နိုင်ရန် လိုအပ်ခြင်းကြောင့် တပ်မတော်၏ အဆင့်မြင့်တင်ခြင်း အခန်းဂဏ္ဍအတွက် လေယာဉ် အမျိုးအစားသစ်များ ဖြည့်တင်းနိုင်ရန် ကြိုးစားခဲ့ကြရသည်။ လေတပ်အတွက် အဆင့်မြင့် ဝေဟင်ထောက်လှမ်းရေးနှင့် အမိန့်ပေးကွပ်ကဲ လေယာဉ် (AEW&C) လေယာဉ်အမျိုးအစားနှင့် ပင်လယ်ပြင် ကင်းလှည့်နှင့် ရေငုပ်သင်္ဘော ရှာဖွေရေး (ASW&MPA) လေယာဉ် အမျိုးအစားများ အတွက် အင်ဒိုနီးရှားနိုင်ငံ၏ လေယာဉ်ထုတ်လုပ်ရေး ကုမ္ဗနီ Indonesian Aerospace PT Dirgantara နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ပင်လယ်ပြင်ကင်းထောက် အတွက် CN-235 (MPA) အမျိုးအစား ၂စင်း၊ CN-295 AEW&C တစ်စင်း၊ အရေးကြီးပုဂ္ဂိုလ်သယ်ယူ ပို့ဆောင်ရေး အတွက် CN-295W တစ်စင်းတို့ ဝယ်ယူရန် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ 
CN-295-AEW&C
 CN-235-220(MPA) အမျိုးအစားများသည် လက်နှက်ချိတ်ဆွဲရန် နေရာ ၆ခုအထိပါဝင်ပြီး သင်္ဘောဖျက်ဒုံးအငယ်စားများနှင့် အပေါ့စားတော်ပီတိုများ သယ်ဆောင်ပစ်ခတ်နိုင်သည်။ ထို့အပြင် အနောက်နိုင်ငံ နည်းပညာများ ဖြစ်သည့်အတွက် အီလက်ထောနစ်စနစ်များနှင့် လေယာဉ်ကိုယ်ထည်(သက်တမ်း) များသည် အားရစရာဖြစ်ပြီး ပင်လယ်ပြင်ကင်းထောက်သာမက ရှာဖွေကယ်ဆယ်ရေးများကိုပါ တပါတည်း ပူးတွဲ တာဝန်ထမ်းဆောင်နိုင်သည့် လေယာဉ်များဖြစ်ကြသည်။ 
CN-295 MPA with antiship missile

သို့သော် ပိတ်ဆို့များ သက်တမ်းတိုးခဲ့ပြီးသည့်နောက်တွင် မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံနှင့် ချိတ်ဆက်ကာ ဝယ်ယူမည့် အဆိုပါလေယာဉ်များအပေါ် ဖိအားများ ရောက်ရှိလာခဲ့သည်။ အင်ဒိုနီးယားနိုင်ငံ လေယာဉ်ထုတ်လုပ်ရေး ကုမ္ဗနီသည် စပိန်အခြေစိုက် CASA (Construcciones Aeronáuticas SA) ကုမ္ဗနီဖြင့် ပူးတွဲလုပ်ဆောင်တာဖြစ်ပြီး CASA ကုမ္ဗနီသည် Airbus ကုမ္ဗနီလက်အောက်သို့ ၂၀၀၉ခုနှစ်တွင် ရောက်ရှိခဲ့သည်။ Airbus ကုမ္ဗနီသည် သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ စစ်သုံးရဟတ်ယာဉ်များ ထုတ်လုပ်ရာတွင် နာမည်ကျော်ကြားပြီး ယူယိုကော်ပတာ အမျိုးအစား ရဟတ်ယာဉ်များဖြင့် လူသိများထင်ရှားသည်။ ပုံမှန်အားဖြင့် ဆိုလျင် ထိုကုမ္ဗနီသည် မြန်မာ-တရုတ် စသည့်နိုင်ငံများနှင့် ပုံမှန်ဆက်ဆံရေးရှိခဲ့သော်လည်း ထူးခြားစွာဖြင့် မြန်မာမှ ဝယ်ယူမည့် ပင်လယ်ပြင်ကင်းထောက်နှင့် AEW&C လေယာဉ်များအပေါ်တွင် နည်းပညာများ လွှဲပြောင်းပေးရန် ငြင်းဆိုလာခဲ့သည်။ 
မြန်မာ့တပ်မတော်သုံး ယူရိုက်ာပတာ
အကျေအလည် ညှိနိုင်းမှုများဖြင့် မအောင်မမြင် ဖြစ်ခဲ့ကြပြီးနောက်တွင် စာချုပ်များ ဖျက်သိမ်းရန် စီစဉ်ခဲ့ကြပြီး အင်ဒိုနီးရှားနိုင်င PT Dirgantara မှ ထုတ်လုပ်ထားပြီး ဖြစ်သည့် CN-235 လေယာဉ်၂စင်းအပေါ် ကမ်းလှမ်းမှု ထပ်မံပြုလုပ်လာခဲ့သည်။ သို့သော် Airbus ကုမ္ဗနီမှ ငြင်းဆိုမှုကြောင့် ရေကြောင်းကင်းထောက်ဆိုင်ရာ နည်းပညာများ တပ်ဆင်ပေးနိုင်တော့မည်မဟုတ်ပဲ VIP ခရီးစဉ်သုံး CN-295 တစ်စင်းနှင့် သယ်ယူပို့ဆောင်ရေး သုံး CN-235 ၂စင်းသာ ဝယ်ယူနိုင်မည်ဖြစ်သည်။ ထိုမူလက အဆင့်မြင့် နည်းပညာများ တပ်ဆင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သော CN-235 ၂စင်းအတွက် သယ်ယူပို့ဆောင်ရေး မဟုတ်ပဲ အခြားအသုံးဝင်သော စိတ်ဝင်စားဖွယ် ကမ်းလှမ်းလာမှုသည် Gunship အမျိုးအစားအဖြစ် အသွင်ပြောင်းရန်ဖြစ်သည်။
CN-235 gunship

 PT Dirgantara ကုမ္ဗနီမှ သာမာန်သယ်ယူပို့ဆောင်ရေး လေယာဉ်အဖြစ် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး အင်ဒိုနီရှားနိုင်ငံ လေတပ်မတော် အလုပ်ရုံများမှ Gunship အဖြစ်သို့ အသွင်ပြောင်းမည့် လိုအပ်သော ပစ္စည်းကိရိယာများ တပ်ဆင်ပေးရန်ဖြစ်သည်။
ဂျော်ဒန်နိုင်ငံ၏ CN-235 gunship တွင် ၂၀မမ အမြောက်တပ်ဆင်ထားပုံ
CN-235 Gunship စနစ်ကို လတ်တလော အနေဖြင့် ဂျော်ဒန်နိုင်ငံအတွက် CASA မှ တည်ဆောက်ပေးနေပြီး အင်ဒိုနီးရှားလေတပ်အတွက်လဲ ၂၀မမ စက်အမြောက် ၂လက်ဖြင့် စမ်းသပ်အောင်မြင်ထားသော စနစ်ဖြစ်သည်။ သို့သော် ဆက်လက်စမ်းသပ်မှုများ ပြုလုပ်နေပြီး အင်ဒိုနီးရှားလေတပ်မှ ၂၀မမ စက်အမြောက်နှင့် ၅၀မမ အမြောက်တစ်လက်တပ်ဆင်နိုင်ရန် ဆောင်ရွက်နေဆဲ လုပ်ငန်းများရှိနေသည်။ 
အင်ဒို၏ ၂၀မမ ဆုံလည်အမြောက်တပ် Gunship
 Gunship အဖြစ် အသွင်ပြောင်းနိုင်ရန် လေယာဉ်ကိုယ်ထည် တည်ဆောက်ပုံသည် အဆင့်မြင့် အီလက်ထောနစ်စနစ်များ ထည့်သွင်းနိုင်ရန် လိုအပ်သည်။ မူလက MPA အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့ပြီး ဖြစ်၍ အဆင်သင့်နေသည့် အခြေအနေဖြစ်သည်။ နေ့ညမရွေး စောင့်ကြည့်နိုင်သော အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်များ၊ ကင်မရာများ၊ GPS များ၊ ရေဒါများ၊ လေဆာလမ်းညွှန်အသုံးပြု ချိန်ဆိုဒ်များနှင့် လက်နှက်ထိမ်းချုပ်စနစ်များ ပါဝင်တပ်ဆင်ရသည်။ ဂျော်ဒန်နိုင်ငံအတွက် အပေါ့အစား မြေပြင်ပစ်ကူပေး လေယာဉ်အဖြစ် သတ်မှတ်ပြီး ၂၀မမ/၃၀မမ စက်အမြောက် တစ်လက်(သို့) ၂လက်၊ Hellfire ဒုံးကျည်များ သယ်ဆောင်ပစ်ခတ်နိုင်ရန် စီစဉ်ထားရှိသည်။ 
ထုတ်လုပ်မည့် Gunship ပုံစံ
 အင်ဒိုနီးရှားလေတပ်မှ ၂၀မမ ဆုံလည်စက်အမြောက် ၂လက်ဖြင့် စမ်းသပ်အောင်မြင်ထားပြီး ထုတ်လုပ်ဆဲ အမျိုးအစားများတွင် ၂၀မမ စက်အမြောက် ၁လက်၊ ၅၀မမ စက်အမြောက် တစ်လက် တပ်ဆင်သည်။ မြန်မာ့အတွက်မူ ၄၀မမ စက်အမြောက်တစ်လက်နှင့် ၃၀မမ စက်အမြောက် ၁လက် တပ်ဆင်နိုင်ရန် ယာထားဆောင်ရွက်သည်။
Gunship များသည် ဒုတိယကမ္ဘာစစ်က ဗုံးကျဲလေယာဉ်ကြီးများတွင် ရန်သူ့တိုက်လေယာဉ်များရန်က ကာကွယ်ရန် စက်သေနှတ်များတပ်ဆင်ရာမှ အစပြုကာ ပင်လယ်ပြင် သင်္ဘောဖျက်ရန်အတွက် အမြောက်လက်နှက်များ တပ်ဆင်ခဲ့ရာမှ စတင်ပေါ်ပေါက်ခဲ့သည်။ 

အမေရိကန် ဗီယက်နမ်စစ်ပွဲများအတွင်း AC-47, AC119 သယ်ပို့လေယာဉ်များကို ၇.၆၂နှင့် ဒဿမ၅ စက်သေနှတ်များ၊၂၀မမ စက်အမြောက်များ တပ်ဆင်ကာ မြေပြင်အနီးကပ်ပစ်ကူပေးခဲ့ကြသည်။ ထို့နောက် ယခုတိုင်အောင် လူသိများ ထင်ရှားသော AC-130 ဟာကျူလီလေယာဉ်ကြီးများတွင် တပ်ဆင်ကာ ခေတ်သစ်စစ်ပွဲများတွင် ကြောက်စရာ အကောင်းဆုံး မြေပြင်ပစ်ကူပေး လက်နှက်အဖြစ် အသုံးပြုကြသည်။ အမေရိကန်က အသုံးပြုသော AC-130 Gunship များသည် ညအချိန်ပိုမိုအသုံးပြုကြပြီး ၇.၆၂မမ ၊၂၀မမ၊ ၂၅မမ၊ ၃၀မမ စက်အမြောက်ငယ်များသာမက ၄၀မမ ဘော်ဖါ အော်တိုအမြောက်ငယ်များနှင့် ၁၀၅မမ အမြောက်ကြီးများအထိ သယ်ဆောင်ပစ်ခတ်နိုင်သည်။ သို့သော် ထို Gunship များသည အဆင့်မြင့် ဒုံးပျံကာကွယ်ရေး စနစ်များ တပ်ဆင်ထားသော်လည်း ကြီးမားလေးလံပြီး လှုပ်ရှားမှု အားနဲသောကြောင့် ရန်သူ့လေကြောင်းစစ်ဆင်နိုင်မှုကို အဆုံးသတ်ပြီးမှသာ အသုံးပြုနိုင်သော(သို့) လေတပ်မရှိသော လေကြောင်းရန်ကာကွယ်မှု အားနည်းသော ရန်သူပစ်မှတ်များကိုသာ ချေမှုန်းရန် သင့်တော်သည့် စနစ်များဖြစ်ကြသည်။

 သို့သော် ထို Gunship များဖြင့် ရင်ဆိုင်ရသော မြေပြင်ရန်သူများ အနေဖြင့်တော့ ပြေးရန် ပုန်းရန် ဘယ်လိုမှ မလွတ်နိုင်သော ကြောက်မက်ဖွယ်ရာ ကောင်းသည့် စနစ်တစ်ခု အဖြစ် ယခုတိုင်အောင် ခေတ်မီတပ်မတော်များတွင် အသုံးပြုနေကြသော စနစ်တစ်ခုလဲ ဖြစ်ပါသည်။ ကျန်းမာချမ်းသာကြပါစေ။  

9 comments:

  1. ဒါဆို အကိုရေ............ရိုးရိုးသယ်ယူပို့ဆောင်ရေးယာဉ်ပဲ ရတော့မှာပေါ့..........တော်ပီဒိုတွေ ဘာတွေချိတ်လို့မရတော့ဘူး......ဂမ်းတမျိုးပဲရမှာ လား....

    ReplyDelete
  2. မဝယ်သင့်ဘူးရုရှကကင်းထောက်လေယာဉ်ဘဲဝယ်သငိ့တယ်။

    ReplyDelete
  3. ဂျန် န ရာလ် ဂိမ်း ထဲမှာ အမေရိကန် တပ် ယူရင်၊ ပြီးတော့ promotion ဖြစ် ရင် အဲဒီလေယာဉ်ကိုရတယ်...။ ၂ ပတ် ၃ ပတ်လာက် လှည့် ပတ်ပစ်ရသေးတယ်... ရန်သူ စတင်ဂျာ ဆိုဒ်က ထု တဲ့ Javelin တွေထိ ပြီး Unit lost ဖြစ်သွား ရော........။ထိုးစစ်ဆင် ဖို့က အန္တရာယ်များ တဲ့ စွန်းစား မှုမျိုး ပဲ..... ။ အစ်ဂလာ တွေနဲ့တောင် မစ်ဇိုင်းး လော့ခ် လုပ်ခံရနိုင်ချေရှိတယ်ဟုတ်.....။ အသုံးကျပေမယ့် ကန့်သတ် စစ်ဆင်နိုင်တာမို့....စဉ်းစား ပြီးမှ ယူ ပါဗျာ...။ မရဘူး ၊ မှာထား ပြီးသား မို့ယူရတော့မယ်ဆို လည်း ရန်သူ ကို ခြိမ်းခြောက်နိုင်တာ ပေါ့ဗျာ....။ ဒါနဲ့ ဆရာ တို့ရေ.... မြန်မာ မှာ လေ.... အေ၀က် လို့ခေါ် မလား ဟို လေယာဉ်ပေါ် စကော လို အ၀ိုင်း ကြီးတင်ပြီး ရန်သူ ကို မိုင် များစွာ က ကြိုမြင် နိုင်တဲ့ ကွပ်ကဲထိန်း ချုပ်ရေး လေ ယာဉ် ဘာ လို့မ၀ယ်တာ လဲဗျ....။ အဲဒါက ..ဈေးအရမ်းကြီးလို့လား........

    ReplyDelete
    Replies
    1. သြော်...... CN 295 ဆို တာ က အဲဒါမျိုးကြီးပါလား...... ။ သဘောပေါက်ပါပြီ...။

      Delete
  4. Gun Shipဆိုတာကောင်းပါတယ်ညဘက်တိုက်ပွဲတွေဆိုကောင်းကောင်းနွာလို့ရတယ်ဒီကောင်တွေကိုflaresတပ်ပေးထားလိုက်ရင်ဒုံးရန်ကိုအတိုင်းအတာတစ်ခုအထိကာကွယ်နိုင်မှာပါ နောက်ပိုင်းပိတ်ဆို့မှုတွေပြီးသွားရင်အမေရိကန်ဆီကAC-130 Herculesတွေဝယ်သင့်တယ်ဘင်္ဂလားဒေ့ရှ်မှာတောင်ရှိသေးတယ် မြန်မာ့လေတပ်ကိုခေတ်မှီတယ့်လေတပ်တစ်ခုဖြစ်စေချင်ပါတယ်နိုင်ငံသားတစ်ယောက်အနေနဲ့ပါ

    ReplyDelete
    Replies
    1. IL-76 Candid is much better than C-130 and more suitable for Burma. C-130 is a tactical transport aircraft designed for Forward Base Transport and it can carry 20 ton. IL-76 is primarily designed for Strategic Airlift for long range with heavy payload, but because of its heavily strong airframe, it can also be used for tactical role.

      Burma should possess at least 6 Candid for rapid deployment of its fighting units in case of a war with fucking rubbish Bangladesh.

      I think MAF will need several dozens of MI-17 V5 for front line transport of troops, ammunition, and many other logistics demands.

      Delete
  5. Burma should buy Russian Beriev A-50 Mainstay for its AEW&C and should incorporate this aircraft with Israeli ELTA/ELIM radar and electronic surveillance and warfare suits , it shoud not waste the budget by buying fucking gunships in such a awkward and useless alternative proposition.

    I would like to suggest the Burma stupid leaders not to waste the country's Defense Budget.

    MAF already have MIL MI-35 gunships, four G-4 Super Galeb, and many karakoram training/light attack aircraft for Close Air Support. It would be quite enough for a some possible critical situation with Bangladesh.

    Narrow minded Burma military too emphasized the tactical role of Air Force, only on CAS but stupidly ignore the strategic air dominance, like German luftwaffe in the WWII.

    Complete Air dominance over the our own sky and Air superiority in any kind of engagement is the most critical in the potential war with fucking Bengalis and to counter the sucker Thais. Burma seriously needs the strategic deep air strike into enemy's territory.

    Buy the way, trying to buy the chinese rubbish snow leopard JH-7 with some minor quantities is the worst kind of wasting money.

    Armament should not dedicated the present, should not be backwarded, look and see the future and the possible counter-armament programs of potential enemies.

    Burma should try to buy the 4++ generation incorporated with 5th gen character, Sukhoi Su-35BM
    super flankers for at least 3 squadron. One squadron for dedicated air superiority, one for SEAD role, one for strategic deep air strike.

    Not only in military terms, but also in politics, the highly efficient and advanced Air Fore is the strategic great assets implementing the national security in international politics.

    If we can construct such a strong strategic formation, some stupid and arrogant MUSLIM suckers like Indonesia never dare to intervene Burma's matter in dealing with bastard rohingyas and Bengali dogs.

    Moltke the Strategist

    ReplyDelete
    Replies
    1. Great analysis...though straitforward and blunt...but I agreed with you in many.
      WWII and Gulf war proved air superiority is key to sucess in ground warfare. SADDAM's large ground forces were beaten badly by aerial attack long before US and coalition ground forces enter Iraq. That war makes stratigic planners in China change their tactic from reliance on quantity (massive army) ground forces to more solid and technically advanced quality fighting forces with smarter Navy and Air forces...but China is still far from Russian or western technology advantages.

      Delete
  6. Don't forget to buy at least three batteries of SA-21 Growler, five to ten batteries of Vityez AD system and Pantsir S-1. Militarily, except American, no one will dare to touch Burma.

    ReplyDelete