Wednesday, June 25, 2014

KS-1 မြေပြင်မှဝေဟင်ပစ်ဒုံးလက်နက်စနစ်


KS-1 လက်နက်စနစ်သည် ရာသီမရွေးအသုံးပြုနိုင်သော Medium Range လေကြောင်းရန်ကာကွယ်ရေး လက်နက်စနစ်ဖြစ်ပါသည်။ KS-1 မြေပြင်မှဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်စနစ် (Surface-to-Air Missile Weapon System - SAMWS) သည် အဓိကအားဖြင့် စစ်မြေပြင်(သို့) အရေးကြီးနေရာများအတွက် ဘက်စုံသုံးတိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ ကင်းထောက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ၊
 ဝေဟင်မှမြေပြင်ပစ် ဒုံးများ၊ ခရုစ်ဒုံးပျံများအခြား တိကျထိရောက်သော လက်နက်များကဲ့သို့သော စွမ်းဆောင်ရည်မြှင့်လက်နက်များ၏ရန်မှ ကာကွယ်ရန်ဖြစ်သည်။ ၎င်းစနစ်သည်
 လေကြောင်းရန်ကာကွယ်ရေး ရည်မှန်းချက် နေရာများအား လွတ်လပ်စွာကာကွယ်နိုင်ရုံမက အခြားသော လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့်လည်း စစ်ဆင်ရေးပူးပေါင်းဆောင်ရွှက်နိုင်ပါသည်။

KS-1 မြေပြင်မှဝေဟင်ပစ်ဒုံးလက်နက်စနစ်

KS-1 မြေပြင်မှဝေဟင်ပစ်ဒုံးလက်နက်စနစ်တွင် ဒုံးထိန်းကျောင်းမှုယာဉ် (ရေဒါယာဉ်၊ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုယာဉ်) ၊ ဒုံးပစ်ယာဉ်၊ ဓါတ်အားပေးစက်ယာဉ်နှင့် လှိုင်းနှုန်းပြောင်းလဲပေးသောယာဉ်များ ပါဝင်သည်။

KS-1 ဒုံးပျံ


KS-1 ဒုံးအား ရိုးရှင်းသော သီးသန့်ပုံစံ၊ စွမ်းအားမြှင့် အစိုင်အခဲသုံး ပေါက်ကွဲမှုတစ်ခုတည်းပါဝင်သော တွန်းအားပေးအပိုင်း၊ တည်ငြိမ်စွာ တိုင်းတာထိန်းချုပ်နိုင်သော စနစ်နှင့် ကွန်ပျူတာထိန်းချုပ်မှု ကိရိယာများ တပ်ဆင်ထားပါသည်။ ဒုံးပျံသန်းခြင်းနှင့် ပစ်မှတ်အားကြားဖြတ်တိုက်ခိုက်ခြင်းနှစ်ခုစလုံးကိုလည်း အမိန့်ပေးထိန်းချုပ်နိုင်ပါသည်။ 
 
KS-1 ဒုံးပစ်ခတ်ရေးယာဉ်


ဒုံးပစ်ခတ်ရေးယာဉ်သည် လုပ်ငန်းအရည်အသွေး စစ်ဆေးခြင်း၊ စက်စတင်လည်ပတ်ခြင်း၊ ဒုံးအား အန္တာရယ်ကင်းစွာ ပစ်ခတ်နိုင်ခြင်း၊ ကောင်းမွန်စွာ လမ်းညွန်ထိန်းကျောင်းပေးနိုင်ခြင်းတို့ကို အပြည့်အဝလုပ်ဆောင်ပေးပါသည်။ ဒုံးပစ်ခတ်မှုတွင် စနစ်၎မျိုးပါဝင်ပြီး ထိန်းချပ်ရေးဌါနနှင့် အပြန်အလှန် အချက်လက်ပေးပို့ရာတွင် ဝါယာအသုံးပြုကာ ဆက်သွယ်နိုင်ပါသည်။

H-200 ရေဒါစနစ်


H-200 Phased Array အင်တင်နာသည် ရေဒါယာဉ်၏ ထိပ်ဘက်ပိုင်းတွင် တပ်ဆင်ထားပါသည်။ ရေဒါယာဉ်အား နေရာရွှေ့ပြောင်းသယ်ယူချိန်တွင် ၎င်း၏ အင်တာနာကို ယာဉ်၏ အမိုးအောက်ဖက်တွင် ထားရှိပြီး စစ်မြေပြင်တွင် စစ်ဆင်ရေး ပြုလုပ်နေချိန်တွင်မှု အင်တင်နာအား ပြန်လည်ထောင်မတ်ထားပါသည်။ လမ်းညွန်းထိန်းချုပ်မှုယာဉ်၏ ထိန်းချုပ်မှုအောက်တွင် ပစ်မှတ်များနဲ့ ဒုံးပျံများအား တိကျစွာ ရှာဖွေပြီး လမ်းညွန်ပေးနိုင်သည့် ရေဒါယာဉ်ပါရှိပါသည်။ ပစ်မှတ်များနဲ့ ဒုံးပျံများ၏ ရွှေ့လျားမှုပုံစံကွဲပြားမှုအပေါ်မူတည်၍ ရေဒါယာဉ်သည် တိုင်းတာတွက်ချက်မှု ပေးနိုင်ပါသည်။
 
KS-1 စီးရီး လေကာဒုံးစနစ်တစ်ခု၏ တိုက်ပွဲဝင်ပုံစံ ဖွဲ့စည်းပုံမှာ-
 ၁. လေယာဉ်ပစ်ဒုံး ၂၄စင်း
၂.Phased Array ရေဒါယာဉ်
၃. ဒုံးပစ်စင် ၂ခုပါသည် ဒုံးပစ်ခတ်ယာဉ် ၆ စီး
၎.ဒုံးဖြည့်တင်းရေးယာဉ် ၆ စီး
၅.ဓါတ်အားပေးယာဉ် ၂ စီး
၆.လှိုင်းနှုန်းပြောင်းလဲရေး၊ဖြန့်ဝေပေးယာဉ် ၁ စီး စသည်ဖြင့် ဖွဲ့စည်းထားပါသည်။ 

ဒုံးဖြည့်တင်းရေးယာဉ် တစ်စီးအား တွေ့ရစဉ်


မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ KS-1A/B ဒုံးစနစ်နှင့် ပတ်သက်၍ ၂၀၀၉ခုနှစ်တွင် ပထမအကြိမ် နိုင်ငံတကာသတင်းများတွင် ဖော်ပြခြင်းခံရပြီး အဆိုပါသတင်းများအရ ပါကစ္စတန်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့မှ ဝယ်ယူခဲ့ကြောင်း သိရပါသည်။ (သို့သော် နောက်ပိုင်းတွင် ပါကစ္စတန်အနေဖြင့် ပိုမိုအဆင့်မြှင့်သည့် HQ-9 တာဝေးပစ် လေကာစနစ်အား ဝယ်ယူခဲ့သည်ဟု သိရပါသည်)။ KS-1A ဒုံးစနစ်သည် အနောက်နိုင်ငံမှ နည်းပညာအချို့(ရေဒါစနစ်ပိုင်းတွင်)၊ ရုရှားနည်းပညာ နှင့် တရုပ်၏ နည်းပညာများ ပေါင်းစပ်ထားခြင်းဖြစ်ရာ အားထားရသည့် စွမ်းရည်မြှင့် လေကာဒုံးစနစ်တစ်မျိုးဖြစ်ပါသည်။

ပထမအကြိမ် ဝယ်ယူမှုတွင် ယူနစ်မည်မျှ ဝယ်ယူသည်ကို မသိရစေကာမှု ဒုတိယအကြိမ်ဝယ်ယူသည့် ၂၀၁၃ခုနှစ်အတွင်းတွင်မှု ယူနစ် ၄ခုစာမျှ ဝယ်ယူထားသည်ဟု သိရသည်။ ဒုံးပစ်ခတ်ရေးယာဉ် ၂၄စီး ( အကွာအဝေး ကီလိုမီတာ ၅၀ အထိ ပစ်ခတ်နိုင်သည့် ဒုံး ၄၈စင်း) ပါဝင်မည်ဖြစ်ပါသည်။ KS-1 လေကာစနစ်သည် တာဝေးထောက်လှမ်းနိုင်သည့် ဗျုဟာမြောက် စောင့်ကြည့်ရေးရေဒါကြီးများဖြင့်လည်း ချိတ်ဆက်ထားနိုင်ပါသည်။ H-200 ရေဒါစနစ်အနေဖြင့် ဒုံးပျံ ၆ စင်းအား တပြိုင်နက် ထိန်းချုပ်ပစ်ခတ်ကာ ပစ်မှတ် ၃ခုအား ရှာဖွေခြေမှုန်းပေးနိုင်စွမ်းရှိပါသည်။ အမေရိကန်၏ F-16/18 တိုက်လေယာဉ်များကိုပင် ရှာဖွေပေးနိုင်စွမ်းရှိသည့် အဆိုပါရေဒါစနစ်များအနေဖြင့် ကီလိုမီတာ ၁၂၀+ အထိ ထောက်လှမ်းနိုင်စွမ်းရှိပါသည်။

တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များတွင် အကြမ်းဖျင်းအားဖြင့်-
တာဝေးပစ် လေကာစနစ်တွင်- SA-5 Gammo စနစ် နှင့် V-75 (SA-2) စနစ်များ
တာလတ်ပစ် လေကာစနစ်တွင် BUK M1 စနစ်၊ KS-1B စနစ် နှင့် Pechora 2M စနစ်များ
တာတိုပစ် လေကာစနစ်တွင် TOR M1 စနစ်၊ Tunguska M1 စနစ်၊ ကပစထုတ် Igla-S စနစ်များ နှင့် လေယာဉ်ပစ်အမြောက်များ စသည်ဖြင့် ဖွဲ့စည်းထားပြီး အတည်ပြုချက်မရသည့် သတင်းများအရ ရုရှား၏ S-300PMU2 တာဝေးပစ် လေကာစနစ် (သို့) တရုပ်တပ်မတော်၏ HQ-9 စနစ်တစ်မျိုးအား ပိုင်ဆိုင်ထားပြီးဖြစ်သည်ဟု သိရကာ အဆိုပါသတင်းသည် အမှန်ဟု ယူဆပါက တပ်မတော်၏ လေကြောင်းရန် ကာကွယ်ရေးစနစ်သည် ဒေသတွင်းနိုင်ငံများအကြားတွင် အကောင်းဆုံးနဲ့ အတောင့်တင်းဆုံးသော လေကာတပ်ဖွဲ့ကြီးဟု သတ်မှတ်နိုင်ပါသည်။

မြန်မာ့တပ်မတော်သည် ကြည်း၊ရေ၊လေအား ဘက်စုံဖွံဖြိုးရေးဆောင်ရွှက်လျက်ရှိပြီး မကြာမှီတွင် လေတပ်နှင့် ရေတပ်၏ သတင်းကောင်းများလည်း ကြားရတော့မည်ဖြစ်ပါသည်။
ထို့အပြင် ပြည်သူများအနေဖြင့်လည်း ယခင်ကာလများကထက်စာလျှင် မြန်မာပြည်၏ ကာကွယ်ရေးစနစ်အား အတိုင်းအတာတစ်ခုထိ လေ့လာခွင့်ရကြပြီဖြစ်ပြီး တပ်မတော်၏
လုပ်ဆောင်ချက်များအား လေ့လာသိရှိနိုင်ပြီဖြစ်ပါသည်။ မိမိတို့ ညီ၊အစ်ကိုများအနေဖြင့်လည်း တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အချက်လက်များမှလွှဲ၍ သိခွင့်ရှိသည့်အပိုင်းများအား တတ်နိုင်သလောက် ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပြီး တပ်မတော်နှင့်ပြည်သူများအကြား ယခုထက်ပို၍ နားလည်မှုရစေကာ တပ်မတော်အား စိတ်ဝင်စားသည့် ညီ၊နောင်များအတွက် အမြဲကြိုးစားသွားမည်ဖြစ်ကြောင်း အသိပေးချင်ပါတယ်ခင်ဗျာ...။ :)

တရုပ်တပ်မတော်၏ KS-1 လေကာဒုံးများ တပ်ဖြန့်ထားပုံနှင့် လေ့ကျင့်မှုပုံရိပ်များ



10 comments:

  1. ကော မန့် အရှည် ကြီး ရေးပြီး publish နိုပ်လိုက်တာ တောက်ဆို ပျောက်သွား ရော............ ပြန်ရေးရမှာ ပျင်း တာ နဲ့ ဒီလောက်ပဲရေးခဲ့ပါတယ်...။

    အရမ်းကြိုက်တယ် ဗျာ.....။ ကျည်း ရေလေ.... ဘယ်သတင်း ကောင်း ပဲဖြစ်ဖြစ် မြန်မြန် ကြား ချင်မိပါတယ်....။

    ကီလို ငုပ် ငုပ် တွေလည်း မြင်ချင်တယ်....၊ ဆူခွိုင်း တွေလည်း မြင်ချင်တယ်..၊ တီ ၉၀ တင့် တွေရော... ၊ အက်စ် ၃၀၀ တာ ဝေး လေကာ တွေရော.. မစ်ဂ် ၃၅ တွေရော.... ဖရီးဂိတ် အက်ဖ် ၁၅ တို့ ၁၆ တို့ ... လည်း မြင် ချင်တယ်...။ ဆက်လက်တိုး တက်ပါစေ.......၊ မြန်မာက စီးပွား တက်လာ တယ်.... တဖြည်း ဖြည်း နဲ့တော့... ဘက်စုံ တိုး တက်လာ မှာ ပါ..။

    ReplyDelete
  2. Pechora နဲ့ ဒီကောာင် ဘယ်ဟာပိုကောင်းလဲ

    ReplyDelete
  3. ကိုmmမြန်မာနဲ့ပြည်ပကတပ်မတော်တွေရဲ့မောင်းသူမဲ့လေယာဉ်တွေအကြောင်းလေးတွေတင်ပေးစေချင်ပါတယ်။UAVနဲ့ဒရုန်းဘာတွေကွာလဲခင်ဗျာ
    တကယ်မသိလို့မေးတာပါ

    ReplyDelete
  4. Guideline and Gammon are 1960's and 70''s era out dated and obsolete systems and totally lack of immunity to today’s possible enemy's ECM. Liquid fueled missiles are highly questionable of their high alert and combat readiness in today's warfare.

    Favorit is very impressive and it has ballistic engagement capable. If your information in which Burma possess Favorit system is true, it would be very cheerful.

    Favorit combined with Buk M-1 and SA-15C Gauntlet can engage any kind of massive air raid and heavy saturation attack in current time.

    Almaz's favorit is more sophisticated than Vietnam’s current using Antey S-300 V system.

    Burma should resell Favorit to Iran (end user certificate is no need to take care in some situations) and should substitutes more powerful and highly capable S-400 Triumph ultra long range system which can effectively engage (theoretically) F-22 Raptor and enemy’s AEW&C aircrafts in calculation of future war scenario.

    According to some analysts, HQ-12 or KS-1 A has inferior quality comparatively to Buk M-1.

    US invented MALD & modified version MALD J (miniature air launched decoy _ J means jammer) in the 90’s and combined with JSOW and HARM to penetrate the target acquisition radars of (s-300 families), but uncertain to beat the favorit system. Presumably MALD can be used by only US and its closest allies such as Israel. No hope for poor Thais!!

    Russian PVO’s combat tactics is deploying the point defense Pantsir S-1 to defend the high valued LRSAM regiment (Growler regiments)against the enemy’s HARM and PGM combined attack, possibly to counter US SEAD strategy.

    According to STRATSFOR website, Russian had secretly transferred the source code of Tor M-1 (SA-15C Gauntlet) system to Israel for the Israeli request, in return Jews transferred their latest drone technology to Russia. Iran deployed Tor M-1 system to defend their nuclear reactors against the possible US and Israel air strike. No worry for Russian for transferring Tor M-1 source codes, because they have already got modified version Tor M-2E (SA-15D Gauntlet D) and Pantsir systems. But except for Israel and US, Tor M-1 is the highly efficient and very deadly point defense system for Any AF on the world.

    Latest Russian development of medium to long range ADMS is S-350E Vityez which would replace Buk M-1 and M-2E systems. Latest point defense system is Morphey. According to many websites, Russian PVO planned to massively deployed Pantsir s-1.

    International politics is terrible.

    Anyway, I agree happily your announcement that Burma possesses the most sophisticated IADS in the SEA region.

    ReplyDelete
  5. ပိုစ့်အသစ်တွေ တင်ပေးပါတော့ဗျို့

    ReplyDelete
  6. ကိုmm
    အသစ်မတင်တာကြာပြီနော်။ရှိတာသာတင်ပါဗျာ။ဘာမှမရှိရင်လဲကိုmmရဲ့armyဆိုင်ရာသဘောထားအတွေးအခေါ်တွေတင်ပါလားဗျာ။ဗဟုသုတရတာပေါ့။

    ReplyDelete
  7. http://defence.pk/threads/air-defence-systems-of-myanmar-army.302555/

    ReplyDelete
  8. ကြိုက်​ပါတယ်​ဗျာ​ကျေးဇူးပါ

    ReplyDelete
  9. အမြဲတမ်းးအား​ပေး​နေမယ်​အကို

    ReplyDelete
  10. ရေးပါဦးဗျို့......

    ReplyDelete