Wednesday, June 29, 2011

၅၆စီးရီး စစ်သင်္ဘော အသစ်များ

မြန်မာ့တပ်မတော်ရေထုတ် စစ်သင်္ဘော အသစ်များ


မြန်မာ့တပ်မတော် ရေတပ်ဖွဲ့ပိုင်းဆိုင်ရာများစွာ တိုးချဲ့ နေတည့် အထဲတွင် စစ်ရေယာဉ်သစ်များ ထုတ်လုပ်ခြင်း၊ဝယ်ယူခြင်းများ ပြုလုပ်လျက်ရှိရာ ယခုအခါတွင် မြန်မာ့တပ်မတော်ရေတပ်ဖွဲ့များ အတွက် စစ်ရေယာဉ် အသစ်များကို တည်ဆောက်လျက်ရှိပါသည်။၂၀၀၀ ခုနှစ်နှောင်းပိုင်းနှစ်များတွင် စတင်ထုတ်လုပ်ခဲ့သော ၅၅ စီးရီး များကို လေကြောင်းရန်ကာကွယ်ရေး အမြန်ယာဉ်များ၊သင်္ဘောဖျက် ခရူးဇာဒုံးပျံတပ် တိုက်ခိုက်ရေး အမြန်ယာဉ်များ အပြင် စစ်ရေ ယာဉ်မျိုးစုံ တပ်ဆင်ထုတ်လုပ်ခဲ့သည်။မြန်မာ့တပ်မတော် ရေတပ်ဖွဲ့များတွင် ယခုအခါ ပြည်တွင်းထုတ် ဖရီးဂိတ် စစ်သင်္ဘောကြီး အောင်ဇေယျ၊ပြည်တွင်းထုတ် ကော်ဗတ် အမျိုးအစား စစ်သင်္ဘောကြီးများ၊စစ်ရေ ယာဉ်မျိုးစုံ တာဝန်ထမ်းဆောင်လျက်ရှိရာ မကြာတော့သော ကာလများတွင် စွမ်းရည်ထက်မြက်သော ဖျက်သင်္ဘောကြီးများကို ပင် တပ်ဆင် လာမည်ဟု ယူဆနိုင်ပါသည်။ယခုအခါတွင်မှု မြန်မာ့တပ်မတော်ရေ အတွက် အလွန် ဂုဏ်ယူဖွယ်ကောင်းသော သတင်းမှာ ၅၅စီးရီးများ အပြင် နောက်ထပ်၍ ၅၆စီးရီး ၅စီး ထပ်မံ တပ်ဆင် စမ်းသပ်နေပြီ ဖြစ်ကြောင်းတွေ့ရခြင်းပင် ဖြစ်ပါသည်။



မြန်မာ့တပ်မတော်ရေ အတွက် စစ်ဆင်နိုင်မှု ပမာဏ ကျယ်ပြန့်လာမည် ဖြစ်သည့် အပြင် မြန်မာ့ရေပြင် ပိုင်နက်ကို ပိုမို ကာကွယ်ပေးနိုင်လာမည် ဖြစ်ပါသည်။ပိုမို၍ စိတ်ဝင်စားစရာ ကောင်းသော အချက်မှာ ယခုတပ်ဆင် စမ်းသပ်နေသော တိုက်ခိုက်ရေး အမြန်ယာဉ်သစ်များတွင် မည့်သည့် လက်နက်စနစ်များ တပ်ဆင်လာမည် ဆိုသည့် အချက်ပင်ဖြစ်ပါသည်။စီ-၈၀၂ ရေပြင်မှရေပြင်ပစ် ဒုံးပျံများတပ်ဆင် လာခဲ့ပါက ဒေသတွင်းနိုင်ငံများ၏ ရေတပ်ဖွဲ့များကို ကောင်းကောင်း ယှဉ်ပြိုင်တိုက်ခိုက်လာနိုင်မည် ဖြစ်ပါသည်။

4 comments:

  1. ကြားရတာ အားရစရာပါပဲခင်ဗျာ... ၅၆ စီးရီးတွေတင်မကပဲ မြန်မာထုတ် ၅၇၊ ၅၈၊ ၅၉ စီးရီးတွေလဲ အစင်းရေ မြောက်မြားစွာ ပေါ်ထွက်လာစေဖို့ ဆုတောင်းမျှော်လင့်နေပါတယ်။ ကျွန်တော့်အမြင်နဲ့ပြောရရင် မြန်မာ့ရေတပ်မတော်စစ်သင်္ဘောကြီးတွေပေါ်မှာ anti aircraft gun တွေတင်မဟုတ်ပဲ anti aircraft missile တွေကိုပါ တပ်ဆင်လာစေချင်တယ်ဗျာ...။ gun တခုရဲ့ ထိရောက်တဲ့ range နဲ့ missile တခုရဲ့ ထိရောက်မယ့် range က အတော်ကြီးကို ကွာခြားတဲ့အပြင် ထိန်းချုပ်မှုပိုင်းကအစ လူတိုက်ရိုက် ကိုင်တွယ်ပြီး ချိန်ရွယ်ပစ်ခတ်ရတာမဟုတ်ပဲ ရေဒါစနစ်နဲ့ ပစ်ခတ်တာဆိုတော့ တော်တော်ကို သာလွန်သွားလို့ပါ။ ကို MM ခင်ဗျား... မြန်မာ့ရေတပ် စစ်သဘောင်္တွေမှာ missile တပ်ဆင်ထားတာ ဘယ်နှစ်စင်း ရှိပါသလဲ... ဘာ missile အမျိုးအစားတွေလဲ... သိသူများလဲ ဖြေကြားပေးကြပါဦးခင်ဗျာ။

    ReplyDelete
  2. missile ဆိုတာကတော့ ရေပြင်ကရေပြင်ပစ် ဒုံးတွေကို ဆိုလိုတာပါ Houxin ၆စီးမှာ စီ-၈၀၁ တပ်ထားတယ်၊၅၅၆ အမျိုးအစားတွေမှာလည်း စီ-၈၀၁၊၈၀၂ တွေ တပ်ဆင်ထားပါတယ် ဒါ့ပြင် ၇၇၁၊၇၇၂ ကော်ဗတ်တွေမှာလည်း စီ-၈၀၁၊၈၀၂ တပ်ထားတယ်၊ အောင်ဇေယျ ဖရီးဂိတ်ကြီးပေါ်မှာ ကတော့ အသေချာမသိရသေးပါဘူး စီ-၈၀၂၊၈၀၃ လည်း ဖြစ်နိုင်သလို အခြားပိုပစ်အားကောင်းတဲ့ ဒုံးစနစ်လည်း ဖြစ်နိုင်ပါတယ် ခင်ဗျာ။

    ReplyDelete
  3. ဟုတ်ကဲ့ ကို MM ခင်ဗျာ.. ကျေးဇူးတင်ပါတယ်။ ရေပြင်ကရေပြင်ပစ် ဒုံးတွေသာမက ရေပြင်ကနေ ဝေဟင်ပစ်တဲ့ ဒုံးတွေလဲ မကြာမီအချိန်အတွင်းမှာ တပ်ဆင်လာနိုင်ဖို့ မျှော်လင့်ပါတယ်ဗျာ... ဒါမှသာ မြန်မာ့ရေပိုင်နက်ထဲကို ဝေဟင်ကနေ ကျူးကျော်လာမယ့် ရန်သူကို ဟန့်တားနိုင်ရုံသာမက ကိုယ့်စစ်သဘောင်္ကိုလဲ ကာကွယ်ပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့အနေနဲ့ နိုင်ငံကြီးတွေလို လေယာဉ်တင်သင်္ဘောကြီးတွေကို မမျှော်လင့်နိုင်သေးတော့ ကိုယ့်နိုင်ငံအဆင့်နဲ့ လျော်ညီတဲ့ ရဟတ်ယာဉ်တင် သဘောင်္ကြီးတွေတော့ ဒီ့ထက်ပိုပြီး အမြောက်အမြား တာဝန်ထမ်းဆောင်နေဖို့ မျှော်လင့်နေတယ်ဗျာ။ သူများနိုင်ငံတွေလို ရေတပ်ရဲ့လေတပ်ဆိုပြီး တိုက်လေယာဉ်အုပ်တွေ မရှိနိုင်သေးပေမယ့် ရေတပ်ရဲ့ရဟတ်ယာဉ်အုပ်စုတွေသာ စုဖွဲ့နိုင်မယ်ဆိုရင် မြန်မာ့တပ်မတော်ရေတပ်ဟာ ဒီ့ထက်ပိုပြီး အင်အားတောင့်တင်းသွားမှာပါ။ ရဟတ်ယာဉ်တင် စစ်သဘောင်္ကြီးတွေကို တခြားဖျက်သဘောင်္၊ ကော်ဗက်တွေရံပြီး ကင်းလှည့်စစ်သဘောင်္အုပ်စုတွေ အများအပြားနဲ့ တောင့်တောင့်တင်းတင်း ဖြစ်လာမယ့် မြန်မာ့တပ်မတော် ရေတပ်ကို မြင်ချင်လှပြီဗျာ...။

    ReplyDelete
  4. ကိုMMရေ5series FAC အသစ်တွေက ၅စီးထဲဘဲလားဗျ။ ၈စီးဖြစ်မယ်နော၊ 5series FAC တွေမှာ၅၅၆၊၅၅၇၊၅၅၈သုံးစီးထဲssmတပ်နိုင်ပါသေးတယ်၊ဒါတောင်၅၅၈မှာadditional mast မတပ်ထားပါ၊၅၅၁နဲ့၅၅၂က old versionတွေပါ၅၅၃ ကစပြီးnew versionပုံပြောင်းပါတယ်။၅၅၆၊၅၅၇၊၅၅၈ကလွဲပြီးတခြားအစီးတွေမှာgunျေတွအတွက်fire control radar ဘဲရှိပြီးsurface suarch radarမတပ်ထားတဲ့အတွက် ssmမတပ်နိုင်ပါ၊သချို့မှာဆိုfire control radarတောင်မရှိပါ။သင်္ဘောတွေမှာလက်နက်မှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံလေးတပ်ခွင့်ရဖို့ဆုတောင်းပါတယ်ဗျာ။

    ဒါနဲ့ကိုMMကိုဂုဏ်ယူစရာပြောရဦးမယ်Jane's Fighting Ships 2008-2009စာအုပ်မှာတောင်Myanmar firgateပုံမရှိသေးဘူးဗျပြီးတော့informationတွေလည်းမှားနေတယ်ဗျ၊ဒီစာအုပ်ကတကမ္ဘာလုံးကရေတပ်အကြောင်းတွေကိုဓါတ်ပုံတွေနဲ့အပြည့်အစုံဖေါ်ပြတာဗျ၊ရေတပ်လေ့ကျင့်ရေးဋ္ဌာနချုပ်၊ရေတပ်စခန်းဋ္ဌာနချုပ်တွေမှာဘဲရှိတာ။ဈေးကြီးတယ်လို့ပြောကြတယ်ဗျ၊up date၂၀၀၉-၂၀၁၀ကတော့ကကရေမှာဘဲရှိလိမ့်မယ်၊ကိုMM Blogကပထမဦးဆုံးfrigateပုံတင်တဲ့Blogဗျ
    ဂုဏ်ယူပါတယ်ကိုMM

    556

    ReplyDelete