Thursday, June 9, 2011

Fort Ba Htoo 1st Army Combat Forces School





ဗထူးတိုက်ခိုက်ရေး သင်တန်းကျောင်းဖြစ်ပါသည်။

12 comments:

  1. ပုံရိပ်လေးတွေကို မြင်ရတာ အတိတ်က ပုံရိပ်လေးတွေကို ပြန်သတိရသွားတယ်။ကိုမောင် တို့လည်း ဒီနေရာဌာနေကို မကြာခင်မှာ နောက်တစ်ခေါက် သွားရောက်ရအုံးမှာပါလား။

    ReplyDelete
  2. Cbox က ဆွေးနွေးချက်တွေကို သဘောကျလို့ ဒီမှာပြန်ရေ်းလိုက်တာပါ

    whoami7: အခြေခံစစ်ဝတ်စုံ၊ တိုက်ပွဲဝင်ဝတ်စုံ ၊ equipment တွေ ၊ တောစီးဖိနပ်တွေ စတာတွေကိုလည်း ခေတ်မှီအောင်ပြောင်းလဲသင့်နေပါပြီ. အဲဒိအကြောင်းနဲ့ပတ်သတ်တဲ့ပိုစ့်လေးတွေလည်း တင်ပေးစေချင်ပါတယ် ခင်များ

    mg: အင်း စစ်သည်တစ်ယောက်ချင်းစီရဲ့ စစ်ထွက် ချက်ဝတ်တန်ဆာတွေကို မြှင့်တင်ပေးသင့်ပြီ။ နိုင်ငံတကာစစ်သည်တွေနဲ့ မြန်မာစစ်သည် တို့ကို နှိုင်းယှဉ်ကြည့်ရင် အင်မတန်ကွာဟလွန်းပါတယ်။တောသားနဲ့ မြို့သား ကွာသလိုပေါ့ဗျာ။ခေတ်မှီတပ်မတော်ကိုပြောင်းမယ်ဆိုရင် စစ်သည်တစ်ဦးချင်းစီရဲ့ ချက်ဝတ်တန်ဆာကအစ မြှင့်တင်ပြောင်းလဲပေးသင့်နေပြီ။စစ်သည်တိုင်းဟာ ဆက်သွယ်ရေးကရိယာတွေရှိရမယ်။ ဖြစ်နိုင်ရင် ဦးထုပ်တောဆောင်းတွေကိုတောင် ပြင်စေချင်တယ်။မိုးရွာရင် စစ်သည်တွေရဲ့ ဦးထုပ်တွေဟာ ဘာမှသုံးစားမရဘူး ခေါင်းလည်းမလုံဘူး တောဆောင်းဦးထုပ်တွေဟာ ရေစိုတာနဲ့ ပျော့ဖတ်ပြီး ရွဲ့စောင်းနေတယ်။တိုက်ပွဲဖြစ်လို့ ပြေးလွှားရင် အဲဒီ့ဦးထုပ်တွေက ပြုတ်ကျကုန်ရော။ဦးထုပ်မပါပဲ ရှေ့တန်းမှာ သွားလာနေရတဲ့ စစ်သည်တွေက ခပ်များများပါပဲ။ တောဆောင်းဦးထုပ်ထက် လျှာထိုးဦးထုပ်လေးတွေကမှ ဆောင်းရတာ ပိုအဆင်ပြေအုံးမယ်။

    unknown: လျှာထိုးဦးထုပ်လေးတွေဆိုလဲ ခပ်မတ်မတ်လေးတွေပဲ ဖြစ်သင့်တယ်ဗျာ... ဝတ်စားဆင်ယင်မှုက လူတယောက်ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်တယ်မဟုတ်လားဗျ ကြည့်လိုက်တာနဲ့ သပ်ရပ်ပြီး စမတ်ကျနေတယ်ဆိုရင် အချင်းချင်းသော်၎င်း၊ ကိုယ့်ကိုယ်ကိုသော်၎င်း ယုံကြည်မှုပိုရှိလာပြီး တိုက်ပွဲဝင်စိတ်ဓာတ်ကို အကျိုးသက်ရောက်စေလိမ့်မယ်ထင်တယ်ခင်ဗျ တောဆောင်းကတော့ လုံး​ဝကို မသုံးသင့်တော့တာပါ... Issue လျှာထိုးတွေကျတော့လဲ စမတ်မကျဘူးဗျ အခြားနိုင်ငံတွေမှာကလဲ အပေါ့စား ချေမှုန်းရေးတပ်ဖွဲ့ငယ်လေးတွေနဲ့ အထူးတပ်ဖွဲ့ငယ်လေးတွေလောက်ပဲ လျှာထိုးသုံးတယ် ဒီတော့ ပျောက်ကျား Helmet တွေဆိုရင် မေးသိုင်းကြိုးနဲ့ လူကို ပိုပြီးတော့လဲ အကာအကွယ်ဖြစ်စေတယ်၊ သွားလာရာမှာလဲ ခိုင်ခိုင်မြဲမြဲရှိမယ်လို့ ကျွန်တော်ကတော့ ထင်တယ် ဖြစ်နိုင်ရင် ၂၂ တပ်မ ရှေ့တန်းထွက်သလို စစ်သည်တိုင်း(အရာရှိ၊အခြားအဆင့်) ပျောက်ကျားဝတ်စုံတူညီနဲ့ ပျောက်ကျား Helmet တွေ တူညီသာ တပ်မတော်တရပ်လုံးကို ဆင်ပေးလိုက်မယ်ဆိုရင်... တော်တော်ကြီးကို ပြည့်စုံသွားမှာပါဗျာ... အခြား စစ်ဝတ်တွေ၊ ချပ်ဝတ်တွေကလဲ ပြောင်းသင့်တာတွေ ရှိသေးတယ်ဗျ နောက်မှ ဆွေးနွေးပါဦးမယ် ကို MM ရေ... စိတ်မရှိနဲ့နော်ဗျ... cbox မှာ ဆွေးနွေးသွားတယ်ဆိုတာက ကွန်မန့်ပေးရတာ အခက်အခဲတွေ့နေလို့ပါ.. အခုလို တကဏ္ဍချင်းစီ ဆွေးနွေးလို့ရအောင် လုပ်ပေးထားမယ်ဆိုရင် ပိုကောင်းမယ်လို့ အကြံပေးခဲ့ပါရစေဗျာ ဒီဘလော့ဂ်လေး ပိုမိုတိုးတက်လာတာကို စောင့်မျှော်နေပါတယ်.. အားပေးနေပါတယ်ဗျာ

    MM: ရပါတယ်ဗျာ..ဆက်လက်ဆွေးနွေးနိုင်ပါတယ်..။စစ်ဝတ်စုံတန်ဆာတွေကို ပြောင်းလဲပေးသင့်နေပါပြီဗျာ..။ထောက်ခံပါတယ်..။အာစီယံစစ်ရေး လေ့ကျင့်မှုတွေမှာ ဝတ်တဲ့ ဝတ်စုံလောက်ဆို အတော်ကောင်းနေပါပြီ..။

    ReplyDelete
  3. mg: စစ်ဦးထုပ် helmet ခမောက်ဦးထုပ်ဆောင်းမှ စစ်သားတစ်ယောက်က စစ်သားနဲ့တူတာ။သို့သော်လည်း အဲဒီ့ ဟဲလ်မတ် ခမောက်ဦးထုပ်ဟာ ပေါ့ပါးဖို့လည်းလိုတယ်။လေးလံနေ၇င်လည်း အဆင်မပြေလှပါဘူး။စစ်သည်တစ်ဦးရဲ့ ချက်ဝတ်တန်ဆာတွေဟာ တတ်နိုင်သလောက် ပေါ့ပါးနေမှ အဆင်ပြေမှာပါ။
    လက်ရှိ တော်ဆောင်းဦးထုပ်ကတော့ လုံးဝမဆောင်းသင့်တော့တာ အမှန်ပဲ။ဘာတစ်ခုမှအသုံးမ၀င်လို့ပါ။မိုးရွာရင် စိုဖတ်ပြီး ရွဲ့စောင်းပြီး သုံးစားလို့မရတော့ပါဘူး။ခေါင်းလည်းမလုံဘူး။ဒါကြောင့် Helmet ကိုမသုံးခင်မှာ ပေါ့ပါးတဲ့ စမတ်ကျတဲ့ လျှာထိုးဦးထုပ်လေးတွေ တပ်ဆင်ပေးသင့်တယ်။စစ်တပ်ကထုတ်တဲ့ စစ်ဝတ်စုံတွေဟာ တစ်ခုမှ ခေတ်မမှီပါဘူး။လျှာထိုးဦးထုပ်ဆိုလည်း ပေစုပ်စုပ် ပေစောင်းစောင်းနဲ့ပါ။ဒါကြောင့် စစ်သည်တွေအားလုံးဟာ မိမိကိုယ်ကို စမတ်ကျအောင် မိမိကိုယ်တိုင်ပဲဝယ်ပြီး ကိုယ့်ပါသာ ချက်ဝတ်တန်ဆာတွေကို ဆင်မြန်နေရတာပါပဲ။ခက်တာကဗျာ အထက်လူကြီးတွေက စမတ်ကျတာကို သဘောမကျပုံပဲ။တပ်မတော်က ထုတ်ပေးတဲ့အတိုင်းပဲ ပေစုပ်စုပ်နဲ့ဝတ်ဆင်စေ ချင်တယ်။အဲဒါ ပြသနာအကြိးစား။နည်းနည်းပါးပါး ကိုယ်က စတန့်ထွင်ပြီး သွားမလုပ်နဲ့။အဆူဆဲခံရမယ်။စစ်သည်တစ်ယောက်စိတ်ဓာတ်တတ်ကြွဖို့တွက် သူဝတ်ဆင်ထားတဲ့ ချက်ဝတ်တန်ဆာ ယူနီဖောင်းတွေဟာ နိုင်ငံတကာက စစ်သည်တွေလို ခေတ်မှီစမတ်ကျနေရင် ပိုပြီး တတ်ကြွစေတယ်ဆိုတာ အပေါ်ကလူတွေ နားမလည်ဘူး။သူတို့ကိုယ်တိုင်လည်း ပေစုပ်စုပ် ချက်ဝတ်တန်ဆာနဲ့ပဲသွားနေကြတယ်။အဲဒါတွေ ပြင်ဆင်နိုင်မှ ကောင်းမယ်။ တပ်မတော်မာ ဦးထုပ်ကို နှစ်မျိုးပဲထားသင့်တယ်။စမတ်ကျတဲ့ အမေရိကန်လိုမျိုး လျှာတိုတိုလေးတွေနဲ့ ပုံစံလေးတွေနဲ့ ပေါ့ပါးတဲ့ helmet ဦးထုပ် ဒီနှစ်ခုရှိရင် အဆင်ပြေပါပြီ။ ချက်ဝတ်တန်ဆာ equipment မှာလည်း စစ်သည်တိုင်း ဆက်သွယ်ရေး ကိရိယာတွေ တပ်ဆင်ထားသင့်တယ်။စစ်သည်တိုင်းဆက်သွယ်ရေးစနစ်ကို နားလည်တတ်ကျွမ်းနေရမယ်။အမေရိကန်စစ်သားတိုင်းရဲ့ ချက်ဝတ်တန်ဆာတွေမှာ ဆက်သွယ်ရေးဆက်အကုန်ပါတယ် ဆက်သွယ်ရေးက သိပ်အရေးကြီးတာကိုး။Equipment မှာ ကျည်ကပ်တစ်ခုပဲပါအောင်လုပ်ရမှာမဟုတ်ပဲ လိုအပ်သောအသုံးဆောင်တွေပါ တပ်ဆင်နိုင်အောင် အတွေ့ကြုံမရှိ ဘာမှမသိတဲ့ ရဲဘောလေးတွေရဲ့ equipmentတွေမှာတော့ ကျည်ဆံ ဆေးပတ်တီးကလွဲပြီး ဘာမှမပါလှပါဘူး။ဒါကြောင့် တစ်ပြေးညီဖြစ်အောင် တစ်သမတ်တည်းဖြစ်အောင် စစ်သည်တွေကိုယ်တိုင် ကိုယ့်အစီစဉ်နဲ့ဖြည့်ဆည်းစရာမလုပ်ပေးသင့်တယ်။ မြန်မာစစ်သားတွေရဲ့ ချက်ဝတ်တန်ဆာမှာ ကျည်ကပ်နဲ့ ဆေးပတ်တီး ဓား ဒါကလွဲပြီး ဘာမှမပါဘူး။ပြီးတော့ ဖြစ်သလိုကိုယ့်အစီစဉ်နဲ့တပ်ဆင်ကြတာဆိုတော့ အတွေ့ကြုံရှိတဲ့သူတွေက လိုအပ်တဲ့အရာတွေကို လိုအပ်သလို ကိုယ့်ပါသာ ဖန်တီးချုပ်လုပ်ပြီး တပ်ဆင်ကြတယ်။ မလိုအောင် ပြုပြင်ပြောင်းလဲတပ်ဆင်ပေးသင့်ပြီ။ခေတ်မှီတပ်မတော်တည်ဆောက်တဲ့နေရာမှာ အခြေခံကျတဲ့စစ်သည်တစ်ဦးချင်းစီရဲ့ ချက်ဝတ်တန်ဆာ ယူနီဖောင်းက သိပ်အရေးကြီးတယ်။စစ်တိုက်မှာပဲကွာ မင်းသားလုပ်တာမဟုတ်ဘူးလို့ သွားမပြောနဲ့။စစ်တိုက်တယ်ဆိုတာကလည်း စိတ်ဓာတ်တတ်ကြွဖို့လိုတယ်။အဲဒီလိုတတ်ကြွဖို့ မိမိကိုယ်ကိုဝတ်ဆင်ထားတဲ့ကာကွယ်ရေးပစ္စည်းအားလုံးဟာ ခေတ်မှီဆန်းသစ်စုံလင်မှ စစ်သည်တစ်ဦးက စိတ်ဓာတ်တတ်ကြွနိုင်မှာမဟုတ်လား။ ဒါက ချက်ဝတ်တန်ဆာနဲ့ပတ်သတ်တဲ့ စိတ်ဓာတ်တတ်ကြွမှုတစ်ခု။နောက်တစ်ခုက စားနိပ်ရိက္ခာ။မြန်မာ့တပ်မတော်မှာ လေးလံစွာ သယ်ဆောင်ရတဲု့ကုလားပဲ။ဒါတွေကို မစားသင့်တော့ဘူး။သယ်ဆောင်ရတာလေးလံတယ်။ပေါ့ပါးတဲ့ ရိက္ခာခြောက် အဟာရရှိတဲ့ ရိက္ခာ ပေါ့ပါးတဲ့ရိက္ခာတွေ ဒီနေ့ခေတ်မှာ ပေါမှပေါ။တပ်မတော်မှာ ပဲဟင်းနဲ့ခွေးမစားတဲ့ ငခြောက်။ဒီတော့ ဘယ်စစ်သည်က စိတ်ဓာတ်တတ်ကြွနိုင်မှာလဲ။ဘယ်စစ်သည်က ထွားကြိုင်းသန်မာမှာလဲ။ပဲအစား အခြား ပဲလိုပဲ အဟာရ ရှိတဲ့ ပေါ့ပါးတဲ့ ရိက္ခာတွေအများကြီးရှိပါတယ်။ဒါတွေကိုပါပြုပြင်ပြောင်းလဲသင့်တယ်။စိတ်ဓာတ်အတတ်ကြွဆုံးထဲမှာ ဒီထောက်ပံ့မှုဟာ အရေးကြီးဆုံးပဲ။စားစရာမရှိ တွေ့တဲ့နေရာမှာ တွေ့တဲ့တောမှာ ရှာကြံစားနေရတာဟာ သဘာဝမကျလှ ပါဘူး။တပ်မတော် ပြုပြင်ဖို့လိုတာတွေအများကြီးရှိတယ်။ပြောရရင် ပြောကုန်မှာမဟုတ်ဘူးဗျို့။

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. အထက်က ပုံက ချပ်ဝတ်တွေကိုလေ့လာကြည့်ပါ.. လေ့ကျင့်ရာမှာတော့ ပင်ပန်းလေ ကောင်းလေပါပဲ.. ချွေးထွက်များမှ သွေးထွက်နည်းမှာကိုး.. ဟုတ်ပါတယ် ..
    ဒါပေမယ့် လက်တွေ့တိုက်ပွဲဝင်ဖို့အတွက်ကတော့.. issue kit တွေက အဆင်မပြေလောက်တော့ပါဘူး..
    အခြေခံ တိုက်ပွဲဝင်ဝတ်စုံကို ပြင်ဆင်သင့်တဲ့နေရာမှာ အဓိကအားဖြင့်
    ၁။ တောစီး
    ၂။ တောဆောင်း
    ၃။ issue kit (equipment )လို့အလွယ်ခေါ်တဲ့ ချပ်ဝတ်တန်ဆာ
    အဲဒိ ၃ မျိုးကို အဓိက ပြင်ဆင်သင့်တယ်လို့ယူဆပါတယ်..
    ယူနီဖောင်းကို မပြင်ရင်တောင်မှ အဲဒိ ၃ ခုကို တော့ ပြင်ဆင်သင့်ပါတယ်.. ဘာကြောင့်လဲ.. ကျနော်တို့နိုင်ငံက မိုးများတဲ့နိုင်ငံဖြစ်ပါတယ်..
    အဲဒိ ၃ ခုက မိုးရွာရင် အဆင်မပြေပါဘူး.. ချည်နဲ့လုပ်ထားတဲ့ issue kit တွေက ရေစိုရင် ပိုပြီးလေးလံစေပါတယ်.. ချေမှုန်းရေးတစ်ခုကို ကျောပိုးအိပ်မပါပဲ
    light ချီတက်တိုက်ခိုက်မယ်ဆိုရင် ဒီလို kit တွေနဲ့ ရည်ရှည်မှာ အဆင်မပြေပါဘူး.. လေးလံတဲ့အတွက် ရည်ရှည်တိုက်ပွဲမှာ လူကို ပိုပြီးပင်ပန်းစေသလို
    လှုပ်ရှားစစ်ကစားမှုကိုလည်း နှေးကွေးစေပါတယ်. ထို့အတူ တောဆောင်း (jungle hat) ကို ပုံဖျက်ဖို့အတွက် အသုံးပြုရလွယ်ပေမယ့် တခြား ကိရိယာတွေ
    တပ်ဆင်ဖို့ အဆင်မပြေလှပါဘူး.. (ဥပမာအားဖြင့် ခေတ်မီတပ်မတော်များမှာ အသုံးပြုကြတဲ့ night vision, flash guard , etc ) နောက်ပြီး အထက်က မောင်
    နဲ့ unknown ပြောသလို ရေစိုရင် အဆင်မပြေပါဘူး.. ဦးခေါင်းကိုလည်း မလုံခြုံစေပါဘူး.... ဒီလိုပဲ .. တောစီးဖိနပ်လည်း ထိုနည်းလည်းကောင်းပါပဲ..
    ကျနော်တို့တောစီးဖိနပ်တွေက အိစက်ညက်ညောမှုရှိသင့်သလောက်မရှိတဲ့အတွက် ရဲဘော်တွေက ရှေ့တန်းမှာ ညှပ်ဖိနပ်ပဲစီးနေကြတာကိုတွေ့ဖူးကြ
    မှာ.. မြေပြင်မှ မမြင်နိုင်တဲ့ဆူးညှောင့်တွေကြောင့် မလိုလားအပ်တဲ့ ထိခိုက်မှုတွေရှိလာနိုင်တာကို ကြိုတင်သတိပြုကြရမှာဖြစ်ပါတယ်.။
    မောင်ပြောသလို ရေဒီယို(ဆက်သွယ်ရေးစက်) ကိုယ်စီရှိဖို့က လတ်တလောမလိုအပ်သေးပါဘူး.. တပ်ဆင်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့..
    နောက်တစ်ခု ဖြည့်စွပ်သင့်တာက .. ဒူးကာ တံတောင်ကာ များဖြစ်ပါတယ်.. နိုင်ငံတကာက ခေတ်မီတပ်မတော်တော်တော်များများမှာ အသုံးပြုနေကြပါပြီ
    (စကိတ်စီးတဲ့ လူတွေဝတ်ကြတဲ့ ဒူးကာ တံတောင်ကာမျိုးပါ).. ၄င်းတို့ကို စစ်သည်တစ်ဦးချင်စီမှာ တပ်ဆင်ပေးထားခြင်းအားဖြင့် ဥပမာ ရုတ်ချည်း
    တိုက်ပွဲဖြစ်တဲ့အခါ ဘယ်မြေပြင်ပေါ်ကိုမဆို ၀ုန်းကနဲ ပစ်မှောက်လိုက်လို့ရပါတယ်.. ဘယ်ကိစ္စမဆို Safety first ဆိုတာကို သတိပြုရမှာပါပဲ.. မဟုတ်ရင်
    ရန်သူ့ကျည်ဆံမထိရင်တောင်မှ ဒူးကွဲ တံတောင်ကွဲနဲ့ တိုက်ပွဲက ကစဥ့်ကလျားဖြစ်ဖို့ ၅၀% သေချာပါတယ်.. အထက်မှာဆွေးနွေးထားကြသလိုပေါ့
    စစ်သည်တစ်ဦးချင်းဟာ ယုံကြည်မှုရှိမှ ရဲရင့်စွာတိုက်ခိုက်နိုင်မှာပါ.. အဲဒိအတွက် စိတ်ဓါတ်ကိုမြင့်တင်ပေးဖို့လိုပါတယ်.. ဒါကြောင့် မိမိကိုယ်ကိုယ် Safety
    ဖြစ်စေမယ့်ဝတ်စုံ ချပ်ဝတ်တန်ဆာ ရှိနေခြင်းဟာ စိတ်ဓါတ်တက်ကြွစေအောင် လုပ်ဆောင်ပေးနိုင်တဲ့ စည်းရုံးရေးတစ်မျိုးဖြစ်ပါတယ်..
    သပ်ရပ်ပြီး smart ကျကျရှိတဲ့ဝတ်စုံကြောင့် စစ်သည်ကိုယ်တိုင်အပြင် သူ့ကိုကြည့်မိတဲ့ အရပ်သားက အစ အထင်ကြီးစိတ်များဖြစ်ပေါ်စေမှာအမှန်ပါပဲ..
    ဦး၅ တစ်မျိုးလို့ပဲဆိုရမှာပေါ့ဗျာ..
    ဆက်လက်ဆွေးနွေးပေးကြပါဦးခင်မျာ..
    လေစားစွာဖြင့်..

    ReplyDelete
  6. မြန်မာ့တပ်မတော်မှာ သုံးနေတဲ့ equipment တွေဟာ လေးလံပါတယ်။မိုးရွာရင် ပိုလေးသွားတယ်။ချည်ထည်တွေနဲ့လုပ်ထားတာဆိုတော့ ရေကိုစုပ်ယူတဲ့သဘောဖြစ်တော့ ပိုလေးလံသွားတယ်။မိုးများတဲ့ မြန်မာနိုင်ငံမှာ ရေကိုစုပ်အားနည်းပါးတဲ့ အရာတွေနဲ့အစားထိုးသင့်တယ်။မြန်မာ့တပ်မတော်က equipment တွေဟာ ခိုင်ခန့်ပါတယ်။သို့သော ကောင်းကျိုးနဲ့ဆိုးကျိုး နှိုင်းယှဉ်တဲ့အခါမှာ အားနည်းချက်တွေအများကြီးရှိတယ်ဆိုတာ သုံးသပ်သင့်တယ်။ဒီသုံးစွဲနေတဲ့ equipmentတွေဟာ အတော်ကြာမြင့်လှပါပြီ။အခြားနိုင်ငံတွေ လုပ်သလို အကုန်လိုက်လုပ်ဖို့ပြောတာမဟုတ်ပါဘူး။ဘယ်နိုင်ငံမဆို ကိုယ့်နိုင်ငံရဲ့ ရာသီဥတု သဘာဝ အခြေနေတွေနဲ့ကိုက်ညီအောင် တပ်ဆင်ဝတ်ဆင်ထားကြတာတွေကြည့်ပါပဲ။

    မိုးများတဲ့မြန်မာပြည်မှာ မိုးဒဏ်ကိုကာကွယ်နိုင်အောင် လုပ်ပေးထားတာ ဘာမှမရှိတဲ့အတွက် တပ်မတော်သားတွေအတွက် မိုးတွင်းဆိုရင် အတော်ကိုဆိုးဝါး ဒုက္ခများလှပါတယ်။တပ်မတော်သားတွေ ရှေ့တန်းနယ်မြေတွေမှာ ဖျားနာကြတယ်ဆိုတာ ပေါ့ဆလို့မဟုတ်ပါဘူး။စစ်သည်တစ်ဦးချင်းစီအတွက် လုပ်ပေးထားရမယ့် ဘက်စုံရာသီအလိုက် facility ပံ့ပိုးမှုမရှိတာပါပဲ။

    နောက်ပြီး ရာသီဥတုအလိုက် ဦးထုပ်တွေကို ၀တ်ဆင်ပေးခိုင်းသင့်တယ်။မြနမာ့တပ်မတော်မှာ နိုင်ငံတကာနည်းတူ ဦးထုပ် လေးစုံ အကုန်ရှိပါတယ်။Helmet ခမောက်(ဒါက တပ်တိုင်း ရဲဘော်တိုင်း ရှိလှတာတော့မဟုတ်ဘူး ပေါ့ပါးခေတ်မှီတဲ့ ဦးထုပ်တော့မဟုတ်ဘူး)တောဆောင်း လျှာထိုးဦးထုပ် ဘဲရီ ဦးထုပ်။

    ၄ မျိုးလုံးရှိသော်ငြားလည်း တောဆောင်းတစ်ခုပဲ နေ့စဉ်အမြဲတမ်း ရာသီမရွေးဝတ်ဆင်ကြတာဖြစ်လို့ ကျန်တဲ့ Helmet ခမောက် လျှာထိုးဦးထုပ် ဘဲရီ စတာတွေအားလုံးဟာ အလကားမသုံးပဲဖြစ်နေတဲ့အတွက် စုံလင်မှုမရှိတော့တဲ့ စစ်သည်တွေက အများသားပါပဲ။လျှာထိုးဦးထုပ်ဆိုရင်လည်း မတ်မတ်ရက်ရက်ရှိလာတာမဟုတ်ပါဘူး။ပေစုပ်စုပ် ပေစောင်းစောင်းနဲ့ဟာတွေပါ။အမေရိကန်စစ်သည်တွေ ဆောင်းနေတဲ့ လျှာထိုးဦးထုပ်တွေနဲ့ အရမ်းကွာပါတယ်။အရင် ကွန်မန့်မှာပြောခဲ့သလိုပါပဲ တပ်မတော်သားတွေကို မတ်မတ်ရက်ရက်ဖြစ်မှာ စိုးရိမ်နေသလားတောင် အောက်မေ့ရတယ်။မတ်မတ်ရက်ရက်ဖြစ်မှာထက် တပ်မတော်က မတ်မတ်ရက်ရက်ဖြစ်တဲ့ ဦးထုပ်တွေကို မထုပ်နိုင်တာလားဆိုတာ အဓိကဖြစ်မယ်ထင်ပါတယ်။မတ်မတ်ရက်ရက်ဖြစ်စေချင်လို့ စစ်သည်တွေကို အမြဲတမ်း ၀တ်စားဆင်ယင်မှုတွေကို စစ်ဆေးကြတာပဲမဟုတ်လား။သို့သော် ထုတ်ပေးထားတဲ့အရာတွေဟာာ ခေတ်လွန်ဟောင်းနွမ်းနေလွန်းလို့ ဘယ်လိုမှ မတ်ရက်နိုင်မှာမဟုတ်ပါဘူး။

    အဓိကဆိုလိုချင်တာ ပြောချင်တာက ရာသီဥတုအလိုက် ဦးထုပ်တွေကို ဆောင်းစေခိုင်းချင်တယ်။မိုးတွင်းမှာ တောဆောင်းဦးထုပ်နဲ့ ဘယ်လိုမှအဆင်မပြေလှဘူး။အဲဒါလေးတွေကို ပြင်နိုင်ရင် ကောင်းမယ်။နွေရာသီလိုမျိုးဆိုရင် လျှာထိုးဦးထုပ် နဲ့ ဘဲရီ ဦးထုပ်တွေကိုပဲ ဆောင်းသင့်တယ်။တောဆောင်းက ရုပ်ဖျက်တာသင့်တော်လို့သုံးတာဆိုပေမယ့် ဒီနေ့ခေတ်ကြီးမှာ ဘာတွေမှ ဖုံးကွယ်ရုပ်ဖျက်လို့မရပါဘူး။ဒဲ့ကစ်နေကြတဲ့ခေတ်ကြီးပါ။ဘယ်နေရာ ဘယ်သူ ဘာရှိတယ်ဆိုတာ အကုန်သိတယ်။တောဆောင်းမှ ရုပ်ဖျက်လို့ရတာမဟုတ်ပါဘူး ကျန်တဲ့ လျှာထိုးဦးထုပ် ဘဲရီတွေလည်း ရတာပါပဲ။အဓိက ရာသီဥတုအလိုက် ဆောင်းခိုင်းစေချင်တာပါ။၁၂ ရာသီပတ်လုံး တောဆောင်းပဲဆောင်းနေရတာ သဘာဝမကျလို့ပါ။

    ကို Whoami ပြောသလိုပါပဲ စစ်သည်တိုင်းအတွက် ဒူးကာ တံတောင်ကာ လေးတွေကို တပ်ဆင်ပေးသင့်တယ်။လူးလိမ့်လှုပ်ရှားနေတဲ့ စစ်သည်တွေအတွက် အထူးလိုအပ်တဲ့အရာတစ်ခုပါပဲ။ယနေ့ မြန်မာ့တပ်မတော် စစ်ဝတ်စုံဟာ ပါးလွှားပြီးဘာမှ တပ်ဆင်ပေးထားတာမရှိတဲ့အတွက် စစ်သည်တွေဟာ ရှေ့တန်းနယ်မြေတွေမှာ ကျဉ်ဒဏ်ရာမဟုတ်ပဲ ပွန်းပဲ့ဒဏ်ရာတွေ ရနေတာတွေများတာဟာ အခုလို ဒူးကာ တံတောင်ကာတွေ တပ်ဆင်မထားလို့ပါပဲ။

    မြန်မာ့တပ်မတော်မှာ အထူးတပ်ဖွဲ့တွေလောက်ပဲ နိုင်ငံတကာခေတ်မှီအောင် လုပ်ထားပေမယ့် တကယ့် တိုက်ခိုက်နေရတဲ့ ခြေလျင်စစ်သည်တွေကို ခေတ်မှီအောင်ပြုလုပ်မပေးထားတာကတော့ မဖြစ်သင့်ပါဘူး။သင်တန်းတွေ သရုပ်ပြတွေကတော့ မျိုးစုံရှိသလို ခြေလျင်တွေမှာဝတ်ဆင်ရသလို မတူညီတဲ့ ၀တ်စားဆင်ယင်မှုတွေရှိကြပါတယ်။Equipmentကအစ အမေရိကန်စတိုင် လုပ်ထားပြီး သရုပ်ပြတာတွေတော့ရှိပါတယ်။သို့သော် အဓိက အသုံးပြုနေတဲ့ အောက်ခြေတပ်ရင်းတွေမှာ မကျင့်သုံးတာကတော့ ဘာကြောင့်လည်းဆိုတာ စဉ်းစားလို့မရဘူး။

    နောက်ထပ်လည်း စစ်သည်တွေအတွက် ထောက်ပြဆွေးနွေးကြပါအုံး။

    ReplyDelete
  7. ဆွေးနွေးသွားကြတာတွေ အားလုံးကောင်းပါတယ်။ ဆက်လုပ်ကြဗျို့။ ကျုပ်တို့တွေ ဘလော့လေး တစ်ခုပေါ်မှာ ဆွေးနွေးတာလေးကနေ စပြီး လူများများ စိတ်ဝင်စားလာ၊ ပြောလာ ကြရင်း လူကြီးတွေနားထဲ အထိ ရောက်ပါစေဗျာ။

    ReplyDelete
  8. Unknow ရဲ့ ဆွေးနွေးထားမှုလေးကို ဒီမှာပြန်ပြီးကော်ပီလိုက်တာပါ.. Mg ပြောသလို တပ်မတော်ကြီးအတွက်ပြုပြင်စရာတွေ
    ထိုင်ပြောနေရင် ကုန်မှာတောင် မဟုတ်ဖူးဆိုပေမယ့် ပြောထားတာလေးတွေကို စာလေးနဲ့ မှတ်တမ်းတင်လိုက်တော့ ဖတ်ရတဲ့လူအနေနဲ့
    မိမိမှာပြင်ဆင်ခွင့်တွေရှိလာရင် ဒီလိုအချက်တွေ ဆွေးနွေးချက်တွေကို ထည့်သွင်းစဉ်းစားပြီး ပြုပြင်သင့်တာတွေကို ပြုပြင်သွားနိုင်တာပေါ့..

    unknown:
    ချည်သားနဲ့လုပ်ထားတဲ့ Equipment တွေအစား နိုင်လွန်နဲ့ချုပ်တဲ့ Equipment ဆိုရင် ပေါ့လဲပေါ့ပါးပါတယ်..
    ရေစိုရင်လဲ ချည်လောက် မလေးဘူးဗျ ထိုင်းကတင်သွင်းတဲ့ အမေရိကန် kit တွေဆိုရင် သိသာပါတယ်... စုံလဲ စုံလင်တယ်...
    အပိုတွေ တပ်လို့ရအောင်လဲ တော်တော်များများ လုပ်ပေးထားတယ်ဗျ... ဒါကို အတုခိုးသင့်တယ်
    ရှ့တန်းထွက်တာတောင် တပ်စိတ်တစိတ်မှာ ဓာတ်မီး ၂ လက်လောက်ပဲ ပါနေတယ်ဆိုတာမျိုးတွေ... ဒါတွေက မဖြစ်သင့်ဘူးလေဗျာ...
    Equipment မှာ ဘယ်လိုတပ်ရမယ်ဆိုတာ မသိတာလဲပါတယ် တပ်စရာနေရာ မလုပ်တတ်တဲ့အတွက် ကျောပိုးအိတ်ထဲ၊ ဘေးလွယ်အိတ်ထဲ
    ထည့်ခဲ့ရမယ့်အတူတူ မတပ်တော့ဘူးကွာဆိုတာတွေလဲ ပါတယ်... တပ်ရင်းတပ်ဖွဲ့တွေမှာလဲ ဒါမျိုးကအစ စစ်သည်တိုင်း ပါအောင်၊ ပြည့်စုံအောင် စစ်ဆေး၊
    သင်ကြားပေးတာမျိုးတွေ... လှုံ့ဆော်မှုတွေ စစ်ဆေးမှုတွေ အားနည်းနေသေးတယ်လို့ ထင်တယ်ဗျာ.
    တပ်ထွက်ကာနီး ၂ ရက်လောက်အလိုမှာ တပ်ခွဲလိုက်တပ်စုလိုက် ကြပ်ကြပ်မတ်မတ် ပြင်ဆင်စစ်ဆေးသင့်တယ်ထင်ပါတယ်...
    ဒါတွေက အထက်အရာရှိတွေကိုယ်တိုင်က အမြဲ Active ဖြစ်နေမှ ရမှာခင်ဗျ.
    နောက် ဒီထဲမှာ ဆွေးနွေးထားတဲ့ ဆက်သွယ်ရေးစက် Icon တွေဆိုရင်လဲ စစ်သည်တိုင်း မကိုင်နိုင်တောင်မှ တပ်စိတ် ၁ စိတ်မှာ အဖွဲ့ ၃ ဖွဲ့ရှိပါတယ်...
    အဲဒီ အဖွဲ့ ၃ ဖွဲ့မှာ ၁ လုံးစီလောက်ရှိရင်ကို အဆင်ပြေပါတယ်ဗျာ.
    လမ်းကင်းထွက်ရင် အဲဒီလို အဖွဲ့လေးတွေ ခွဲလိုက်ပြီးတဲ့နောက် အသံပဲ နားထောင်နေရတယ်ဗျို့... စကားပြောစက်က အရာရှိဆီမှာပဲ ပါတယ်... ကျန်တဲ့ အဖွဲ့လေးတွေရဲ့
    ခေါင်းဆောင်တွေဖြစ်တဲ့ အကြပ်ကြီး၊ အကြပ်တွေမှာ မပါကြဘူး..
    တခုခုဖြစ်ကြပြီဆိုရင် လက်နက်ငယ်သံ ပေါ်လာမှပဲ ပေါ်လာတဲ့ဆီကို အကူလိုက်လို့ရမယ်... အမှန်က အဲဒီလို အခြေခံ လိုအပ်ချက်ကလေးတွေကအစ ပြည့်စုံနေသင့်တာဗျ
    ဆက်သွယ်ရေးစက်နဲ့ ပြောရာမှာလဲ လုံခြုံမှုက လိုလာပါတယ်... ဒါကတော့ သတိဝီရိယနဲ့ အမြဲတမ်း လှိုင်းနှုန်းတခုထဲကိုပဲ မသုံးပဲနဲ့ အချိန်အားလျော်စွာ ပြောင်းလဲ သုံးစွဲကြရမှာပေါ့ဗျာ

    ReplyDelete
  9. Unknown ရဲ့ဆွေးနွေးချက် အဆက်.....
    Unknown :
    နောက်တခုက ကျည်ဆံကိစ္စခင်ဗျ... ကျည် ကျွန်တော်တို့ ထုတ်တယ်... ရှေ့တန်းထွက်ရင် ဥပမာ - ကျွန်တော့်မှာ ကျည်ကဒ် ၉ ကဒ်ပါသွားတယ်ဗျာ..
    တကဒ်ကို အတောင့် ၃ဝ၊ ၉ ကဒ်ဖြစ်တဲ့အတွက် ၂၇ဝ ... တကယ်တမ်း တိုက်ပွဲဖြစ်ပြီဆိုရင် ကျည် ၂၇ဝ က ဘယ်လောက်မှ မခံဘူးဗျ..
    ဘယ်သူမှ တိုက်ပွဲမှာ တစ်တောင့်ချင်းဖွင့်ပြီး ပစ်တဲ့လူ ရှားပါတယ်... အကုန်လုံးက အတွဲလိုက် ခလုတ်ပဲ ဖွင့်ပြီး ပစ်ကြတာပါ... ဒီတော့ ကျည် ၂၇ဝ ဟာ
    စစ်သည်တယောက်အတွက် အလွန်ဆုံးခံရင် ၁ နာရီပဲဗျာ.. တိုက်ပွဲအရှိန်အဟုန်ပြင်းရင်... ရန်သူက ပစ်အား၊ လူအင်အားများရင် ၁ နာရီတောင် မခံပါဘူး...
    ၁ နာရီဆိုတာ ကြားထဲမှာ သူဆိုင်းကိုယ်ဆိုင်း ဆိုင်းနေမယ့်အချိန်လေးတွေကိုပါ ထည့်တွက်ထားလို့ပါ
    မတော်လို့ ကိုယ့်တပ်စုတပ်ဖွဲ့က အဝိုင်းခံနေရပြီဆိုပါတော့... ရန်သူကလဲ ပစ်အား၊ လူအား များနေတယ်... စစ်ကူလဲ မလာနိုင်တဲ့နေရာ၊ အချိန်သာဆိုရင် နောက်ဆုံး suicide လုပ်ဖို့ပဲ ကျန်တယ်ဗျို့
    US Army ကို ကြည့်ပါ... သူတို့မှာ ကျွန်တော်တို့ဆီကလို ကျည်ပေါက်အိတ်တွေထဲမှာ ကျည်ကဒ်အပြည့်ပါတယ်ဗျာ... အဲဒီမှာက ၈ ကဒ်၊ ပြီးတော့ ခန္ဓာကိုယ်ရဲ့နောက်တဖက်တချက်စီက ဘေးလွယ်အိတ်
    ၂ ဖက်မှာ ၄ ကဒ်စီ... ၈ ကဒ်ပါတယ်ဗျာ..စုစုပေါင်း ၁၆ ကဒ်... သေနတ်မှာ Stand by ရှိနေတာက ၁ ကဒ်... စုစုပေါင်း ၁၇ ကဒ်... ကျည်တောင့်ရေ ၅၁ဝ ပါပါတယ်..
    ဒီမှာတင် တပန်းရှုံးနေပြီဗျို့... ကျွန်တော် ပြောတာက US Army နဲ့ ပြိုင်ဖြစ်တဲ့အခါကို ပြောတာ မဟုတ်ပါဘူး... စစ်သည်တယောက်ရဲ့ သယ်ဆောင်နိုင်မှုအား အများကြီး ကျန်သေးတယ်ဆိုတာကို ပြောချင်တာပါ..
    အဲဒီလို ခံနိုင်ရည်ရှိအောင်လဲ စစ်သည်တွေကို Train ပေးတဲ့နေရာတွေမှာ မလိုအပ်တာတွေကို လျှော့... (ဥပမာ Fatigue) ... စစ်တပ်ဆိုတာ လေ့ကျင့်ပြီးရင် လေ့ကျင့်ပဲ ဖြစ်နေရမယ်ဗျ..
    စစ်သားတယောက် အနားယူတယ်ဆိုတာဟာလဲ သူ့ကိုယ်ပိုင်ချိန် ဒါမှမဟုတ် ခန္ဓာကိုယ်ကို လန်းဆန်းအောင်၊ တိုက်ပွဲဝင် အသင့်နဲ့ စစ်ရေးသတိ အမြဲထားပြီး နားနေတာမျိုးပဲ ဖြစ်ရမယ်..
    ဒါကြောင့် တပ်မတော်ရဲ့ ဟိုဆောင်ပုဒ်လေးကို ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင် မကြိုက်ဘူး..
    စစ်တိုက်ရန်၊ စစ်တိုက်ရန် မရှိက လေ့ကျင့်ရန်၊ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြု လုပ်ငန်းလုပ်ရန်ဆိုတဲ့ ဆောင်ပုဒ်ပါ.. စစ်တိုက်ရန်မရှိတာကို လက်ခံလို့ရပါတယ်... လေ့ကျင့်ရန် မရှိက ဆိုတာကတော့ဗျာ...
    စစ်သည်တယောက်အတွက် လေ့ကျင့်ပြီးရင်း လေ့ကျင့်နေရမယ်ဗျ၊ လေ့ကျင့်၊ နား၊ လေ့ကျင့်၊ နား ဆိုတာမျိုးပဲ ဖြစ်နေရမယ်..
    စစ်သည်တယောက်ဟာ စစ်မြေပြင်မှာ သူသေကိုယ်သေ တိုက်ခိုက်နိုင်ဖို့ သူ့မှာ အရည်အချင်း ပြည့်ဝနေဖို့ လိုပါတယ်... စကားစိမ်းစိမ်းနဲ့ ပြောရရင် စစ်တိုက်ခြင်းဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်လို့တောင် ပြောလို့ရတယ်.
    ဒီ့အတွက် သူသေကိုယ်သေ သတ်နိုင်ဖို့၊ တိုက်နိုင်ဖို့ သူ့မှာ လိုအပ်နေတာက အရည်အချင်း၊ စိတ်ဓာတ်၊ ခွန်အားလေဗျာ... အရင်က နိုင်ငံတော်အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်က တွဲဖက် တာဝန်ယူထားခဲ့တဲ့အတွက် ဒီလို
    ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်ရတယ်ဆိုရင်လဲ အခုက စတင်ပြောင်းလဲနေပြီလေဗျာ.ဒါကိုလဲ ပြောင်းလဲ သင့်ပြီလို့ထင်ပါတယ်... နိုင်ငံ့ရဲ့ ဒေသအသီးသီးမှာ အရေးပေါ် ဘေးဒုက္ခအန္တရာယ်တွေ ကြုံလာလို့ သွားရောက် ကူညီပေးရတဲ့
    ပြည်သူ့အကျိုးပြု လုပ်ငန်းတွေဆိုရင်တော့ ကျွန်တော် မဆိုလိုပါဘူး ... အခုက ရုံးဖွင့်ရက်လဲ ဒီ Fatigue... ရုံးပိတ်ရက်လဲ ဒီ Fatigue ဆိုတော့ကာ စစ်သည်တွေလဲ မိမိသေနတ်ထက်စာရင် ပေါက်ပြားကို ပိုထိတွေ့ရတာက များနေတယ်ဗျ..
    ဒါလေးကလဲ ပြုပြင်ရမယ့် အချက်တခုလို့ ကျွန်တော်တော့ မြင်တယ်. ညီအစ်ကိုတို့လဲ ဆက်ပြီးတော့ ဆွေးနွေးပေးကြပါဦးဗျာ... ကိုယ့်တပ်မတော်ကို ဒီ့ထက်ပိုပြီး Strong and Active ဖြစ်လာတာ မြင်ချင်တဲ့ စိတ်စေတနာနဲ့ပါ..

    ReplyDelete
  10. http://www.thehighroad.org/archive/index.php/t-44129.html
    အပေါ်ကလင့်မှာလေ့လာကြည့်ပါ.. အဲမှာ သူတို့ဆွေးနွေးထားတာ
    ပုံမှန်အားဖြင့် US စစ်သားတစ်ယောက်က
    M-16 or M4 (၅.၅၆ မမ) တစ်လက် နှင့် ကျည်အိပ်(၃၀ တောင့်)
    အပိုကျည်အိမ် - ၆ခု.. စုစုပေါင်း ကျည် ၂၁၀ တောင့် ..
    အတောင့် ၁၂၀ ဆန့် ကျည်ခါးပတ် (သိုမဟုတ်) ကျည်ဗူး နောက်အိပ်မှာ ပါပါတယ်
    (အရံကျည်လို့ယူဆပါတယ်)

    ၉မမ ပစ္စတို ၁လက် နဲ့ ကျည်အိမ် ၄ ခု (သေနတ်တွင်တပ်ပြီးသား အပါအ၀င်)
    လက်ပစ်ဗုံး ၂ လုံး

    တစ်ချို့ M-60 , M-249 ကိုင်ဆောင်သူတွေကတော့ သူတို့သတ်မှတ်ချက်အတိုင်းသယ်ဆောင်ကြပါတယ်
    အောက်ကလင့်မှာ လည်း အနည်းအကျဉ်းလေ့လာကြည့်နိုင်ပါတယ်
    http://www.hellasairsoft.com/reviews/Spear_ELCS/index.html

    အောက်ကလင့်ကတော့ ကျည်ကာအကျီပါ..
    http://www.alibaba.com/product-free/114862505/Body_Armour_Ballistic_Solutions_Personal_Protective/showimage.html
    ကျည်ကာနဲ့ ဆက်စပ်လို့ တွေးမိတာလေးပါ...
    ဟိုးရှေး မြန်မာဘုရင်တွေခေတ်တုန်းကလည်း စစ်သားတွေ ချပ်ဝတ်အကာအကွယ်မပါပဲ တိုက်ခဲ့ကြတယ်တဲ့တူပါတယ်..
    အဲဒါကြောင့် မြန်မာစစ်သားတွေ ကျည်ကာတွေဘာတွေ ၀တ်ဖို့ဆိုတာ ရိုးရာအရ မ၀တ်ကြတာလားတော့မသိဘူး.. :D
    ရုပ်ရှင်တွေကြည့်မိရင် သဘောပေါက်ကြမှာပါ. :P
    ရုပ်ရှင်တွေအရဆို ကျန်စစ်သားတို့အလောင်းမင်းတရားတို့က ဘာ ချပ်ဝတ်မှ မ၀တ်ကြဘူးထင်တယ်..
    အင်္ဂလိပ်ကားတွေ တရုပ်ကားတွေမှာတောင် ရိုးရိုးစစ်သားမပြောနဲ့ သူရဲကောင်းဆိုတဲ့ အာခီလိစ် တို့လိုတောင် ချပ်ဝတ်တန်ဆာ ကာဗာ အပြည့်နဲ့ ဓါးခုတ်ကြတာ..
    အင်း... မြန်မာတွေကိုက သတ္တိကောင်းလွန်းတာလို့ပဲ တွေးရတော့မှာပဲ :D

    ReplyDelete
  11. ဒီလို အကြံပြုတာလေးတွေကိုဗျာ အလကားမဖြစ်အောင် တပ်မတော်က ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ရှိတဲ့သူ တစ်ယောက်ယောက် သိအောင် ဘယ်လိုလုပ်နိုင်ရင် ကောင်းမလဲမသိဘူးဗျာ။ နောက်ပိုင်းမှာ ဒီဘလော့လေးကို ၀င်ဖတ်ပြီး တော်တော်များများဆွေးနွေးကြမှာပါ။ စကားမစပ်ဗျာ။ မြန်မာ့တပ်မတော်အခြေအနေကို အောက်ခြေကလဲ သိပြီ။ အထက်ကလဲ သိနေမှာပါ။ ဘာလို့မချိန်းနိုင်တယ်လို့ ထင်ကြလဲဗျာ။ အကြီးအကဲများကို ထိခိုက်လိုခြင်း မဟုတ်ပါ။

    ReplyDelete
  12. ကိုကြယ်ဖြူပြောထားတာကို ဆွေးနွေးရရင်ကျွန်တော့်အထင် ၂ ချက်ရှိတယ်ဗျာ။ (၁)အချက်က နိုင်ငံရဲ့ (တပ်မတော်ရဲ့စစ်ရေးအသုံးစရိတ်) ဘဏ္ဍာရေးအခြေအနေ...၊ (၂)အချက်က တာဝန်ရဲရဲယူပြီး ဆုံးဖြတ်လုပ်ကိုင်မှု...ဗျ။ ဘဏ္ဍာရေးအခြေအနေကတော့ အားလုံး သိပြီးသားမို့ ကျွန်တော် အထူးတလည် ဆွေးနွေးနေစရာ မလိုတော့ပါဘူးခင်ဗျာ။ နိုင်ငံရဲ့အခြေအနေက တတ်နိုင်တဲ့ ဘက်ဂျက်အတွင်းကနေပဲ ပြုပြင်ပြောင်းလဲမှုတွေကို တဖြည်းဖြည်းချင်း လုပ်ယူသွားမှ ရမှာပါ။ အားလုံးတော့ ရုတ်ခြည်း ကျွန်တော်တို့လိုချင်သလို ချက်ချင်းဖြစ်ပေါ်လာဖို့မရနိုင်ဘူးဆိုတာ ကျွန်တော်တို့လဲ နားလည်ကြပါတယ်.. ဒါပေမယ့် ကျွန်တော်တို့လိုချင်တာကလဲ အရင်ဦးဆုံး ခြေလှမ်းလေး တစ်ရပ်ကိုပဲ လိုချင်တာခင်ဗျ... ဥပမာ စစ်ဝတ် တန်ဆာပလာပေါ့။ အဲဒီနောက်ပိုင်းကမှ စပြီး နည်းဗျူဟာ၊ မဟာဗျူဟာ လက်နက်ကြီးတွေ စသဖြင့်... တဖြည်းဖြည်းနဲ့ တပ်မတော်တရပ်လုံး အဆင်မြှင့်တင်လာတာကို ကျွန်တော်တို့ဖြစ်စေချင်တာပါ။ ဒါကတော့ ဘက်ဂျက်ပေါ်မူတည်ပြီး အဆင့် ၁ ဆင့်ကနေ စတင်သင့်ပြီလို့ ကျွန်တော်တို့ထင်တာပဲဗျာ။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလို နံပါတ် ၁ အချက်ဖြစ်တဲ့ တာဝန်ခံပြီး ဆုံးဖြတ်လုပ်ကိုင်မှုမှာ လူကြီးတွေအနေနဲ့ လိုအပ်ချက်လေးတွေ ရှိနေမယ်လို့ ကျွန်တော်တော့ထင်တယ်။ ဥပမာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဆိုပါတော့... သူ့အနေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တာ မှန်တယ်.. ဒါပေမယ့် သူ့အနားမှာ စီနီယာတွေရှိမယ်၊ အခြားသော တပ်မတော်အရာရှိကြီးတွေ ရှိတယ်။ သူ့အနေနဲ့ တခုခုကို ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင်တောင် သူ့အနားက လူတွေရဲ့ သဘောထားနဲ့ တိုက်ဆိုင်၏၊ မတိုက်ဆိုင်၏... ဒါလေးတွေ ရှိမယ်လို့ ကျွန်တော်တော့ ထင်တယ်ဗျ။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ကြီးကို အဆင့်မြှင့်တင်ချင်တယ်၊ ခေတ်မီစေချင်တယ်၊ ပြုပြင်ပြောင်းလဲချင်တယ် ဆိုရင်တော့ တပ်မတော်ရဲ့ဖွဲ့စည်းပုံအရ စီနီယာပဲဖြစ်နေပေ့စေ၊ ဘယ်လောက်ပဲ ဝါရင့်နေပေ့စေ သူ့ရဲ့အမိန့်အောက်မှာ အားလုံးရှိနေကြတယ်မဟုတ်လားဗျာ... ဒီတော့ သူ့အနေနဲ့ ရဲရဲဝံ့ဝံ့ "ဒါတွေကို ဒီလိုလုပ်၊ ဒါတွေကို မလုပ်ရတော့ဘူး"ဆိုပြီး ပြတ်ပြတ်သားသားနဲ့ တာဝန်ယူ၊ စတင်ပြောင်းလဲစေမယ်ဆိုရင် ကျွန်တော်တို့လိုချင်နေတဲ့ ခြေလှမ်းတွေစတင်လာမယ်လို့ ကျွန်တော်တော့ ယုံကြည်မိပါကြောင်း...။

    ReplyDelete