Tuesday, June 14, 2011

Myanmar Special Operation Task Force


မြန်မာ့တပ်မတော် အထူးချေမှုန်းရေးတပ်ဖွဲ့ဝင်များ

9 comments:

  1. ဒီဝတ်စုံလောက် ရှေ့တန်းမှာ ဝတ်ရရင် မဆိုးဘူးဗျ။ အခုထက်တော့ အများကြီး ပိုစမတ်ကျတယ်။ ကိုင်ထားတဲ့ သေနတ်တွေက MA-13 ထင်တယ်။ တင်ပေးတာ ကျေးဇူးဗျို့ ၊ ဒီဝတ်စုံမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး။

    regards,

    ReplyDelete
  2. ဟုတ်တယ်ဗျ..အားလုံးကိုထုတ်ပေးထားရင် အတော်ကောင်းလိမ့်မယ်..နစက တပ်ဖွဲ့ဝင်တွေကို ဝတ်စုံအသစ်ဝတ်ဆင်ပေးထားရတာတွေ့တယ်..
    လေတပ်ဝတ်စုံနှင့်ခပ်ဆင်ဆင်ဗျ..တွေ့ဘူးကြမယ်ထင်ပါတယ် မဆိုးပါဘူး..ကောင်းပါတယ်..နောက်မှ တင်ပေးပါဦးမယ်..ခင်ဗျာ..

    ReplyDelete
  3. ၀တ်စုံကတော့ ပြောင်းမယ်မထင်ဘူး။သို့သော်လည်း ၀တ်စုံမပြောင်းတောင်မှ အခုလွယ်ထားတဲ့ အီကွေးမန့်လောက်ပြင်ပေးရင်ကိုပဲ မဆိုးဘူးလို့ပြောရမှာပဲ။ခြေလျင်မှာ ၀တ်နေကြတဲ့ဟာတွေက လေးလံတယ်လေ။အခု အထူးချေမှုန်းရေးတွေဝတ်ထားတဲ့ဟာတွေက ကျွန်တော်တို့အရင်ကပြောခဲ့တဲ့ နိုင်လွန်အီကွေးမန့်တွေဆိုတော့ ပေါ့ပါးတယ်။တပ်ကလူကြီးတွေက အသုံးဝင်တာပဲကြည့်တာ။လေးလံလွန်းတာတွေကိုကြည့်တာမဟုတ်ဘူး။ရေဗူးဆိုလည်း လေးလံတဲ့ခိုင်ခံ့တဲ့ သံဗူးမှ။မှန်တော့မှန်ပါတယ် သံဗူးသုံးရင် ခိုင်လည်းခိုင်တယ် သံဗူးအခွံက ရေခွက်လုပ်လို့ရတယ် ကော်ဖီကျိုလို့ရတယ်။ဒါပေမယ့် ဆိုးကျိုးတွေလည်းရှိတယ်ဆိုတာလည်း သိသင့် နားလည်ပေးသင့်တယ်။ပလပ်စတစ်ကော်ရေဗူးက ပေါ့ပါးတယ်။အဲဒါကိုပဲ သုံးရင် ပိုကောင်းမယ်ထင်ပါတယ်။အခု ဒီပုံမှာပါတဲ့ ရေဗူးတွေဟာလည်း ပေါ့ပါးတဲ့ကော်ဗူးတွေပါပဲ။ပေါ့ပါးပြီး ထိုက်သင့်သလောက် သူလည်းပဲ ခိုင်ခန့်ပါတယ်။

    အဓိက တပ်မတော်သားတွေကို ရှေ့တန်းသွားတဲ့အခါမှာ ဝေးလံခေါင်းသီးပြီး ရှည်လျားတဲ့ ခရီးရှည်တွေကို ခြေလျင်သွားခိုင်းစေခြင်းတွေကို မပြုလုပ်ဖို့လိုတယ်။ခရီးရှည်ပန်းရင် ရန်သူနဲ့တွေ့ရင် ရန်သူနဲ့တွေ့ရင် ခုခံနိုင်ဖို့ အင်အားကျဆင်းစေပါတယ်။ဒါကြောင့် တပ်မတော်သားတွေကို ခရီးရှည်ချီတတ်တိုက်ခိုက်စေတာတွေကို မလုပ်သင့်ဘူး။အနီးနားဝန်းကျင်မှာပဲ ကျင်လည်လှုပ်ရှားပြီး ကျွမ်းကျင်အောင်လုပ်ခိုင်းသင့်တယ်။ခရီးရှည်ကိုသွားရောက်တိုက်ခိုက်ရမယ်ဆိုရင်လည်း တိုက်ခိုက်ရမယ့် နေရာအထိ ယာဉ်တစ်ခုခုနဲ့ပို့ဆောင်ပေးပြီးမှလုပ်သင့်တယ်။

    အဓိကပြောချင်တာက တပ်မတော်သားတွေ ၀တ်ဆင်ထားတဲ့ အရာတွေကို ပေါ့ပါးသွတ်လတ်နိုင်သလောက်ပြုပြင်ပေးဖို့ပါပဲ။

    ReplyDelete
  4. အထူးချေမှုန်းရေးအဖွဲ့တွေနဲ့ ခြေလျင်တပ်သားတွေနဲ့ကတော့ မတူတဲ့အချက်တွေအများကြီးရှိတဲ့အတွက် အထူးချေမှုန်းရေးတွေလို တစ်ထပ်တည်းကျအောင် ဆင်မြန်းပေးဖို့ကတော့ မဖြစ်နိုင်ဘူး။အထူးချေမှုန်းရေးဆိုတာကတော့ သူတို့ခန္ဒာကိုယ်မှာ ပေါ့ပါးနေရမယ် လိုချင်တဲ့ပစ်မှတ်ကို အမြန်ချေမှုန်း အမြန်ရယူပြီး ပြန်လည်ဆုတ်ခွာတဲ့သူတွေဖြစ်လို့ ဒီကွန်မန်ဒိုတွေနဲ့ ခြေလျင်တပ်တွေနဲ့ မတူတာတွေ ကွာခြားချက်တွေတော့ရှိတာပေါ့ဗျာ။

    ခြေလျင်တပ်တွေအတွက် လိုအပ်တာတွေက ပေါ့ပါးခေတ်မှီခိုင်ခံ့တဲ့ နိုင်လွန်အီကွေးမန့်နဲ့ ခိုင်ခန့်သပ်ရပ် ပေါ့ပါးတဲ့ ဦးထုပ်တွေပါပဲ။လက်ရှိဆောင်းနေတဲ့ ဦးထုပ်တွေက နေလုံလို့ဆောင်းတယ်ဆိုပေမယ့် လျှာထိုးဦးထုပ်ဆောင်းလည်း နေလုံတာပါပဲ အထွေထူးပိုပြီးတော့ အခုဆောင်းနေတဲ့ တောဆောင်းတွေက ပိုလုံမနေပါဘူး။မိုးရွာရင် လျှာထိုးဦးထုပ်ကမှ နည်းနည်းအဆင်ပြေအုံးမယ်။နောက်ပြီး ဆက်သွယ်ရေးစက်ကို တပ်စိတ်တစ်ခုကို တစ်ခုစီထားပေးသင့်တယ်။အဲဒါလေးတွေပြင်သင့်တယ်။တပ်မတော်မှာက ကိုယ်တိုင်ဝယ်သုံးတပ်ဆင်နေရတာတွေကို ပြင်ဆင်သင့်တယ်။

    ReplyDelete
  5. သိပ်မှန်တာပဲဗျာ။ အဓိကက မြန်မာ့တပ်မတော်သုံးစစ်ဝတ်တွေကို ပြင်သင့်ပါပြီ။ အိုင်ကွန်လေးတွေကိုလဲ တာဝန်ရှိတဲ့သူတွေကို ထုတ်ပေးသင့်တာပေါ့ဗျာ။ ကျောပိုးအိတ်ကိုလဲ ချည်အစားနိုင်လွန်နဲ့ယက်လိုက်ရင် ပေါ့ပြီး ခပ်ကြီးကြီးလဲ လုပ်လို့ရတယ်။ ခုလို ဒီဆိုက်လေးတွေ့ရတာ ၀မ်းသာပါတယ်။ ဘက်ဂျက်အနေအထားအရ စစ်ဝတ်တွေ မချိန်းနိုင်သေးရင်လဲ တိုင်းအလိုက် စံပြတပ်တွေရွေးပြီး ဖြည်းဖြည်းချင်း ဆင်ပေးသွားမယ်ဆိုရင် ပိုကောင်းသွားမယ်ဗျာ။

    ReplyDelete
  6. I see DSA And DSTA pics...only, if you have OTS and OTC pics, please upload to blogs ...thanks...

    ReplyDelete
  7. ကိုmg ကျွန်တော်အမြင်ကတော အထက်ကလူကြီးတော ကဘာလိုဆိုသက်သာမလဲဆိုတာသိ ပါတယ်
    စစ်သာဖြစ်မှာတော သူတိုကို နေတက်အောင်ထိုင်တက်အောင် အပင်အပန်းခံနိုင်အောင် လေကျင့်ပြီး
    သာပါ လူပင်သေးသော်လေ ခံနိုင်ရေးနဲ စိတ်ဓာတ်ကတော အတူတူပါပဲ နောက်တစ်ခုက ဦးတုပ်
    အကျီး ရေဗူး စသည်တိုက မပြောင်ပေးနိုင်သော်ကြောင့်မဟုတ်ပါဘူး မလိုအပ်လိုပါ တပ်တစ်တပ်တည်း ပြောင်းရုံနဲမရနိုင်ဘူး နောက်ပြီ အကျီးတိုကဘာတိုက ငှက်ဖျား ရာသီဥတုဒဏ်
    အစစအရာရာအဆင်ပြေတယ် နော်တစ်ချက်က "အဓိက တပ်မတော်သားတွေကို ရှေ့တန်းသွားတဲ့အခါမှာ ဝေးလံခေါင်းသီးပြီး ရှည်လျားတဲ့ ခရီးရှည်တွေကို ခြေလျင်သွားခိုင်းစေခြင်းတွေကို မပြုလုပ်ဖို့လိုတယ်။ခရီးရှည်ပန်းရင် ရန်သူနဲ့တွေ့ရင် ရန်သူနဲ့တွေ့ရင် ခုခံနိုင်ဖို့ အင်အားကျဆင်းစေပါတယ်။ဒါကြောင့် တပ်မတော်သားတွေကို ခရီးရှည်ချီတတ်တိုက်ခိုက်စေတာတွေကို မလုပ်သင့်ဘူး" အဲဒီအချက်ကမှားနေတယ်လိုထင်တယ် စစ်တိုက်ချင်နဲစစ်သာဆိုတာ မင်းသာနဲ အိမ်မှာနေတာမဟုတ်ဘူး လမ်းလျှောက်နိုင်ရမယ် ထမင်းဟင်(အသိုးအကောင်) ဘယ်လိုမဆိုစားနိုင်ရမယ် ဘာမှာစားစရာမရှိရင် မျှစ်ရှိရင်မျှစ်တူ ရှိတာကို စားနိုင်ရမယ် လေ အလေးအပင်သယ်နိုင်ရမယ်အကြမ်းခံနိုင်ရမယ် စိတ်ဓာတ်မာရမယ် စိတ်မချောက် ခြားရဘူး ဘယ်နေရာကစစ်သားဘယ် လက်အောက်ခံကစစ်သားမဆို တစ်နာရီါ်မိုင် ၂၀ လမ်းလျောက်နိုင်ပါတယ် ဒါမှာတောတဲထောင်သွားစစ်တိုက်နိုင်မှာပေါ့ ဗျာလမ်းမလျှောက်နိုင်လို အထက်ကိုအကူအညီတောင်
    ညောင်းရင်ခဏနား နေလိုဘယ်လိုစစ်တိုက်မှာလဲ ဟိတ်ဟန်နဲ တကယ်အလုပ်ဖြစ်တယ်ပုံစံကိုရွေးပါ
    သေချာတွေးကြည်ပါ စစ်သားဆိုတာ မင်းသာမဟုတ်သလို အိမ်မှာနေတာမဟုတ်ဘူး ခင်ဗျာ
    အရာရာက စံနဲအလုပ်လုပ်တာပါ နောက်တစ်ချက်ရေဗူးဟာ တကယ်တိုက်ပွဲဖြစ်၇င် အသုံကျပါတယ်
    လေးသော်လဲ အရမ်အဆင်ပြေပါတယ် ဒါကြောင်အထက်ကမပြောင်းတာပါ နောက်တစ်ချက် က
    စစ်တိုက်ရင် လမ်းတစ်ဝက် ကိုအထက်ကပိုပေးရမယ်ဆိုတော ရယ်စရာကောင်ပါတယ်
    စေတနာကိုနာလည်ပင်မယ် အဲလိုလုပ်လိုက်ရင် စစ်သားတွေအကုန်သေကုန်လိမ်မယ်
    မယုံရင်လုပ်ကြည့်  :D အထူခြေမုန်းရေးတပ်နဲ စစ်သားနဲမတူဘူး သူအဆင်နဲသူ လေ့ကျင့်ထာတယ်
    အထူးခြေမုန်းရေးတပ်ကို တောထဲတောင်ထဲမှာ တိုက်ခိုင်းလိုမရဘူး သူဟာနဲသူ သင့်တင့်တာကို ပေးထားတာပါ အစ်ကိုအဲလိုပြေတာ သိတယ်လူတွေ ဘာတွေ ဖတ်မိရင်
    တကယ်စစ်တိုက်နေတယ်လူတွေ ပြောကြည်ပါလား ၀ိုင်အော်လိမ်မယ် ခိခိ
    မှားသွားရင်ခွင့်လွတ်ပါ အစ်ကိုနိုင်ငံခြား ကလူတွေကိုကြည်ပြီ အားကျတယ်ဆိုတာသိပါတယ် ဒါပင်မယ် တကယ်စစ်နဲအမြဲထိတွေနေတာ မြန်မာစစ်တပ်ပါဗျာ အခြာအိမ်နီချင်နိုင်ငံတွေက စစ်ဆိုတာမ၇ှိတောဘူးလေ ဒီတော့ဟိတ်ဟန်ထုတ်နိုင်တာပေါ့ တပ်မတော် နေတွေမှာတပ်အင်အားမပြတာလဲဆိုတော့ ထိပ်တန်လျှိုဝှက်ချက် တစ်ခုအဖြစ်သက်မှတ်လိုက်လိုပဲ မလိုအပ်တယ်လူ မသိသင့်တယ်လူ ကို မသိအောင်လုပ်ထာတားပဲ

    ReplyDelete
  8. ကောင်းပါတယ် ဒီပုံအတိုင်းဆို..

    ReplyDelete
  9. ဘာပဲဖြစ်နေဖြစ်နေ ယူနီဖောင်ကောင်းကောင်းလေးနဲ့ တပ်သားတွေလည်း လစာကောင်းကောင်းလေးတော့ ပေးစေချင်ပါတယ်ဗျာ။ဒီမှာရှိတဲ့တောင်ကိုရီယားစစ်သားတွေကိုကြည့်ပြီး ကိုယ်နိုင်ငံက စစ်သားတွေအတွက် စိတ်မကောင်းတောင် ဖြစ်မိပါတယ်။

    ReplyDelete