မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ)တပ်များ၊ တပ်ပေါင်းစုံများတွင် အသုံးပြုသောစစ်လက်နက်များအား ဆွေးနွေးကြမည်ဖြစ်ပြီး မည်သူမဆိုဝင်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်။ ကာကွယ်ရေးဆိုင်ရာ လက်နက်များကိုသာ ဖော်ပြသည်ဖြစ်၍ မည့်သည့် နိုင်ငံရေး၊မူဝါဒရေးရာစသည့် အချက်များနှင့် လုံးဝမသက်ဆိုင်ပါ..။ ကျေးဇူးတင်ပါသည်။ ဘလော့ဒ်ဂါ ကိုMM
Monday, October 31, 2011
ကြည်း၊ရေ၊လေ တပ်ပေါင်းစုံ
Saturday, October 29, 2011
တပ်မတော်ရေ စစ်ရေယာဉ်များပေါ်ရှိ စစ်လက်နက်များ
၂၁၁ အမြန်တိုက်ခိုက်ရေးယာဉ်များ စစ်ရေးလေ့ကျင့်မှု တစ်ခုအတွင်းတွေ့ရစဉ်
ပိုင့်၅ စက်သေနတ်ကြီးများ တပ်ဆင်ထားသည်

အမြောက်အမျိုးအစားက ၄၀မမ တွေဘဲထင်ပါတယ် (အမျိုးအစားမသိပါ)

ဘော်ဖာ ၂ပြောင်းတွဲ အမြောက်ကြီးများ (တဖက်တွင် ၃၁ ကမ်းရိုးတန်းသွား ကော်ဗတ် စစ်ရေယာဉ်အားတွေ့ရစဉ်)

ဘော်ဖာ အမြောက်ကြီးများကို ပင်လယ်ပြင် လေကြောင်းကာကွယ်ရေးစနစ်များအဖြစ် အသုံးပြုယုံမက ကမ်းရိုးတန်းတစ်လျှောက်ရှိ ဘန်ကာများကို ချေမှုန်းဖျက်ဆီးနိုင်စေရန် အတွက်လည်း အသုံးပြုခဲ့ပါသည်။ ယိုးဒယားတပ်မတော်ရေတွင်လည်း တွင်ကျယ်စွာအသုံးပြုနေဆဲဖြစ်သည်။
(ပုံတွေကို အမြဲပို့ပေးတဲ့ ကိုဗညားကို ကျေးဇူးအထူးတင်ရှိပါသည် ခင်ဗျာ..။)

Friday, October 28, 2011
မြန်မာ့တပ်မတော်၏ စစ်လက်နက်များ
၈၁မမစိန်ပြောင်း ပစ်ခတ်မှုလေ့ကျင့်နေစဉ်

ရှေ့တန်း စစ်မြေပြင်တွင် ၇၅မမ နောက်ပွင့်ရိုင်ဖယ် ပစ်ခတ်မှု

စစ်မြေပြင်ရောက် စစ်သည်များနှင့် ၇၅မမ နောက်ပွင့်ရိုင်ဖယ်

၇၅မမ နောက်ပွင့်ရိုင်ဖယ်နှင့် MG3 ၇.၆၂မမ သွယ်ဝိုက်ပစ်ကူပေး စက်လတ် သေနတ်

ဘဇူကာ အမ်၂၀ ၃.၅မမ လောင်ချာ ပစ်ခတ်လေ့ကျင့်နေစဉ်

မြန်မာ့တပ်မတော်၏ ခေတ်အဆက်ဆက်က အသုံးပြုခဲ့သော စစ်လက်နက်ပစ္စည်းများကို လေ့လာမိစေရန် ရည်ရွှယ်ပါသည်..။

Myanmar Air Defence Force Bofors 40mm
Bofors ၄၀မမ လေကြောင်းရန်ကာကွယ်ရေး

မြေပြင်တပ်သုံး၄၀မမ ဘောဖာအမြောက်များ လေ့ကျင့်ပစ်ခတ်နေစဉ် ဖြစ်ပါသည်။
မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်များတွင် တံမြက်စည်းဟုလူသိများသော ဘော်ဖာအမြောက်များကို မြေပြင်အခြေဆိုက်နှင့် သင်္ဘောပေါ်အခြေဆိုက်ဟူ၍လည်း အသုံးပြုသည်..။ မြန်မာ့တပ်မတော်ရေ ကမ်းရိုးတန်းသွား စစ်ရေယာဉ်များ၏ တချိန်က အားအထားရဆုံးလက်နက်စနစ်ဖြစ်ခဲ့ပါသည်။မကြာသေးသောကာလများက မြန်မာ့တပ်မတော်အတွက် အိန္ဒိယနိုင်ငံမှ အဆင့်မြင့်တင်ထားသော ခေတ်မှီစနစ်များတပ်ဆင်ထားသော ဘော်ဖာများ လက်ခံရရှိခဲ့သည်ဟု သိရပါသည်..။
ရေတပ်သုံး ၂ပြောင်းပူးတွဲပါ ၄၀မမဘော်ဖာ အမြောက်စနစ်

ဘော်ဖာ ၄၀မမ လေယာဉ်ပစ်အမြောက်စနစ်

လက်ရှိတွင်လည်း အသုံးပြုဆဲနိုင်ငံအတော်များများ ရှိနေဆဲဖြစ်ပြီး အဆင့်မြင့်တင်မှုများ ပြုလုပ်လျက်ရှိပါသည်။
(အမှားပါရင် ထောက်ပြပေးကြပါခင်ဗျာ..။)

Thursday, October 27, 2011
Comet Cruiser Tanks in Myanmar Army

မြန်မာ့တပ်မတော် သံချပ်ကာ၊တင့်ကားတပ်များတွင် အသုံးပြုခဲ့သော comet တင့်ကားများဖြစ်ပါသည်။အင်္ဂလန်နိုင်ငံမှ ၁၉၄၄ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး အစီးရေ ၁၁၈၆ စင်းထုတ်လုပ်ခဲ့ပါသည်။ပင်မလက်နက်စနစ်အဖြစ် ၇၇မမ တပ်ဆင်ထားပြီး ကျည်၆၁တောင့် ပါဝင်သည်။ထို့ပြင် ဒုတိယလက်နက်အဖြစ် ၇.၉၂မမ စက်လတ် ဖြစ်ပြီး ကျည် ၅၁၇၅ တောင့်ပါဝင်သည်။စစ်ဆင်နိုင်မှုအကွာအဝေးမှာ ကီလိုမီတာ-၂၅၀ရှိပြီး မိုင်အားဖြင့် ၁၅၅မိုင်ရှိပါသည်။Comet တင့်ကား၏ အမြန်နှုန်းမှာ တစ်နာရီတွင် ၅၀ကီလိုမီတာရှိပြီး တင့်ကား၏ သံချပ်ကာအထူမှာ ၄လက်မအထူရှိပါသည်။ ဒုတိယကမ္ဘာစစ်ကာလက အင်္ဂလန်၏ အကောင်းဆုံး တင့်ကားကြီးများဖြစ်ခဲ့ပါသည်..။
မြန်မာ့တပ်မတော်သုံး Comet ခရူဇာ တင့်ကားကြီးများ
Comet တင့်ကားကြီးများ နှင့် အခြေခံတင့်ကား သင်တန်းများ

တင့်ကား၏ အမြောက်ပြောင်း

ကြည်း၊လေ ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ်ဖြစ်ပါသည်။

ရဟတ်ယာဉ် နာမည်ကိုတော့ မေ့သွားလို့ သိတဲ့သူများ ဖော်ပြပေးကြပါဦး..။
မြန်မာ့တပ်မတော် သံချပ်ကာယာဉ်များ (၁၉၈၀ ဝန်းကျင်က..)
၁၉၈၀ ခုနှစ်များအတွင်းကတွေ့ရသော မြန်မာ့သံချပ်ကာတပ်မှ သံချပ်ကာယာဉ်များဖြစ်ပါသည်..။

မြန်မာ့တပ်မတော် သံချပ်ကာတပ်သုံး Ferret သံချပ်ကာယာဉ်များ ဖြစ်ပါသည်။ယခုအချိန်အထိ မလေးရှားကြည်းတပ်တွင် အသုံးပြုလျက်ရှိနေဆဲဖြစ်သည်။ မလေးရှားပြည်တွင်းစစ်များတွင် ကောင်းစွာအသုံးပြုခဲ့ကြပါသည်။
မလေးရှားကြည်းတပ်သုံး သံချပ်ကာယာဉ်

Ferret သံချပ်ကာယာဉ်၏ အခြေခံအချက်အလက်တချို့
တန်ချိန်......၃.၇တန်
စစ်သည်......၂၊၃ ယောက်
ပင်မလက်နက်စနစ်..... ၄၀မမ
ဒုတိယ လက်နက်စနစ်.... ၇.၆၂မမ
စစ်ဆင်နိုင်မှု အကွာအဝေး....၃၁၀ ကီလိုမီတာ (မိုင် ၁၉၀)
အမြန်နှုန်း....... ၁နာရီ-၉၃ ကီလိုမီတာနှုန်း စသည်တို့ဖြစ်ပါသည်။
(ပုံများကို ကိုဗညားမှ ပို့ပေးခြင်းဖြစ်ပါသည် အမြဲပို့ပေးတဲ့အတွက် အထူးကျေဇူးတင်ပါတယ်ခင်ဗျာ...။)

Tuesday, October 25, 2011
ကိုယ်ရံတော် အထူးချေမှုန်းရေးတပ်ဖွဲ့ဝင်များ
Myanmar M2 12.7mm HMG (KaPaSa)
၁၂.၇မမ စက်ကြီးများအား တွေ့ရစဉ်

အမေရိကန်နိုင်ငံမှ ၁၉၃၃ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ယခုအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် အသုံးပြုလျက်ရှိသည်။ပိုင့်ဖိုက်(၁၂.၇မမ/၀.၅)ဟု လူသိများသော အမ်၂ စက်ကြီးများကို မြန်မာ့တပ်မတော်မှ ဗကပများနှင့် အားပြိုင်ခဲ့ရချိန်များကတည်းက အသုံးပြုသည်ဟုသိရပြီး ယခုနောက်ပိုင်းတွင်မှု ပြည်တွင်းတွင် ထုတ်လုပ်နိုင်နေပြီဖြစ်ပါသည်။မီတာ ၁၈၀၀မှ ၂၂၀၀ အထိပစ်ခတ်နိုင်ပြီး M2HB အမျိုးအစားများဖြစ်ကာ တစ်မိနစ်တွင် ကျည် ၄၅၀မှ၆၅၀ကြား ပစ်ခတ်နိုင်ပါသည်။နောက်ပိုင်းထုတ်လုပ်သော စက်ကြီးများတွင် ထိုထက်မက ပိုမို ပစ်ခတ်နိုင်ပါသည်။ ကမ္ဘာပေါ်ရှိ စစ်ပွဲတိုင်း၊တိုက်ပွဲကြီးများတိုင်းတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိနေဆဲပါခင်ဗျာ..။

Monday, October 24, 2011
အမြောက်လက်တွေ့ ပစ်ခတ်မှုသင်တန်းများ
(မြန်မာ့တပ်မတော် အမြောက်တပ်များအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် သင်တန်းများအား ဖော်ပြလိုခြင်းဖြစ်ပါသည်)
အမ်-၄၆ ၁၃၀မမ အမြောက်စနစ် (မသေချာပါ ထောက်ပြပေးကြပါရန်)

မြန်မာ့တပ်မတော် အမြောက်တပ်အရာရှိများ ရုရှားနိုင်ငံတွင် အမြောက်များ လက်တွေ့ပစ်ခတ်ခြင်း သင်ကြားနေစဉ်ဖြစ်ပါသည်။
2s19 Msta ၁၅၂မမ ယာဉ်တင်အမြောက်စနစ်နှင့် အတူတွေ့ရစဉ်

ရုရှားတပ်မတော်သုံး 2s19 Msta ၁၅၂မမ ယာဉ်တင်အမြောက်စနစ်

အမြောက်တပ်အရာရှိများမှ လေ့လာခွင့်ရခဲ့သည် အမြောက်လက်နက်ကြီးများ

2s19 ၁၅၂မမ ယာဉ်တင်အမြောက်စနစ်
ပင်မအမြောက်........၁၅၂မမ
ဒုတိယလက်နက်.....၁၂.၇မမ
တန်ချိန်.......၄၂တန်
တပ်ဖွဲ့ဝင်........၅ယောက်
တာဝေးပစ်ခတ်နိုင်မှု အကွာအဝေး....၂၉-၃၆ ကီလိုမီတာ
စစ်ဆင်နိုင်မှုအကွာအဝေး.....၅၀၀ကီလိုမီတာ (၃၁၁မိုင်)
အမြန်နှုန်း...... ၁နာရီ ၆၀ကီလိုမီတာ စသည်တို့ဖြစ်ပါသည်။

Saturday, October 22, 2011
Myanmar Mi-17 Helicopters
Friday, October 21, 2011
Thursday, October 20, 2011
Myanmar Armed Forces
အမျိုးအစား-၆၃ အပေါ့စားတင့်ကား၊ ကမ်းတက်ယာဉ်

၂၀၉ ကင်းလှည့် စစ်ရေယာဉ်

အက်ဖ်-၇ နှင့် အေ-၅စီ မြေပြင်ပစ်ကူပေး တိုက်လေယာဉ်များ

အမ်အိုင်-၂ အပေါ့စား တိုက်ခိုက်ရေးရဟတ်ယာဉ်များ

ပုံအဟောင်းတွေရော တင်ပေးလိုက်ပါတယ် ...။ ဒီဆိုက်ကို ဝင်ကြည့်ဖြစ်ကြတဲ့ ညီအစ်ကိုတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ..။ လက်နက်ပိုင်းဆိုင်ရာများကို မည်သူမဆို လေ့လာနိုင်စေရန် ဝေဌပေးစေချင်ပါတယ် ဒါကြောင့်အားလုံးကို ဝင်ရေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ..။

Subscribe to:
Posts (Atom)