




အမေရိကန်နိုင်ငံမှ ၁၉၃၃ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ယခုအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် အသုံးပြုလျက်ရှိသည်။ပိုင့်ဖိုက်(၁၂.၇မမ/၀.၅)ဟု လူသိများသော အမ်၂ စက်ကြီးများကို မြန်မာ့တပ်မတော်မှ ဗကပများနှင့် အားပြိုင်ခဲ့ရချိန်များကတည်းက အသုံးပြုသည်ဟုသိရပြီး ယခုနောက်ပိုင်းတွင်မှု ပြည်တွင်းတွင် ထုတ်လုပ်နိုင်နေပြီဖြစ်ပါသည်။မီတာ ၁၈၀၀မှ ၂၂၀၀ အထိပစ်ခတ်နိုင်ပြီး M2HB အမျိုးအစားများဖြစ်ကာ တစ်မိနစ်တွင် ကျည် ၄၅၀မှ၆၅၀ကြား ပစ်ခတ်နိုင်ပါသည်။နောက်ပိုင်းထုတ်လုပ်သော စက်ကြီးများတွင် ထိုထက်မက ပိုမို ပစ်ခတ်နိုင်ပါသည်။ ကမ္ဘာပေါ်ရှိ စစ်ပွဲတိုင်း၊တိုက်ပွဲကြီးများတိုင်းတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိနေဆဲပါခင်ဗျာ..။

အစ်ကိုMMရေ..။ ကျွန်တော် ဆရာလုပ်တာတော့မဟုတ်ပါဘူး.
ReplyDeleteအစ်ကို .. အစ်ကိုပညာရှိ သတိဖြစ်ခဲဖြစ်သွားတယ်ထင်တယ်..။
အစ်ကိုခုတင်ထားတဲ့ပုံက.. စက်လတ်မဟုတ်ပါခင်ဗျား.။ပွိုင့်ဖိုက်
လို့အလွယ်ခေါ်ကြတဲ့ စက်ကြီး(စက်သေနတ်ကြီး)ဖြစ်ပါတယ်.ခင်
ဗျ..။ စက်ကလေး၊ စက်လတ်၊ စက်ကြီးလို့ခေါ်ကြပါတယ်..။
စက်ကလေးက MA-2 စက်လတ်က.MG 42 လိုဟာမျိုးပါ.။
စက်ကြီးကတော့ အစ်ကိုပြထားသလို ဟာမျိုးပါခင်ဗျား..။
အစ်ကို့ကိုအားပေးနေပါတယ်.။
ဟုတ်ကဲ့အစ်ကိုရေ ကျွှန်တော်ပြန်ပြင်လိုက်ပါမယ်ဗျာ.. အမှားရှိရင် အခုလိုဝင်ထောက်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ.. နောက်လည်းအမှားတွေရှိရင် ပြောပြပေးပါဦးခင်ဗျာ..။
ReplyDeleteဒါကတော့ အမေရိကန်နိုင်ငံကထုတ်ခဲ့တဲ့ အမ်- ၂ ဘရောင်နင်စက်ကြီးမဟုတ်လား? အခုထိသုံးနေကြတုန်းပဲလေ။ ၅၀ကယ်လ်ဆိုတော့တော်တော်ကြမ်းပါတယ်ခင်ဗျာ။ လူကိုထိတာမြင်ဖူးပါတယ်။ ခါးကိုကျည်တချက်သာမှန်တာ နှစ်ပိုင်းတိတိပြတ်သွားခဲ့ပါတယ်။
ReplyDelete