
မြန်မာ့တပ်မတော် သံချပ်ကာ၊တင့်ကားတပ်များတွင် အသုံးပြုခဲ့သော comet တင့်ကားများဖြစ်ပါသည်။အင်္ဂလန်နိုင်ငံမှ ၁၉၄၄ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး အစီးရေ ၁၁၈၆ စင်းထုတ်လုပ်ခဲ့ပါသည်။ပင်မလက်နက်စနစ်အဖြစ် ၇၇မမ တပ်ဆင်ထားပြီး ကျည်၆၁တောင့် ပါဝင်သည်။ထို့ပြင် ဒုတိယလက်နက်အဖြစ် ၇.၉၂မမ စက်လတ် ဖြစ်ပြီး ကျည် ၅၁၇၅ တောင့်ပါဝင်သည်။စစ်ဆင်နိုင်မှုအကွာအဝေးမှာ ကီလိုမီတာ-၂၅၀ရှိပြီး မိုင်အားဖြင့် ၁၅၅မိုင်ရှိပါသည်။Comet တင့်ကား၏ အမြန်နှုန်းမှာ တစ်နာရီတွင် ၅၀ကီလိုမီတာရှိပြီး တင့်ကား၏ သံချပ်ကာအထူမှာ ၄လက်မအထူရှိပါသည်။ ဒုတိယကမ္ဘာစစ်ကာလက အင်္ဂလန်၏ အကောင်းဆုံး တင့်ကားကြီးများဖြစ်ခဲ့ပါသည်..။
မြန်မာ့တပ်မတော်သုံး Comet ခရူဇာ တင့်ကားကြီးများ
Comet တင့်ကားကြီးများ နှင့် အခြေခံတင့်ကား သင်တန်းများ

တင့်ကား၏ အမြောက်ပြောင်း

ကြည်း၊လေ ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ်ဖြစ်ပါသည်။

ရဟတ်ယာဉ် နာမည်ကိုတော့ မေ့သွားလို့ သိတဲ့သူများ ဖော်ပြပေးကြပါဦး..။
အဲလူးဝက်လို့ခေါ်ပါတယ်။ ပြင်သစ်ကထုတ်တာပါ။
ReplyDeleteဟုတ်ကဲ့ပါခင်ဗျာ..။ ကျေးဇူးတင်ပါတယ်..။ သူ့ခေတ်သူ့အခါတော့ ခေတ်မှီတယ်လို့ ပြောရမယ်ထင်တယ်ဗျာ ဒီရဟတ်ယာဉ်က..။
ReplyDelete