Tuesday, October 25, 2011

ကိုယ်ရံတော် အထူးချေမှုန်းရေးတပ်ဖွဲ့ဝင်များ


အမ်အေ-၃ ၅.၅၆မမ (ကပစထုတ်) ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ်များ ကိုင်ဆောင်ထားသော စစ်သည်များ

မြန်မာ့တပ်မတော်မှ အထူးချေမှုန်းရေး (ကိုယ်ရံတော်) စစ်သည်များဖြစ်ပါသည်။

2 comments:

  1. ကို MM ရေ... ကျွန်တော် အမြဲရောက်ဖြစ်ပါတယ်ဗျာ... နေ့တိုင်းပေါ့..။ အခု ကျွန်တော့်ကို ဆရာကြီး လုပ်တယ်လို့ (လုံးဝ)မထင်စေလိုပါဘူးခင်ဗျာ... အခု ကို MM တင်ထားတဲ့ပို့စ်ထဲက ပုံမှာပါဝင်တဲ့ MA - 3 (၅.၅၆ မီလီမီတာ) တွေက ကျွန်တော်တို့အခေါ် "အမ်အေ-၃ ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ်"လို့ပဲ ခေါ်ကြပါတယ်..။ စက်သေနတ်ဆိုတဲ့အခေါ်အဝေါ်တွေက MA-2 စက်ကလေးတို့လို...၊ အူဇီတို့လို...၊ MG-3 စက်လတ်တို့လို...၊ ပွိုင့်ဖိုက် စက်သေနတ်ကြီးတို့လို... အော်တိုမက်တစ် ကျည်အဆက်မပြတ် ထုတ်လွှတ်နိုင်တဲ့ သေနတ်တွေကိုမှ စက်သေနတ်လို့ခေါ်တယ်ထင်ပါတယ်ခင်ဗျာ..။ အခု MA-3 တွေက ကျည်ထွက်မှုအမြင့်ဆုံး (ကျွန်တော်တို့အခေါ် အတွဲလိုက်)ကို ထားပြီး Trigger ကွင်း မလွှတ်စတမ်း ပစ်နေရင်တောင် "ဒုတ်ဒုတ်ဒုတ်... ဒုတ်ဒုတ်ဒုတ်... ဒုတ်ဒုတ်ဒုတ်"ဆိုပြီးပဲ ကျည်ထွက်ပါတယ်။ စက်လတ်၊ စက်သေနတ်ဆိုတာတွေကျတော့ အဲဒီလိုမျိုး ပစ်တဲ့အခါမျိုးမှာ "ဒုတ်ဒုတ်ဒုတ်ဒုတ်ဒုတ်ဒုတ်ဒုတ်ဒုတ်ဒုတ်ဒုတ်ဒုတ်"ဆိုပြီး ဆက်တိုက် ကျည်ထွက်ပါတယ်ခင်ဗျာ... ဒါကြောင့်မို့လို့လဲ ကျည်ဆက်မပြတ် အတွဲရှည်ပစ်လို့ရတဲ့ သေနတ်မျိုးကိုမှ ကျွန်တော့်အထင် စက်သေနတ်လို့ ခေါ်တယ်လို့ ယူဆပါတယ်။ ပုံထဲမှာက MA-3 တွေကို ဒင်ခေါက်ပြီး ကိုင်ထားတဲ့အခါကျတော့ ရုတ်တရက်ကြည့်လိုက်လို့ မသိရင် အူဇီလေးတွေလို ထင်ယောင်ထင်မှားဖြစ်နိုင်စရာရှိပါတယ်... ပြီးတော့ mechanism ခေါ် စက်အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ သေနတ်မို့လို့ "စက်"သေနတ်လို့လဲ ခေါ်လို့လဲ ရပါတယ်ကွာ ဆိုပြီး ပြောလာရင်လဲ ခံရမှာပါပဲခင်ဗျာ...း) ... ကျွန်တော်ကတော့ ပညာရှိ သတိဖြစ်ခဲမို့လို့ ကို MM ချွတ်ချော်သွားတယ်လို့ထင်ပြီး သတိပေးလိုက်ရပါကြောင်း...။

    ReplyDelete
  2. ဟင်းဟင်းမထင်ပါဘူးဗျာ အခုလိုထောက်ပြပေးတာကိုဘဲ ကျေးဇူးတင်လှပါပြီဗျာ..။ ကျွှန်တော်ပြန်ပြင်လိုက်ပါ့မယ်ဗျာ..။ စက်သေနတ်တော့ စက်သေနတ်ဘဲဗျ :D စတာပါ..။ တကယ်ကျေးဇူးတင်ပါတယ်ဗျာ နောက်လည်းထောက်ပြပေးပါဦးဗျာ အားလုံးလည်းသိခွင့်ရတာပေါ့..။

    ReplyDelete