Monday, October 10, 2011

မြန်မာ-ယိုးဒယား တာဝေးပစ် ဒုံးစနစ်များ

တူရကီနိုင်ငံသုံး ၃၀၂မမ အတွဲလိုက်ပစ် ဒုံးစနစ် (တရုပ်ထုတ်)

တရုပ်နိုင်ငံမှ ၁၉၈၀ခုနှစ်နှောင်းပိုင်းတွင်ထုတ်လုပ်ခဲ့သော WS-၁ စနစ်တွင် ၃၀၂မမ ဒုံးကျည်များကို အသုံးပြုထားပြီး ပြည်ပတို့ရောင်းချရန် ပုံစံထုတ်ခဲ့ခြင်းဖြစ်သည်။၁၉၉၀ခုနှစ်တွင် ပစ်ခတ်စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ပြည်ပလက်နက်ဈေးကွက်သို့ တင်ပို့နိုင်ရန် ရည်ရွယ်ခဲ့သော်လည်း အမှာစာများမရရှိခဲ့ပေ။ယခုအချိန်တွင် ဒုံးလက်နက်ကို စနစ်လေးမျိုးခွဲ၍ ထုတ်လုပ်ခဲ့ပါသည် ၃၀၂မမ WS-၁ (ကီလိုမီတာ ၁၀၀) WS-၁ဘီ (ကီလိုမီတာ ၁၈၀) ၁၂၂မမ WS-၁အီး (ကီလိုမီတာ ၄၀) နှင့် နောက်ဆုံးစနစ်အဖြစ် ၄၀၀မမ WS-၂ (ကီလိုမီတာ ၂၀၀) ဖြစ်ပါတယ်။ပြောင်းအနေနှင့် ကတော့ ၄ ပြောင်း ဖြစ်ပြီး ၁၂၂မမ က ပြောင်း၄၀ ၄၀၀မမ က ၆ ပြောင်းတပ်ဆင်ထားပါတယ်..။ပထမဆုံးတရုပ်ရဲ့စနစ်ကို ဝယ်ယူခဲ့တဲ့နိုင်ငံကတော့ တူရကီနိုင်ငံဖြစ်ပါတယ်..။
ယိုးဒယားထုတ် ၃၀၂မမ အတွဲလိုက်ပစ် ဒုံးစနစ်

ယိုးဒယားတပ်မတော်အနေနှင့် အခုအခါမှာ WS-၁ စနစ်ကို ဝယ်ယူထုတ်လုပ် တပ်ဆင်နေပြီဖြစ်ပါတယ်..။ ဘီအဆင့်လည်းဖြစ်နိုင်ပါတယ်..။ဒီစနစ်ကို တရုပ်နိုင်ငံမှ ဝယ်ယူထားတာဖြစ်ပြီး ၃၀၂မမ နှင့် ပြောင်း၎ပြောင်းဖြစ်ပါတယ်..။
မြန်မာ့တပ်မတော်မှာတပ်ဆင်ထားတဲ့ တာဝေးပစ်ဒုံးစနစ်ဟာ ၂၄၀မမ ဒုံးကျည် နှင့် ၁၂ပြောင်း ဖြစ်ပါတယ်..။
ယိုးဒယားထုတ်က ၃၀၂မမနှင့် ၄ပြောင်း ဖြစ်နေပါတယ်..။
ထိရောက်မှုအကွာအဝေးအနေနှင့်ကတော့ ယိုးဒယားမှ အနည်းဆုံး ကီလိုမီတာ ၁၀၀ထိရောက်အောင် ပစ်ခတ်နိုင်မှာဖြစ်ပြီး မြန်မာ့တပ်မတော်အနေနှင့် ကီလိုမီတာ ၄၀-၅၀ အတွင်းသာထိရောက်နိုင်မှာဖြစ်ပါတယ်။ ဒီ့ပြင်နောက်တစ်ချက်က ယိုးဒယားက ကိုယ်ပိုင်ထုတ်လုပ်တာဖြစ်ပြီး ကျွှန်တော်တို့အနေနှင့် ဝယ်ယူထားရတဲ့ အဆင့်ဖြစ်နေပါသေးတယ်..။ အိမ်နီးချင်းနိုင်ငံတွေကို တကယ်ခြိမ်းခြောက်တယ်ဆိုတာ တကယ်တော့ ယိုးဒယားလို့ယူဆမိပါတယ်..။
တပ်မတော်သုံး အမ်-၁၉၈၅ ၂၄၀မမ တာဝေးပစ်ဒုံးစနစ်

မြောက်ကိုးရီးယား၏ အမ်-၁၉၈၅ ၂၄၀မမ စနစ်များ


အမ်-၁၉၉၁ ၂၄၀မမ စနစ်ကတော့ ပြောင်း ၂၄ပြောင်းတပ်ဆင်ထားပြီး ပြည်ပသို့ရောင်းချခြင်း မပြုဘူးလို့သိရပါတယ်။
တပ်ဆင်ထားသင့်သည့် စနစ်များ-
၉အေ၅၃-၃တီ Smerch စနစ် (ရုရှားထုတ် ဖြစ်ပြီး အိန္ဒိယတွင် အသုံးပြုနေသည်)

တရုပ်ထုတ် ၃၀၀မမ phl၀၃ စနစ်များ


မြန်မာ့တပ်မတော်အနေနှင့် ဒေသတွင်းနိုင်ငံများနှင့် အမှီလိုက်ဖို့ဆိုရင် တရုပ်ထုတ် (သို့) ရုရှားထုတ်တွေကို ထပ်မံဝယ်ယူ တပ်ဆင်ထုတ်လုပ်သင့်ပါတယ်..။

1 comment:

  1. According to Wikipedia, Royal Thai army has WS-1B and DTI-1 is Thai Version (prototype)

    ReplyDelete