Tuesday, October 11, 2011

အမြောက်တပ် ၈၁မမ မော်တာ


မြန်မာ့တပ်မတော် အမြောက်တပ် ရှေ့ တန်းပစ်ကူပေး ၈၂မမ မော်တာဖြစ်မယ်ထင်ပါတယ်..။၁၂၀ထက်တော့ နည်းနည်းသေးနေသလိုပါဘဲဗျာ..။ပြောပေးကြပါဦးခင်ဗျာ..။

4 comments:

  1. ၈၁ မမ ဘဲဖြစ်မယ်လို့ထင်တယ်။ တပ်မတော်မှာ ၈၂ မမ မသုံးဘူးလားလို့။

    ReplyDelete
  2. ဟုတ်တယ်ခင်ဗျ... ၈၁ မမ မော်တာဖြစ်ပါတယ်..။ ခုလို မော်တာပစ်ကျင်းလေးကို မြင်ရတော့ ရှေ့တန်းကို သွားသတိရမိတယ်ဗျာ...
    ကျွန်တော်က မြန်မာ-ယိုးဒယားနယ်စပ် ကရင်ပြည်နယ်အတွင်းက ရှေ့တန်း မဆုတ်တမ်း ခံစစ်စခန်းကြီးတစ်ခု(နာမည်မဖော်ပြတော့ပါ)မှာ
    လအတန်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်...။ အခြားသော မဆုတ်တမ်းခံစစ်စခန်းကြီးတွေ တော်တော်များများကိုလဲ ဗျူဟာမှူးတွေ
    တပ်စစ်သွားတာနဲ့အတူတူ လိုက်သွားရင်းနဲ့ဖြစ်စေ... ရိက္ခာထုတ်ဖို့အတွက် သွားရင်းဖြစ်စေ ရောက်ဖူးပါတယ်။ ယခင် မဲသဝေါကုန်း
    ယခု ပွိုင့် -*** မှာလဲ တော်တော်နှံ့နှံ့စပ်စပ် ရောက်ခဲ့ဖူး၊နေခဲ့ဖူးပါတယ်... မဲသဝေါကို တိုက်စဉ်တုန်းက ပစ်ကူစစ်ကူပေးခဲ့တဲ့
    မဲသဝေါပြန့်နားက မောရလီတို့၊ ကစ္ဆာနလီတို့..စတဲ့ စခန်းကုန်းတွေကိုလဲ တော်တော် ရောက်ခဲ့ဖူးပါတယ်။ ပြောမိတာတွေ များသွားရင်
    ခွင့်လွှတ်ပါဗျာ... ရှေ့တန်းဘဝလေးကို ပြန်လွမ်းရင်းနဲ့ အရှိန်လွန်သွားသလို ဖြစ်သွားတာပါ..။ ကျွန်တော် အဓိကပြောချင်တာက စာဖတ်သူတွေအတွက်
    ဗဟုသုတလေးရအောင် ပြောပြမလို့ပါခင်ဗျာ..။ ဒီလိုပါ... ပုံထဲမှာ တွေ့ရတဲ့ မော်တာရဲ့ ညာဘက်ကစစ်သည်ရဲ့အရိပ် ကျနေတဲ့
    မြေအောက်ဘန်ကာအခေါင်းပေါက်လေးကို တွေ့မိကြမယ်ထင်ပါတယ်ဗျာ... အဲဒီဘန်ကာအပိုလေးကတော့ မော်တာကျည်ဖူးတွေကိုပစ်ခတ်စဉ်မှာ
    လုံလောက်တဲ့ ခြောက်သွေ့မှုရှိအောင်(နွေ၊ဆောင်းဥတုတွေမှာ) ထည့်သွင်းသိုလှောင်ထားဖို့ အသုံးပြုတာဖြစ်ပါတယ်...။
    နောက်ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်မှာ မိမိစခန်းထဲက မိမိမော်တာအဖွဲ့နားကို ရန်သူ့အမြောက်ကျည်တိုက်ရိုက်ကျရောက်ပေါက်ကွဲမှုကြောင့်
    မိမိတို့မော်တာကျည်ဖူးများပါ ထပြီး ထပ်ဆင့်ပေါက်ကွဲမှုတွေ မကြုံတွေ့ရအောင် အတွင်းဘက်ခပ်ကျကျနေရာမျိုးမှာ ထည့်သွင်းသိမ်းဆည်းထားနိုင်ဖို့
    ရည်ရွယ်ပြီးလဲ ပြုလုပ်ထားတာဖြစ်ပါတယ်။ မော်တာကျည်ဆံတို့လို လက်နက်ကြီးကျည်ဖူးတွေဆိုတာက စစ်သည်တွေနေထိုင်တဲ့
    တဲထဲလိုမျိုးနေရာတွေမှာ မသိမ်းဆည်းပါဘူး... မတော်တဆ ဆေးလိပ်မီးပွားလိုမျိုး၊ မီးဖို/မီးညွန့်/မီးအရှိန်စတဲ့ ကျည်ဖူးတွေထပြီး
    ပေါက်ကွဲနိုင်လောက်တဲ့ အန္တရာယ်တွေကနေ ဟန့်တားပြီးသားလဲဖြစ်အောင်... တိုက်ပွဲကြောင့် မော်တာပစ်ခတ်ဖို့လိုအပ်လာရင်
    ကျည်ဖူးတွေ သယ်ယူရွှေ့ပြောင်းယူဆောင်ရတာမျိုးလုပ်စရာမလိုပဲ ပစ်ကျင်းထဲမှာတင် အလွယ်တကူ အသင့်ရယူပစ်ခတ်နိုင်အောင်
    ပြုလုပ်ထားတဲ့ ဘန်ကာအပိုလေးပဲဖြစ်ပါတယ်။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ မိုးရာသီလိုမျိုးတွေမှာ... နောက်ပြီးတော့ တိုင်းအရံလက်နက်ခဲယမ်းတွေလိုမျိုး
    ကျည်ဖူးတွေအများအပြားကိုတော့ ယခုလို နေရာမျိုးမှာ ထားရှိခြင်းမျိုး မပြုလုပ်ပါ..၊ အခြားလုံခြုံတဲ့၊ခြောက်သွေ့တဲ့ ဘန်ကာတွေထဲမှာသာ
    ထားရှိသိုလှောင်ကြပါတယ်။

    ReplyDelete
  3. နောက်ပြီး... ဓာတ်ပုံထဲက မော်တာပစ်ကျင်းရဲ့ နှုတ်ခမ်းသားမြေကြီးဘောင် ပတ်ပတ်လည်အပေါ်တွေမှာ
    တုတ်တံလေးတွေနဲ့ ထိုးစိုက်ထားတဲ့ ကဒ်ထူစက္ကူပြားလေးတွေကိုလဲ တွေ့မိကြမယ်ထင်ပါတယ်... အဲဒီအမှတ်အသားလေးတွေကတော့
    တခြားမဟုတ်ပါဘူး..။ အထိုင်တပ်စခန်းတွေအနေနဲ့ မိမိစခန်းကို ရန်သူချဉ်းကပ်လာနိုင်မယ့်လမ်း၊ ဆုတ်လမ်း/ခွာလမ်းတို့အပါအဝင် စခန်းရဲ့
    အနီးပတ်ဝန်းကျင် အထင်ကရနေရာတွေ... (ဥပမာ မိမိစခန်းနဲ့အမြင့်ပေ တူညီ ဒါမှမဟုတ် မြင့်မားတဲ့ ရန်သူနေရာယူနိုင်မယ့် စခန်းဘေးပတ်ဝန်းကျင်က
    တောင်ကုန်းတွေ..၊ ရေဆိပ်...၊ လှေဆိပ်...၊ ထူးခြားမြေမျက်နှာသွင်ပြင်နေရာမျိုး..) စတဲ့နေရာတွေကို ကြိုတင်တိုင်းထွာပြီး ပစ်မှတ် မှတ်ပုံတင်ထားရတာမျိုး
    ပြုလုပ်ရပါတယ်။ မြေပုံမှာ တိုင်းထွာပြီးရင် မော်တာပစ်ကျင်းထဲကနေ ပစ်မှတ်ရှိတဲ့အရပ်မျက်နှာကို ဒီဂရီ၊ အကွာအဝေးနဲ့တကွ အတိအကျလက်တွေ့ချိန်ရွယ်ပြီး
    အဲဒီဝါးတိုင်လေးတွေကို မော်တာရဲ့ရေချိန်ညွှန်း ညီတဲ့အထိ တိတိကျကျ စိုက်ရပါတယ်...။ ကဒ်ထူစက္ကူပြားလေးတွေပေါ်မှာတော့ ပစ်မှတ်ရဲ့အမည်၊ အကွာအဝေး၊
    ပြောင်းအနိမ့်အမြင့်ဒီဂရီ၊ ဘေးဘယ်ညာရေချိန်ညွှန်းဘယ်လောက် စတာတွေကို ရေးမှတ်ထားပါတယ်။ တိုက်ပွဲဖြစ်လာပြီဆိုတာနဲ့...
    ဥပမာ - ရန်သူက မိမိကြိုတင် ပစ်မှတ်မှတ်ပုံတင်ထားတဲ့ တောင်ကုန်း(က)ပေါ်ကနေ လာရောက်ပစ်ခတ်နေတယ်ဆိုပါစို့... အဲဒီအခါမှာ
    အဲဒီတောင်ကုန်း(က)ပစ်မှတ်ကို ရေးသားမှတ်ပုံတင်ထားရာ ဝါးတိုင်လေးအတိုင်း မော်တာရဲ့ရေချိန်ညီအောင် ချိန်ရွယ်ရပါတယ်။ ပြီးရင် အဲဒီဝါးတိုင်မှာရှိတဲ့
    ကဒ်ထူစက္ကူပြားလေးပေါ်မှာ ရေးထားတဲ့ ထောင့်နိမ့်၊ထောင့်မြင့် ဒီဂရီအတိုင်း မော်တာကို ချိန်ညှိပြီး ကျည်ဖူးထည့်လိုက်ရုံပါပဲ..၊ ဒါဟာ ကြိုတင်ပစ်မှတ်
    မှတ်ပုံတင်ထားခြင်းရဲ့ အကျိုးကျေးဇူးကြောင့် ချက်ချင်းမဆိုင်းမတွ ထိထိရောက်ရောက် ပြန်လည်ပစ်ခတ်နိုင်ခြင်းဖြစ်ပါတယ်။ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့ရတဲ့စခန်းမှာဆိုရင်
    ၈၁ မမ မော်တာအတွက် ကြိုတင်မှတ်ပုံတင်ထားတဲ့ပစ်မှတ် အခု ၄ဝ လောက် ရှိပါတယ်... မိမိမော်တာ လက်လှမ်းမီတဲ့ပတ်ဝန်းကျင်အရပ်ရှစ်မျက်နှာက စစ်ရေးအရ
    အရေးပါလာနိုင်တဲ့မြေမျက်နှာသွင်ပြင် အားလုံးကို တိုင်းထွာမှတ်ပုံတင်ထားရခြင်းဖြစ်ပါတယ်..၊ မိမိရဲ့လက်နက်ကြီးတာဝေးစွမ်းရည်ပြေးရင် ပြေးသလောက်
    ကြိုတင်မှတ်ပုံတင်ထားရတဲ့ပစ်မှတ်လဲ များလာတာပေါ့ခင်ဗျာ... (ဗျူဟာအဆင့်)အကူပစ်လက်နက်ကြီးတပ်ခွဲလိုမျိုးဆိုရင်တော့ ဝါးတိုင်လေးတွေနဲ့တင်
    မလုံလောက်နိုင်တဲ့အတွက် စာရင်းဇယားနဲ့ စာအုပ်စာတမ်းနဲ့ စနစ်တကျ ပြုစုပြီး အသင့်ပစ်ခတ်နိုင်အောင် မှတ်တမ်းထားရှိရပါကြောင်း...။ (ကျွန်တော် အခု
    ပြောပြသွားတာလေးတွေက မိတ်ဆွေတို့လဲ တော်တော်များများ သိကြမယ်လို့ထင်ပါတယ်ခင်ဗျာ... ကျွန်တော်က မသိသေးတဲ့မိတ်ဆွေတွေအတွက် ဗဟုသုတအဖြစ်
    ဝေမျှတာပါ... အားလုံးကို ကျေးဇူးတင်ပါတယ်)

    လေးစားလျက်...
    unknown

    ReplyDelete
  4. ၈၂ မှ ၈၁ သို့ပြောင်းထားပြီးပါပြီခင်ဗျာ..။အခုလို အကျယ်တဝင့် ဆွေးနွေးပေးတဲ့ အတွက် အထက်ကအစ်ကိုများကို ကျေးဇူးတင်ပါတယ်ခင်ဗျာ..။ ၁၂၀မမ မော်တာတွေနှင့် ပစ်ခတ်မှုစနစ်အတူတူဘဲလားဗျ.. ဝေဌပေးကြပါဦးဗျာ..။

    ReplyDelete