Sunday, November 6, 2011

မြန်မာ့တပ်မတော်ရေ အထူးတပ်ဖွဲ့ဝင်များ


မြန်မာ့ရေတပ် စစ်ရေယာဉ် ၅၅၅ အမြန်တိုက်ခိုက်ရေးယာဉ်ပေါ်တွင် တပ်ဆင်ထားသော ၃၀မမ အေကေ-၂၃၀ လေကြောင်းရန်ကာကွယ်ရေးအမြောက်စနစ်ကို တွေ့ရစဉ်

တပ်မတော်ရေ၏ စစ်ရေယာဉ်များအနက် ၅စီးရီးစစ်ရေယာဉ်များသည် ယခုအချိန်တွင် အားအကောင်းဆုံးသော စစ်ရေယာဉ်များဖြစ်နေပါသည်။၅၅၁မှစတင် ထုတ်လုပ်လာခဲ့သော ၅စီးရီးအမြန်တိုက်ခိုက်ရေးယာဉ်များသည် ၅၇၀အထိပင် ရောက်ရှိလာပြီးဖြစ်သောကြောင့် မြန်မာ့တပ်မတော်ရေတွင် ၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်များ အစီး၂၀ရှိနေပြီ ဖြစ်ပါသည်။
နိုင်ငံတကာမှ လေ့လာသူများ စိတ်ဝင်တစားလေ့လာနေသည့် စစ်ရေယာဉ်များမှာ-
၁။အောင်ဇေယျ အက်ဖ်-၁၁ ဒုံးတင် ဖရီးဂိတ်ကြီး (နောက်ထပ် ၂စင်းရေချပြီး ဖြစ်သည်ဟုသိရပါသည်။)
၂။အနော်ရထာ ၇၇၁၊ဘုရင့်နောင် ၇၇၂ ဒုံးတင် ကော်ဗတ် (အပေါ့စား ဖရီးဂိတ်ဟုလည်း ခေါ်ကြပါသည်။)
၃။၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်များ အစင်း၂၀ရှိပါသည် (ဒုံးကျည်တင်များ၊လေယာဉ်ပစ်အမြောက်ကြီးများ စသည်ဖြင့် စစ်ရေယာဉ်အမျိုးစုံ ရှိပါသည်။
၎။၄၇ စီးရီး ဟောင်ဇင် အမျိုးအစား ဒုံးတင် အမြန်တိုက်ခိုက်ရေးယာဉ် (၆စင်းရှိပါသည်။)
၅။ ၄၄ စီးရီး ဟိုင်းနန်း အမျိုးအစား ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ကင်းလှည့်ယာဉ် (၁၀စင်းရှိပါသည်။)
၎င်းစစ်ရေယာဉ်များအပြင် ပြည်တွင်းပြည်ပမှ ထုတ်လုပ်တပ်ဆင်ထားသော စစ်ရေယာဉ်အမျိုးစုံရှိပါသေးသည်။ (ဥပမာ အင်း အမျိုးအစား ၅၅၊၅၆၊၅၇ စစ်ရေယာဉ်များ၊၃၁စီးရီး စစ်ရေယာဉ်များ၊၄၁ စီးရီးစစ်ရေယာဉ်များ၊..)
မြန်မာ့ရေတပ်ဖွဲ့ အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များ

အားကျစရာကောင်းပါတယ် တပ်မတော်ကြည်းမှာသာမကဘဲ ရေတပ်ဖွဲ့များမှာပါ အထူးတပ်ဖွဲ့ဝင်တွေ ထည့်သွင်းထားတာဟာ နောင်တချိန်မှာ မရိမ်းကဲ့သို့သော၊navy seal ကဲ့သို့သော တပ်ဖွဲ့ဝင်များ ဖွဲ့စည်းထားနိုင်ရန် မျှော်လင့်မိပါသည်ခင်ဗျာ..။

ဘေးကနှစ်ယောက်ကတော့ တပ်ဖွဲ့ဝင်တွေမဟုတ်ပါဘူးခင်ဗျာ..။

1 comment:

  1. ငရဲအဖွဲ့သားတွေက Myanmar Navy Seal တွေပေါ့ဗျာ..

    ReplyDelete