Saturday, March 3, 2012

မြန်မာ့တပ်မတော် (လေ)ရှိ တိုက်ခိုက်ရေးယာဉ်များ

မြန်မာ့တပ်မတော် (လေ)ရှိ အမ်အိုင်-၁၇ တိုက်ခိုက်ရေး/သယ်ပို့ ရဟတ်ယာဉ်ကြီး

မြန်မာ့တပ်မတော် (လေ) အတွက်ဖြစ်သည်ဟု လူသိများသော ရုရှားထုတ် အမ်အိုင်-၃၅ပီ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဖြစ်ပါသည်။ ဘင်္ဂလားဒေ့်နိုင်ငံကလည်း ရုရှားဆီက အမ်အိုင်-၃၅တွေ ဝယ်နိုင်ဖို့ စိတ်အားထက်သန်နေကြပြီး မကြာခင်ကပင် အမေရိကန် သန်း၈၅၀တန်ဖိုးရှိ စစ်လက်နက်ဝယ်ယူေ၇း စာချုပ်ချုပ်ခဲ့ကြသည်။ ဘင်္ဂလားလေတပ်အတွက် အက်စ်ယူ-၃၀များ ဝယ်ယူဖို့ဖြစ်နိုင်ပါတယ်... ထို့ပြင် လေတပ်စခန်းများကာကွယ်ရေးအတွက် Buk-m1များလည်း ဝယ်ယူနိုင်ပါသည်...။



မြန်မာ့ဝေဟင်အား ကာကွယ်ပေးမည့် တပ်မတော် (လေ)မှ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်
အမှတ်စဉ် (၂၇၀၂) ဖြစ်ပါသည်။


မြန်မာ့တပ်မတော် (လေ)မှ တိုက်ခိုက်ရေးစစ်လေယာဉ်များ (အမ်အိုင်ဂျီ-၂၉ နှင့် အက်ဖ်-၇ တိုက်လေယာဉ်များ)

တပ်မတော် (လေ) ရှိ သယ်ယူပို့ဆောင်ရေး ဝိုင်-၈ဒီ လေယာဉ်ကြီး

ကျွှန်တော်တို့ဆီမှာ အသုံးစရိတ်တွေ လျှော့ချနေချိန် အိမ်နီးချင်းနိုင်ငံတွေအနေနှင့် တိုးမြှင့်နေချိန်ဖြစ်ပါတယ်... ယိုးဒယားလေတပ်က မကြာမှီမှာ တိုက်လေယာဉ်အသစ်တွေ လက်ခံရရှိပါတော့မယ်.... ရေတပ်သင်္ဘောအသစ်တွေ ရေချပါတော့မယ်.... ဘင်္ဂလားဒေ့်က လေတပ်ကိုအဆင့်မြှင့်တင်ပြီး ဒေသတွင်းနိုင်ငံတွေထဲမှာ ခေတ်အမှီဆုံးရေတပ်ကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေပါပြီ ပြည်ပကျုးကျော်မှုကို တုံ့ပြန်နိုင်ရန် မကြာသေးခင်က တာတိုလေယာဉ်ပစ်ဒုံးတွေ ဝယ်ထားပြီး ခေတ်မှီနည်းပညာစနစ်ဖြစ်သော Buk-m1များ ဝယ်ယူဖို့ စိုင်းပြင်းနေပြီဖြစ်ပါတယ်.....။ ရေတပ်အတွက် စစ်ရေယာဉ်များ ဝယ်ယူနေပြီ သံချပ်ကာ၊တင့်များအား အဆင့်မြှင့်တင်မှု ပြုလုပ်နေပြီ ဖြစ်ပါတယ်....။ ကျွှန်တော်တို့နိုင်ငံမှာလည်း အခုအဆင်မပြေရင်တောင် နောင်မှာထပ်ဖြည့်ဖို့လိုလာပါလိမ့်မယ်....။

6 comments:

  1. I believe we should have bought more MI-17 than MI-35. In this kind of situation for our country, MI-17 is more suitable since it can be used in both civil and military operations. Also we should buy MI-28 rather than MI-35 becoz MI-35 is too big and prone to heat seeking missiles.

    ReplyDelete
  2. Mi-35 is tougher, cheaper to operate and it is more suitable for the jungle warfare (the kind of war our armed forces will be fighting in). Also it can play various roles from close support to SAR (Search and Rescue).

    Yes. Mi-28 is a more modern helicopter (especially for anti-tank and air combat roles) but for now, I think Mi-35 is a more suitable choice for Myanmar.

    ReplyDelete
  3. ကိုMM ခင်ဗျာ။။
    မြန်မာအစိုးရနှင့်လွတ်တော်ကိုတိုက်တွန်းပေးပါဦး။နယ်စပ်ပြသနာတွေရှိနေတဲ့ထိုင်းနှင့်ဘင်္ဂလားဒေ့်တို့ကတပ်ကိုအဆင့်မြှင့်နေချိန်မှာရပ်ကြည့်မနေသင့်ဘူး

    ReplyDelete
  4. ဒီနှစ်ဟာ တပ်မတော်အတွက် နှစ်ကြပ်တစ်နှစ်ပဲ။ ဘတ်ဂျက်က (၂ဘီလီယံ)ခန့် လျာထားပြီးပြီဆိုတော့ ဘောင်အတွင်းဝင်အောင်ပဲလုပ်လို့ရတော့မှာပေါ့။ နောက်နှစ်အတွက်သာ အကျိုးရှိမယ့် planing ကောင်းကောင်းကြိုတင်ရေးဆွဲသင့်တယ်။ ဒီနှစ်မှာ ရှိပြီးသားတပ်တွေကို တိုက်ပွဲဝင်အသင့်(war-shock)ခံနိုင်အောင် Drill များများလုပ်ထားသင့်တယ်။ ရေဒါစခန်များလည်း ရှိနေပြီး ပိတ်ထားရင်အလကားပဲ။ ပြည်ပ Tension ရှိနေချိန်မှာ Full-time Alert ဖြစ်နေအောင်ကြပ်မတ်သင့်ပါတယ်။ တပ်ရင်းတပ်ဖွဲ့အလိုက်ဗိုလ်ကြီးကျင်စံတို့ကဲ့သို့ မြင့်မားတဲ့စစ်နည်းဗျူဟာနဲ့စစ်ကစားနိုင်အောင် သွေးထားသင့်ပါတယ်။ တစ်ကယ်ဖြစ်လာရင် ရက်မကြာနိုင်ပါ။ တစ်ပတ်ဆယ်ရက်အတွင်း ချေမှုန်း၊ နေရာဦးထား၊ ဒါအဓိကပဲလို့ ကျွန်တော်မြင်ပါတယ်။ နောက်ဆုတ်ပေးလိုက်ရရင် ပြန်ရဖို့မလွယ်တော့ပါ။ လက်ဦးထားရင် လက်လွှတ်စရာမလိုပါ။
    “စစ်သားသည် စစ်မြေပြင်တွင် ဒီမိုကရေစီကျင့်သုံးရန်မဟုတ်၊ ဒီမိုကရေစီစနစ်ကျင့်သုံးနေသော နိုင်ငံကိုသာကာကွယ်ဖို့ဖြစ်တယ်“လို့ပြောကြပါတယ်။ ဒါပေမယ့် တစ်ဖက်အရပ်သားနှင့် ရန်သူကို ခွဲခြားစစ်ဆင်နိုင်အောင်၊ မြို့တွင်းတိုက်ပွဲများအတွက် ကြိုတင်လေ့ကျင့်ထားသင့်ပါတယ်။ မဟုတ်ရင် နိုင်ငံတကာမှ အပြစ်တင်မှုများကို ခံရမည်မလွဲဖြစ်ပါတယ်။
    ပြည်တွင်းသောင်းကျန်းသူများနှင့် တိုက်ပွဲများဖြစ်ပွားရာတွင် အချိန်နှင့်တစ်ပြေးညီသတင်းမထုတ်ပြန်နိုင်ခြင်းရဲ့အကျိုးအပြစ်များရှိနေပါတယ်။ တပ်မတော်ရုပ်သံလိုင်းများအနေနဲ့ တိုက်ပွဲဖြစ်စဉ်များအထိ လိုက်ပါသတင်းထုတ်ပြန်နိုင်ဖို့လိုပါတယ်။ ကိုယ့်တပ်မတော်ဘာဖြစ်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာ ပြည်သူများသိအပ်သည်ကို သိရှိခြင်းဖြင့် စိတ်ပါဝင်စားမှု၊ စိတ်အားထက်သန်မှု၊ နားလည်သိမြင်မှု၊ ပါဝင်ကူညီမှုများကိုရရှိနိုင်ပါတယ်။ ကောလဟာလများမှရှောင်ရှားနိုင်ပြီး တပ်မတော်ကြီးရဲ့ဂုဏ်သိက္ခာမြင့်မားလာနိုင်ပါတယ်ခင်ဗျား။ Comment ရှည်သွားတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။ အရှိန်ပါသွားလို့ပါ။

    ReplyDelete
  5. အထက်ကအကိုတို့ပြောသွားသလိုပါပဲ အခုအချိန်ဟာအလွန်အရေးကြီးတဲ့အချိန်လို့
    ယူဆလို့ရပါတယ်။နိုင်ငံတော်အစိုးရနဲ့လွှတ်တော်အနေနဲ့လည်းဒါကို အလေးထားစဉ်းစားသင့်ပါတယ်။
    ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ များသောအားဖြင့်လေ့လာမှုအားနည်းကြတယ်ဗျာ...။ဒါပေမဲ့လည်း နိုင်ငံပိုင်ရုပ်မြင်သံကြားဒါမှမဟုတ်တပ်မတော်ရုပ်သံလိုင်းဖြစ်တဲ့ မြ၀တီကနေ
    နိုင်ငံမှာပကတိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို မြင်သာအောင်ဖော်ပြပေးရမှာဖြစ်ပါတယ်။ကျွန်တော်ကသာမန်နိုင်သားတစ်ယောက်ပါ။ဒါပေမဲ့ကိုယ့်နိုင်ငံကောင်းစားတာကိုတော့မြင်ချင်တာပေါ့ဗျာ....။

    ReplyDelete
  6. နောက်တစ်ခု သတိရလို့ကျွန်တော်ပြောချင်တာက မြန်မာလူမျိုးဆိုတာက ပြိုင်စံရှား
    ပါ။မြန်မာသွေးကရဲရဲနီတယ်ဆိုတာကို သူ့ကျွန်ဘ၀မှာကတည်းကကျွန်တော်တို့ပြသနိုင်ခဲ့သေးတာပဲဗျာ။ဒါပေမဲ့အရေးကြီးရင်သွေးနီးတယ်ဆိုတဲ့စကားကိုတော့ကျွန်တော်သိပ်သဘောမကျဘူးဗျ။ရေဆာမှရေတွင်းမတူးစေချင်ဘူး။ဒီနိုင်ငံမှာမွေးဖွားတဲ့နိုင်ငံသားတိုင်းဟာ မိမိရဲ့တိုင်းပြည်နဲ့အချုပ်အခြာအာဏာတည်တံ့ဖို့အတွက်အမျိုးသားရေးစိတ်ဓာတ်တွေကိန်းဝင်နေဖို့အရးကြီးပါတယ်။အမြဲတမ်းအားထုတ်သတိရှိနေရမယ်လို့ဆိုလိုတာပေါ့ဗျာ။ရေဆာမှရေတွင်းတူးတယ်ဆိုတာမျိုးကမသေချာမရေရာပါဘူး။စာကလည်းအရမ်းရှည်နေပါပြီလေ။နောက်အခါရောက်ရင်လည်းကျွန်တော့်စိတ်ထဲမှာဖြစ်ပေါ်ခံစားနေရတာတွေကို ရေးသားပါအုံးမယ်..။

    ReplyDelete