Monday, March 5, 2012

မြန်မာ့တပ်မတော် (ရေ) ၏ ဖရီးဂိတ်အသစ်များ



မြန်မာ့တပ်မတော်မှ ရေတပ်အရာရှိများအား F21 ပဲ့ထိန်းဒုံးပါ ဖရီးဂိတ်ကြီးနှင့် အတူတွေ့ရစဉ်

မြန်မာ့တပ်မတော် (ရေ) အတွက် သတင်းကောင်းကတော့ တရုပ်ရေတပ်မှ Jianghu အမျိုးအစား ၀၅၃အပ်က်၁ ပဲ့ထိန်းဒုံးပါ ဖရီးဂိတ် ၂စီး မကြာမှီမှာရောက်လာတော့မှာ ဖြစ်ပါတယ်....။ တရုပ်ရေတပ်သင်္ဘောကျင်းမှာတွေ့ရတဲ့ စစ်ရေယာဉ်တွေကို တပ်မတော် (ရေ)၏ ဆေးအရောင်များသုတ်လိမ်းထားပြီး အဆင့်မြင့်တင်မှုအဖြစ် သင်္ဘောဖျက်ဒုံးများအား လက်ရှိတပ်ဆင်ထားသည့် စနစ်ထက်ပို၍အဆင့်မြင့်သော စီ-၈၀၂ (သို့) စီ-၈၀၅ များဖြင့် အစားထိုးမည်ဟု သိရပါသည်...။ ဖရီးဂိတ်များသည် သက်တမ်းအိုပြီဟု ဆိုနိုင်သော်လည်း ပြီးခဲ့သည့်နှစ်မှစ၍ အကြီးစားပြုပြင်မှုများ ပြုလုပ်ခဲ့ပြီး ထိန်းချုပ်ရေးစနစ်များလည်း အဆင့်မြင့်တင်ထားသည်ဟု သိရပါသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ယိုးဒယား နှင့် ဘင်္ဂလားနိုင်ငံရေတပ်များကလည်း အသုံးပြုနေဆဲ ဖြစ်တာမို့ ဘယ်လိုစနစ်တွေတပ်ဆင်ပြီး ဘယ်လိုအသာစီးရမယ်ဆိုတာကလည်း စိတ်ဝင်စားစရာပါ...။

တပ်မတော် (ရေ) အတွက်ဟု နာမည်ကြီးနေသည့် အဆင့်မြင့်တင်ထားသော ဖရီးဂိတ်များ

တပ်မတော် (ရေ)အတွက် ရောက်ရှိလာမည့် ယခုဖရီးဂိတ်များသည် တရုပ်ရေတပ်၏ ၅၅၄ နှင့် ၅၅၇ စစ်ရေယာဉ်များ ဖြစ်ပြီး တပ်မတော် (ရေ) ၏ ရေပြင်ပိုင်နက်ကာကွယ်ရေးကို ပိုမိုအားကောင်းလာစေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ပြင်ယခုလို ရေပြင်ပြဿနာဖြစ်နေချိန်တွင် ရောက်ရှိလာမည်ဖြစ်သဖြင့် ပို၍ပင် အားတက်၊အားရဖွယ်ရာပင် ဖြစ်ပါသည်။ နှစ်နိုင်ငံရေပြင်ပိုင်ဆိုင်မှုများအား အေးချမ်းစွာဖြေရှင်းနိုင်မည် ဖြစ်သော်လည်း
နောင်တချိန်တွင် ဖြစ်ပေါ်လာဖွယ်ရှိသည့် အငြင်းပွှားမှုများအတွက် အလွန်လိုအပ်နေသော အချိန်လည်းဖြစ်ပါသည်။

တပ်မတော် (ရေ)အတွက်ဟု ယုံကြည်ရသော အချက်မှာ--
ဖရီးဂိတ်များတွင် တွေ့ရသည့် စစ်ရေယာဉ်များ၏ နံပတ်များသည် တရုပ်ရေတပ်သုံးလည်းမဟုတ်၊ ဘင်္ဂလားရေတပ်သုံးလည်းမဟုတ်ဘဲ တပ်မတော် (ရေ)၏ အမှတ်အသားများဖြစ်နေခြင်း..

တပ်မတော် (ရေ)ရှိ အောင်ဇေယျ ဖရီးဂိတ်ကြီး F11


ဘင်္ဂလားဒေ့်၏ F25 ဖရီးဂိတ်ကို ကြည့်ပါ သူတို့ရဲ့ ဖရီးဂိတ်တွေမှာ နံပတ်ကို အနက်နှင့်သာ သုတ်လိမ်းထားပါတယ်...


တပ်မတော် (ရေ) အတွက်ဟု သိရသည့် ဖရီးဂိတ်ကြီး

တရုပ်နိုင်ငံတွင် အဆင့်မြင့်တင်မှု ပြုလုပ်ပြီး ပင်လယ်ပြင်တွင် စမ်းသပ်မောင်နှင်နေစဉ် ဖြစ်ပါသည်။ ရေယာဉ်တွင် ရေယာဉ် နံပတ်သုတ်လိမ်းထားခြင်း မရှိသေးပါ...။
ကျွှန်တော်ဆီရောက်တဲ့သတင်းလေးတွေနှင့် ပုံတွေ အချက်လက်တွေကို လေ့လာပြီးရေးတာဖြစ်ပါတယ် တပ်မတော် (ရေ)အတွက် ဖြစ်နိုင်ချေ ၉၀% လောက်ကတော့ သေချာပါတယ်ခင်ဗျာ....။
တရုပ်နိုင်ငံကို ရောက်နေတဲ့ သင်တန်းတက်နေဆဲ ရေတပ်အရာရှိများ သတင်းနှင့် ဆက်စပ်နိုင်ပါတယ်....။ နောက်ပိုင်းမှာ ဘယ်လို အဆင့်မြင့်တင်ပြီး ဘယ်လို အသုံးပြုမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါ....။ ဆက်စပ်သတင်းတွေကို ဖော်ပြပေးကြဖို့ တောင်းဆိုချင်ပါတယ်....။
ပုံတွေပြန်တင်ပြီး...။

17 comments:

  1. ရေယာဉ်နံပါတ်တွေက (F21 နဲ့ F23) ဆိုတော့ F22 ကဘယ်လိုသဘောနဲ့ကျန်နေတာလဲ။ တော်တော်တော့ ဟောင်းနေပြီဗျာ။ ဒါပေမယ့် တစ်တပ်တစ်အားရှိတာပေါ့လေ။ ကျွန်တော်တို့ရဲ့ အောင်ဇေယျ ဖရီးဂိတ်ကြီးရဲ့ ကြံ့ခိုင်မှု၊ ခန့်ငြားမှုကိုမမှီပါဘူး။ လက်နက်စနစ်တော့ကွာမှာပေါ့။
    ကိုယ်တိုင် တီထွင်ထုတ်လုပ်ခြင်းဘက်ကိုပဲ အလေးထားကြံဆောင်သင့်ပါတယ်။
    ရေဒါနဲ့ လက်နက်စနစ်ပဲဝယ်ရမှာပေါ့။ ကျွန်တော်တို့လုပ်နိုင်မှာပါ။

    ReplyDelete
  2. F 22 ကပြည်တွင်းထုတ် ဖြစ်နိုင်ပါတယ် စစ်ရေယာဉ်နာမည်ကတော့ ကျန်စစ်သား ပဲ့ထိန်းဒုံးပါ ဖရီးဂိတ်ကြီး ဖြစ်လာပါလိမ့်မယ်....။ အခုဝယ်တဲ့ ဖရီးဂိတ်ကြီးမှာ ဘင်္ဂလားဒေ့်ရဲ့ ဖရီးဂိတ်နှင့်ကွာတဲ့ ရေဒါစနစ်တွေ တွေ့မိသလိုဘဲဗျ ဝေဖန်ပေးကြပါဦးဗျာ....။

    ReplyDelete
  3. ကျနော်ကတော့ အရပ်သားပါ။
    ဒါပေမဲ့ ကိုယ့်နိုင်ငံ ရဲ့ ကာကွယ်ရေးစနစ်နဲ့ ပတ်သက်ရင် စိတ်ဝင်စားတယ်။
    အင်အားလည်းတောင့်တင်းစေချင်သလို ခေတ်လဲ မှီစေချင်တယ်။
    ဒေသတွင်းနိုင်ငံတွေထက် လက်ရှိအချိန်မှာ မသာတောင်မှ ယှဉ်နိုင်စေချင်တယ်။
    အခု ဖရီးဂိတ် ၂စင်းကတော့ ဟောင်းနေပြီ။ ဟုတ်ပါတယ် အောင်ဇေယျ ဖရီးဂိတ်ကိုတော့ အမြင်နဲ့ တင်မမှီပါဘူး။
    လက်ရှိ အခြေအနအရ အားချင်း ဝယ်ရမှာမို့လို့ ဝယ် တယ်ဆိုရင်တော့ မပြောတတ်ပါဘူး။
    နောင်ဆို ကိုယ့်နိုင်ငံ မှာပဲ ထုတ်တာပိုကောင်းမယ်ထင်တယ်။
    လက်နက်ဖိုး ပိုထွက်လာတော့ စနစ်ကောင်းကောင်း လက်နက်တွေ ဝယ်တတ်နိုင်တာပေါ့။
    ယှဉ်ပြိုင်နိုင်စွမ်းလဲ ပိုရှိတာပေါ့။
    ကျန်စစ်သားဖရီးဂိတ်ကြီး လာတော့ မယ်ဆိုတော့ ဝမ်းသာစရာပါပဲ။
    အခု တရုတ် ဖရီးဂိတ်တွေက အရှည်ဘယ်လောက်ပါလဲ။
    ကျန်စစ်သားကရော အရှည် ဘယ်လောက်ဖြစ်မလဲ။
    မြန်မာနိုင်ငံအနေနဲ့ ဒီ့ထက် ကြီးတဲ့ စစ်သင်္ဘောတွေ ထုတ်နိုင်မလား။
    ပိုပြီး အင်အားတောင့်တင်းတဲ့ ရေတပ်ကို ပိုင်ဆိုင်နိုင်ပါစေဗျာ။

    ReplyDelete
  4. ကို mm တော့စိတ်မကောင်းဖြစ်ဦးမှာပဲ။ မနေ့ကရေတပ်သားတစ်ဦးဆီက သတင်းတစ်ခုကြားပါတယ်။ ကျွန်တော်တို့ရဲ့အောင်ဇေယျကြီးဟာ နာဂစ်ဖြစ်တဲ့အချိန်မှာ မုန်တိုင်းဒဏ်ကြောင့်၊ ချည်ထားတဲ့ကြိုးတွေကြားမှာ ခါးမှာ ထိခိုက်မှုဖြစ်တယ်။ အဲဒီရေတပ်သားစကားအတိုင်းဆိုရင် “ခါးကျိုးဖူးတယ်တဲ့”။ စိတ်မကောင်းစရာပဲ။ ဟိုတစ်လောက ကိုကိုးကျွန်းကအပြန်မှာလည်း စစ်ရေယာဉ်ရဲ့ သာမှန်သတ်မှတ် အမြန်နှုန်းကိုတင်လို့မရဖြစ်နေသေးတယ်လို့ဆိုပါတယ်။ ကဲပါဒါတွေကပြုပြင်ရင်ရနိုင်ပါတယ်။ စိုးရိမ်စရာရှိတာက အဲဒါမဟုတ်ဘူး။ ရေတပ်မတော်သားအချို့ကိုယ်တိုင်က မိမိတပ်မတော်အကြောင်း ကောင်းကောင်းမသိတာပါပဲ။ သူတို့အဆို“လ၀”လျှို့ဝှက်တွေများတာပေါ့လေ။ အဲဒီတော့ ဘာဖြစ်လဲ၊ ဘင်္ဂလားကိုကျွန်တော်တို့ဘယ်ယှဉ်နိုင်ပါ့မလဲတဲ့။ ရှုံးမှာပေါ့တဲ့၊ သူတို့ကကျဉ်သုံးနိုင်တယ်တဲ့။ ကျွန်တော်တို့ကမသုံးနိုင်ဘူးတဲ့။ အဲဒီအမြင်၊ အထင်မှာတင်သွားတာပဲ။ Morality ကိုမြှုင့်တင်ဖို့ သိပ်အရေးကြီးပါတယ်။ဆွေးနွေးပေးပါဦးခင်ဗျာ...။

    ReplyDelete
  5. ကြားတော့ ကြားဘူးတယ်ဗျ မသေချာဘူး.... အောင်ဇေယျကြီးပုံတွေ တင်ပေးပါဦးမယ်ဗျာ.... ရေတပ်အကြောင်းတွေ မေးပေးပါဦးဗျ ဖြစ်နိုင်ရင် ပုံတွေလည်း ပို့ပေးဖို့ ပြောပါဦး...။

    ReplyDelete
  6. ရေတပ်မနိုင်ရင် ကြည်းတပ်တို့  လေတပ်တို့ နဲ့တိုက်ရမှာပေါ့ဗျာ

    ReplyDelete
  7. ကျွန်တော်တို့မှာနယ်မြေ အားသာချက်တွေ ရှိပါတယ်

    ReplyDelete
  8. ကို bbb ကြီး ရေတပ်တို့ ကြည်းတပ်တို့ လေတပ်တို့မနိုင်ရင် လူတပ်နဲ့ချမယ်။

    ReplyDelete
  9. မြန်မာ့တပ်မတော်(ရေ)ရဲ့ စစ်ရေယာဉ် ၄-၅ စီးလောက်ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု schedule ကိုဖတ်ရဖူးတယ်။ ဖိုင်လည်းရှိပါတယ်။ မတင်ပေးနိုင်တာခွင့်လွှတ်ပါ။ စနစ်ကျမှု၊ အစီအစဉ်သေသပ်မှု၊ အန္တရာယ်ကင်းမှုအတွက် စီစဉ်ထားတာတွေက အပြစ်ပြောစရာမရှိအောင်သေသပ်လှပါတယ်။ ဒါပေမယ့် ပစ်မှာက ကျည်(၂)တောင့်၊ အော်လီကွန်ဂန်းက ကျည်အနည်းငယ်၊ C-801 missile တစ်လုံးလေးကို သွားရ၊ လာရ၊ စီစဉ်ရ၊ ခွင့်ပြုချက်တောင်းရ၊ ကျည်ထုတ်ရ၊ တစ်ကယ်မပစ်မှီကြိုတင်လေ့ကျင့်ရ၊ ပစ်ခတ်ပြီးနောက်လိုက်နာဆောင်ရွက်ရမှာတွေကလည်းတစ်ပုံကြီးပါပဲဗျာ။ ကျွန်တော် ရေတပ်သားတွေရဲ့ဘ၀ကို ကိုယ်ချင်းစာမိတယ်။ ရှုပ်လိုက်မယ့်အလုပ်၊ paper work နဲ့တင် အချိန်တစ်လလောက်ကြာနိုင်တယ်ဗျာ။ အဲဒီလေ့ကျင့်မှုမှာပါဝင်ခဲ့တဲ့ အရာရှိတွေတော့ အားလုံးချောချောမောမောပြီးမှပဲ ဟင်းချနိုင်မယ်ထင်ပါတယ်ဗျာ။ အမှန်ဆို ဒီလောက် ရှုပ်ဖို့မကောင်းဘူး၊ ပစ်မှတ်ကို အကြိမ်ကြိမ်မှန်အောင် တစ်ဖုန်းဖုန်းနဲ့ပစ်ရမှာဗျ။ Missile Launch procedure ကို အလွတ်ရနေအောင် ပစ်ထားရမှာ၊ ပဲ့ထိန်းဒုံးဆိုတာ အင်မတန်ရှုပ်ထွေးတာကလား။ အခုအတိုင်းဆို ရန်သူနဲ့မျက်နှာချင်းဆိုင်တွေ့ရင်တောင် Missile ချင်းကအတူတူလောက်ပဲ၊ အမြန်တွက်ချက်နိုင်တဲ့ကောင်၊ လက်ဦးတဲ့ကောင်က ဆော်နိုင်ပြီပဲ။ ပြီးရင်သူ့လူတွေရေထဲကလိုက်ဆယ်ရုံပဲ။

    ReplyDelete
  10. ကိုစနေသားပြောတာ မှန်တယ်ဗျာ... တကယ်တမ်းဆိုရင် ကျည်စစ်ကျည်မှန်တွေနဲ့ ပစ်ခတ်မှုအလေ့အကျင့်ဟာ ရိုးရိုး ၅.၅၆ မောင်းပြန်ရိုင်ဖယ်လေးတစ်လက်မှာထက် အဲဒီလို မဟာဗျူဟာ၊ နည်းဗျူဟာမြောက် စစ်လက်နက်ကြီးတွေမှာ ပိုပြီးအဓိကလိုအပ်တာဗျ... ဒါမှသာ အရေးရယ်အကြောင်းရယ်ကျရင် အုန်းကနဲ ကိုယ်ကဦးအောင် ပစ်ခတ်နိုင်မှာ... လက်နက်ကြီးတွေဆိုတာကလဲ ကိုယ်ကအရင်ပစ်နိုင်ရင် ရန်သူကိုတစ်ချက်ထဲနဲ့ အပျောက်ဆော်နိုင်တဲ့အမျိုးတွေမဟုတ်လားဗျာ... ဒါကြောင့် စစ်အသုံးစရိတ်ကို အဲဒီလို မဟာဗျူဟာ၊ နည်းဗျူဟာလက်နက်ကြီးတွေအတွက် ကျည်စစ်ကျည်မှန်တွေနဲ့ လေ့ကျင့်ပစ်ခတ်တဲ့နေရာတွေမှာ ပိုပြီး ရင်းနှီးမြုပ်နှံသွားဖို့ အရေးကြီးပါတယ်။ တခြားနိုင်ငံတွေရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို မြင်နေရလေလေ ကိုယ့်နိုင်ငံရဲ့ တကယ့်ကျည်စစ်ကျည်မှန်နဲ့ ပစ်ခတ်လေ့ကျင့်မှုတွေမှာ အသားမကျသေးတဲ့အပေါ် အားမလိုအားမရဖြစ်လာရလေလေပါပဲဗျာ... တကယ်တမ်းဖြစ်လာရင် တပ်မတော်ကြီးတစ်ရပ်လုံးကို Alarm ထပေးနိုင်ဖို့ အချိန်ဘယ်လောက်ကြာမလဲ ??? နိုင်ငံချင်း စစ်စဖြစ်ပြီဟေ့ ဆိုတာနဲ့ တနိုင်ငံလုံးက ကြည်း၊ရေ၊လေနဲ့ လက်ရုံးတပ်တွေကို Alarm ပေးဖို့၊ နေရာချဖို့၊ ရွှေ့ဖို့ပြောင်းဖို့ စုစုပေါင်း အချိန်ဘယ်လောက်လိုမလဲ ??? မယုံမရှိနဲ့ဗျို့... မြောက်ကိုးရီးယားရဲ့ တပ်မတော်တစ်ခုလုံးကို Alarm ပေးနိုင်ပြီး အသင့်ပြင်တဲ့အချိန်ဟာ စုစုပေါင်း မိနစ် ၂၀ ရဲ့အောက်မှာ ever ရှိပါတယ်... အဲဒီလိုမျိုး ကျွန်တော်တို့တပ်မတော်ကြီးတစ်ခုလုံး ဖြစ်နေနိုင်ဖို့လိုအပ်တယ်... တပ်စုတစ်စု ကင်းပုန်းသွားဝပ်ဖို့ကြေးနန်းရလာပြီး နေ့ဝက်လောက်နေမှ ကင်းပုန်းဝပ်မယ့်နေရာကို ရောက်တယ်ဆိုရင်တော့ သိပ်မဟုတ်သေးဘူးဗျို့... အခုက အဲဒီလိုဖြစ်နေတယ်... စစ်ရေးသတိရှိမှုနဲ့ confidence ရှိဖို့ ကျွန်တော်တို့ တပ်မတော်ကို အများကြီးလေ့ကျင့်တည်ဆောက်ယူကြရဦးမယ်... ကျွန်တော် စိတ်ပျက်ဖို့ ပြောနေတာမဟုတ်ပါဘူးဗျာ.. တကယ် လုပ်ကြရမယ့်အရာတွေကို မြင်နိုင်အောင်ပြောပြတာပါ... ကျွန်တော်တို့ တကယ်လုပ်ကြမယ်၊ တကယ်လုပ်ကြရမယ်၊ အောင်မြင်ရမယ်ဗျာ...။

    ReplyDelete
  11. ပါဝင်ဆွေးနွေးတဲ့အတွက် ၀မ်းသာတယ်ဗျ။ ကျည်စစ်ကျည်မှန်ဆိုလို့ . .သာမန်ချေမှုန်းရေးရိုင်ဖယ်တွေ၊ အမြောက်ဆံသုံးလက်နက်တွေရဲ့သက်တမ်းဟာ ထိမ်းသိမ်းမှုပေါ်အခြေခံပြီး သက်တမ်းအများကြီးခံပါတယ်။ Missile လိုလက်နက်မျိုးဟာ သူ့အတွက်သက်မှတ်ထားတဲ့ အပူချိန်၊ စိုးထိုင်းဆ စသည်ဖြင့် အားလုံးပြည့်စုံအောင်ထားတာတောင် ပါဝင်ဖွဲ့စည်းထားတဲ့ Chip, Memory,Circuit တွေဟာ သတ်တမ်းကာလတိုတိုအတွင်းမှာပဲ အသုံးပြုနိုင်ပါတယ်။ မ၀ယ်ထားပြန်ရင်လည်း အရေးကြေုံတော့မရှိ၊ အများကြီးဝယ်ထားပြန်တော့လည်း ကြာလျှင်အသုံးမဖြစ်တော့တဲ့ အရာမျိုးလို့ကျွန်တော်ထင်ပါတယ်။ အဲဒီတော့ နှမျောမနေပဲ လေ့ကျင့်တဲ့နေရာမှာ သက်တမ်းအလိုက် အချိန်မှန်၊ နေရာမှန် သုံးသင့်တယ်။ မသုံးပဲဖျက်ဆီးရတာထက်စာရင် လေ့ကျင့်ရေးမှာ ပိတ်ပစ်ထည့်လိုက်တာကမှ အသုံးတည့်မှာပါ။ အခုလည်းအဲလိုပဲလုပ်လိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် အဲဒီထက်ပိုသုံးသင့်တယ်လို့ ယူဆမိပါတယ်။
    ကို unknown ပြောတဲ့အတိုင်းပဲ။ သတင်းစာရှင်းလင်းပွဲမှာပြောတယ်။ ကချင်နယ်မြေမှာ အပစ်မရပ်သေးတာက အချို့ရှေ့တန်းတပ်တွေဟာ အရမ်းဝေးကွာလွန်းတာကြောင့် ကာချုပ်ရဲ့အမိန့်ကို ချက်ချင်းလိုက်နာရန် အခက်အခဲတွေရှိလို့လို့ပြောပါတယ်။ Political ကို မဆွေးနွေးပါ။ technical အားဖြင့်ဆိုရင်တော့ တော်တော်စိတ်မကောင်းစရာပါ။ မဖြစ်သင့်တော့ပါဘူး။ 3C (Command, Control, Communication) ကောင်းအောင် ဖြည့်ဆည်းသင့်ပါတယ်။ ၀ိုင်းဝန်းဆွေးနွေးတဲ့ အကိုတော်များအားလုံးကို ကျေးဇူးပါ။

    ReplyDelete
  12. တိုက်/ စည်း သင်တန်းတစ်ခုမှာ သင်တန်းမှူးက သင်တန်းပို့ချချက်နဲ့အတူ ထည့်ပြောသွားတာ တစ်ခုရှိတယ်.... လွယ်လွယ်ပြောရရင်တော့ဗျာ.... ကျည်တစ်တောင့် (လက်နက်ကြီး၊ ငယ်၊ ဒုံး၊....) တန်ကြေးကို တွက်ပြတယ်.... အဲဒီဟာတွေနဲ့ ယှဉ်ပြီး နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေကို တွက်ပြတယ်.... သင်တန်းမှူး ဆိုလိုချင်တာက ပြည်တွင်းစစ် မဖြစ်တဲ့အတွက် အဲဒီရဲ့ ကြီးမားတဲ့ ကုန်ကျစရိတ်တွေ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေမှာ သုံးနိုင်တယ်ပေါ့.... (Ko)sanaythar ပြောသလို ပစ်ခတ်စဉ်တွေမှာ အဲလောက် ကြန့်ကြာဖို့ မလိုတာ၊ အဲလောက်ရှုပ်ထွေး မလိုဘူးလို့ ထင်ပါတယ်.... ဒါပေမယ့် အစောကပြောတဲ့ အချက်တွေနဲ့ နှိုင်းယှဉ် တွက်ချက်နေသလားဆိုတာလည်း ပြန်တွေးမိပါတယ်.... တကယ်တမ်း စစ်ဖြစ်နိုင်ချေ နည်းလို့များ အဲဒီလို တွက်ချက်နေသလားပဲ.... ဖြစ်နိုင်ချေနည်းပေမယ့် လေ့ကျင့်စဉ်တွေကိုတော့ သေချာလုပ်ထားသင့်တယ်လို့ မြင်ပါတယ်....

    ReplyDelete
  13. အရင်ကတည်းက ဒီမှာ စာရေးချင်ခဲ့တယ်...။ခုမှပဲတိုက်တိုက်ဆိုင် လာရောက်လေ့လာရင်း လိုအပ်နေတာလေးတွေဖြည့်စွက်ရေးသားချင်ပါတယ်။စစ်ရေယာဉ်-အောင်ဇေယျ ခါးကျိုးနေတာမဟုတ်ပါဘူး.....။နာဂစ် ဖြစ်ချိန်မှာ တံတားနဲ့ဆောင့်မိလို့ ရှေ့ပိုင်းလေးမှာ ချိုင့်သွားတာလေးပဲ ရှိပါတယ်။နောက်ပြီး သူမပေါ်မှာတင်ထားတာက SSN-5 ရေယာဉ်ပစ်ဒုံးပျံဖြစ်ပါတယ်။တပ်ဆင်ထားတဲ့ လက်နက်တွေက 76/62mm Compact Gun(1)Nos;AK-630 CIWS Gun(4)Nos;14.5mm 6 barrel(2)Nos;IGLA SAM(6)Nos;SSN-5 (4)Nos; ဖြစ်ပါတယ်...........။

    ReplyDelete
  14. တချို့တချို့သော မြန်မာ့တပ်မတော်(ရေ)စစ်သည်များဟာ မိမိတပ်အကြောင်းရေရေရာရာမသိကြသလို မိမိတပ်ရဲ့ စွမ်းပကားကိုလည်းနားလည်နိုင်စွမ်းမရှိပါဘူး။သာမန်လူအတွေးလောက်နဲ့ ပြောချင်ရာပြောသွားတာတွေပါ။တကယ့်ဖြစ်ရပ်မှန်တွေဒီလိုမဟုတ်ပါဘူး။လေ့ကျင့်ခန်းတစ်ခုကိုကျည်စစ်ကျည်မှန်အသုံးပြုလေ့ကျင့်ဖို့ဆိုတာ တော်တော်အချိန်ယူရပါတယ်။ကုန်ကျမယ့် လောင်စာဆီ၊ကျည်ဆံ၊အချိန်၊လေ့ကျင့်မယ့်နေရာ အများကြီးစဉ်းစားတွက်ချက်ရပါတယ်။

    ReplyDelete
  15. ကို ငရဲပန်း ကျွန်တော်တို့ကို ဆွေးနွေးရှင်းပြတာကျေးဇူးပါခင်ဗျား။ အောင်ဇေယျနဲ့ပတ်သက်ပြီး အစ်ကိုဆီကကြားရတာ မင်္ဂလာပါပဲခင်ဗျ၊ နိုင်ငံတော်ရဲ့ ဓနအင်အား၊ နိုင်ငံရေးအခြေအနေကောင်းလာရင် ဒိတ်ဒိတ်ကြဲ လေ့ကျင့်ခန်းကြီးတွေကို သိပ်မကြာခင်မြင်ရတော့မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်စိတ်ထဲတပ်မတော်သားတွေနဲ့ စကားပြောမိတိုင်း ဘ၀င်မကျတာလေးတွေကို ရေးမိတာပါ။ ကျေးဇူးပါ။ နောက်လည်းပြောပြပေးပါဦးခင်ဗျ။

    ReplyDelete
  16. ကြိုဆိုပါတယ် ကိုငရဲပန်းရေ... လိုအပ်တာလေးတွေ အားနည်းချက်တွေကို ထောက်ပြပေးပါဦးခင်ဗျာ...။ ကျေးဇူးပါ...။

    ReplyDelete
  17. ဒို့ကတော့နိုင်ငံကိုဒီမိုကရေစီကျကျနဲ့သွားပြီးချမ်းသာတဲ့နိုင်ငံဖြစ်စေချင်တယ်။ပြည်တွင်း စစ်အားလုံးငြိမ်းပြီးစည်းလုံးညီညွတ်တဲ့ပဉ္စမမြန်မာနိုင်ငံတော်ကြီးတည်ဆောက်ချင်တယ်၊နိုင်ငံချမ်းသာလာတာနဲ့အမျှအိမ်နီးချင်းနိုင်ငံတွေလေးစားဘို့ရောနိုင်ငံကာကွယ်နိုင်ဘို့အ တွက်ခောတ်မှီလက်နက်(ကြည်း၊ရေ၊လေ)တွေတပ်ဆင်။စစ်သားတွေစားဝတ်နေရေးကို တပ်နိုင်သမျှပြည့်စုံအောင်ထောက်ပံ့ရမှာပါ။မလိုအပ်ဘဲနိုင်ငံအုပ်ချုပ်ရေးကိုကိုယ်ကျိုးအ တွက်ဝင်စွက်ဖက်နေတဲ့သူတွေကလွဲပြီး။တပ်မတော်အင်အားတောင့်ဘို့ကိုအပြည့်အ၀ ထောက်ခံနေပါတယ်။ဒီဆိုဒ်ကိုလဲအမြဲဝင်ကြည့်လေ့လာပါတယ်။ကိုယ်နိုင်ငံရဲ့စစ်ရေးအင် အားကိုလဲသိချင်တယ်။ထုတ်မပြတာတွေလဲရှိအုံးမယ်လို့ထင်ပါတယ်။မသိသေးလို့လားမ သိဘူး ရေငုတ်သင်္ဘော၂စီးလောက်၊ကရခနဲ့နပခနယ်မြေအတွက်လိုအပ်နေပါတယ်။သိရင်လဲပြောပြပေးကြပါ။အားရှိချင်လို့ပါ။ကိုယ်တိုင်တော့ကံမပါလို့မ၀င်နိုင်ခဲ့ရပေမဲ့ပါသွား တဲ့သူငယ်ချင်းတွေနဲ့တွေ့ရင်မေးဖြစ်ပါတယ်။

    ReplyDelete