Wednesday, March 14, 2012

မြန်မာ့တပ်မတော် (ရေ)ရှိ စစ်ရေယာဉ်များ

(ကိုFulcrum မှ တပ်မတော် (ရေ) စစ်ရေယာဉ်များဆိုင်ရာ အချက်လက်စုစည်းမှုဖြစ်ပါသည် အခုလိုအချက်လက်စုံလင်စွာ ဖော်ပြခွင့်ပေးတဲ့ အတွက် ကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ...)

PGM-43 Class : အမေရိကန်ပြည်ထောင်စုမှ ၁၉၅၉ - ၁၉၆၁ အတွင်း ၆စင်းဝယ်ယူခဲ့သည်။ ကတယ ၄၀၁ မှ ၄၀၆ အထိ သတ်မှတ်ပေးခဲ့ သည်။ အလျား ၁၀၁ ပေ၊ ၀န်ပြည့် အလေးချိန် ၁၄၁ တန်ရှိပြီး တစ်နာရီ ရေမိုင် ၁၇ မိုင်နှုန်း အမြန်ဆုံးသွားနိုင်သည်။ ၄၀မမ ဘိုဖာ ၁လက် ၊ ၂၀မမ အော်လီဂန်း ၂လက်တွဲ ၂လက် နှင့်  စက်သေနတ်ြကီး ၂ လက်ပါရှိ ပြီး အရာရှိ စစ်သည် ၁၇ဦး တာဝန်ယူရသည်။

PGM-412 Class: ပြည်တွင်းတွင် ၅စင်းတည်ဆောက်ခဲ့ သည်။ ကတယ ၄၁၂နှင့် ၄၁၃ ကို ၁၉၈၂ အတွင်း ၊ ကတယ ၄၁၄ ၊ ၄၁၅ တို့ ကို ၁၉၈၄ အတွင်း ကတယ ၄၁၆ ကို ၁၉၉၄ ၀န်းကျင်တွင်တည်ဆောက်ခဲ့ သည်။အလျား၁၁၀ ပေ၊ ၀န်ပြည့် တန်ချိန် ၁၂၈တန်ရှိပြီး တစ်နာရီရေမိုင် ၁၆မိုင်နှုန်းသွားနိုင်သည်။ ၄၀မမ ဘိုဖာ ၂ လက်၊ စက်သေနတ်ကြီး ၂လက်ပါရှိပြီး အရာရှိ စစ်သည် ၁၇ဦး တာဝန်ယူရသည်။ ကတယ-၄၁၅ မှာနစ်မြုပ်ခဲ့ ပြီးဖြစ်သည်။

PGM-421 Class: ၁၉၈၀-၈၁ခုနှစ်တွင် စင်ကာပူနိုင်ငံ Vosper Co. မှ ၃စင်းဝယ်ယူခဲ့ သည်။ အမေရိကန်တွင်တည်ဆောက်ခဲ့ သည်။ကတယ ၄၂၁၊၄၂၂၊၄၂၃ ဟုသတ်မှတ်ခဲ့ သည်။အလျား ၁၀၃ ပေ၊ ၀န်ပြည့် အလေးချိန် ၁၁၁ တန်ရှိပြီး တစ်နာရီ ရေမိုင် ၂၄ မိုင်နှုန်း အမြန်ဆုံးသွားနိုင်သည်။ ၄၀မမ ဘိုဖာ ၂လက် ၊ ၂၀မမ အော်လီဂန်း ၂လက် နှင့်  စက်သေနတ်ြကီး ၂ လက်ပါရှိ ပြီး အရာရှိ စစ်သည် ၂၅ဦး တာဝန်ယူရသည်။ကတယ-၄၂၁ မှာ ၁၉၉၀ပြည့် လွန်နှစ်များအတွင်း ဆုံးရှုံး ခဲ့ သည်။

PB-90 Class: ၁၉၉၀ ခုနှစ်တွင်ယူဂိုဆလားဗီးယားမှ ၃စင်းဝယ်ခဲ့ သည်။ ကတယ ၄၂၄၊၄၂၅၊၄၂၆ ဟုသတ်မှတ်ခဲ့ သည်။အလျား ၂၈မီတာ၊ ၀န်ပြည့် အလေးချိန် ၉၀တန်ရှိပြီး တစ်နာရီ ရေမိုင် ၃၂ မိုင်နှုန်း အမြန်ဆုံးသွားနိုင်သည်။ ၂၀မမ M-75 ၄လက်တွဲ စက်အမြောက် ၂ လက်ပါရှိ ပြီး အရာရှိ စစ်သည် ၁၇ဦး တာဝန်ယူရသည်။

YRGB Class မြစ်တွင်းတိုက်ရေယာဉ်: ၁၉၅၇မှ ၁၉၆၀ခုနှစ် အတွင်းယူဂိုဆလားဗီးယားမှ ၁၀စင်းဝယ်ခဲ့ သည်။ မရယ ၃၀၁ မှ ၃၁၀ ဟုသတ်မှတ်ခဲ့ သည်။အလျား ၁၀၅ပေ၊ ၀န်ပြည့် အလေးချိန် ၁၅၀တန်ရှိပြီး တစ်နာရီ ရေမိုင် ၁၃ မိုင်နှုန်း အမြန်ဆုံးသွားနိုင်သည်။ ၄၀မမဘိုဖာ ၂ လက်ပါရှိ ပြီး အရာရှိ စစ်သည် ၂၉ ဦး တာဝန်ယူရသည်။

Y311 Class မြစ်တွင်းတိုက်ရေယာဉ်:၁၉၆၇ခုနှစ် ပြည်တွင်းတွင် ၂စင်းတည်ဆောက်ခဲ့ သည်။ မရယ ၃၁၁၊၃၁၂ ဟုသတ်မှတ်ခဲ့ သည်။အလျား ၁၂၁ပေ၊ ၀န်ပြည့် အလေးချိန် ၂၅၀တန်ရှိပြီး

တစ်နာရီ ရေမိုင် ၁၂ မိုင်နှုန်း အမြန်ဆုံးသွားနိုင်သည်။ ၄၀မမဘိုဖာ ၂လက်၊၂၀မမ အော်လီဂန်း ၂ လက်ပါရှိ ပြီး အရာရှိ စစ်သည် ၃၇ ဦး တာဝန်ယူရသည်။ YRGB ကိုအခြေခံ တည်ဆောက်ထားခြင်းဖြစ်သည်။ မရယ-၃၁၂ မှာ၂၀၀၈ မေလ နာဂစ်မုန်တိုင်းတွင် နစ်မြုပ်ခဲ့ ပြီးဖြစ်သည်။

Carpentaria Class တိုက်ရေယာဉ်း ၁၉၇၉-၁၉၈၀ ခုနှစ်တွင် Australia နိုင်ငံမှ ၆စင်းဝယ်ခဲ့ သည်။ တရယ ၁၁၂ မှ ၁၁၇ ဟုသတ်မှတ်ခဲ့ သည်။ အလျား ၁၆ မီတာ၊ ၀န်ပြည့် အလေးချိန် ၂၇တန်ရှိပြီး တစ်နာရီ ရေမိုင် ၂၇ မိုင်နှုန်း အမြန်ဆုံးသွားနိုင်သည်။ ၂၀မမ ၁ လက် ၊ ၀.၅ စက်သေနတ်ကြီး ၁ လက်ပါရှိ ပြီး အရာရှိ စစ်သည် ၁၁ ဦး တာဝန်ယူရသည်။ ယခင် ပုလဲနှင့် ငါးလုပ်ငန်း ငါးဖမ်းရေယာဉ်များ လုံခြုံရေး အတွက်ဝယ်ခဲ့ ခြင်းဖြစ်သည်။

PCE Class တိုက်ရေယာဉ်း ၁၉၈၉ ခုနှစ်တွင် ရေတပ်မှ ၄ စင်းဆောက်ခဲ့ သည်။ အလျား ၁၈.၃ မီတာ၊ ၀.၅ စက်သေနတ်ကြီး ၂လက်ပါရှိ ပြီး အရာရှိ စစ်သည် ၁၁ ဦး တာဝန်ယူရသည်။

Osprey 50 Class OPV (အင်းအမျိုးအစား စစ်ရေယာဉ်)း ၁၉၈၂ တွင်ဒိန်းမတ်နိုင်ငံမှ ၃စင်းဝယ်ခဲ့ သည်။ အင်းတော် ၅၅၊ အင်းမ ၅၆၊ အင်းယား ၅၇ တို့ ဖြစ်သည်။ အလျား၁၆၄ ပေ၊ ၀န်ပြည့် တန်ချိန် ၅၀၅တန်ရှိပြီး တစ်နာရီရေမိုင် ၂၀ မိုင်နှုန်းသွားနိုင်သည်။ ၄၀မမ ဘိုဖာ ၁လက်၊၂၀ မမ စက်အမြောက်၂လက်ပါရှိပြီး အရာရှိ စစ်သည် ၂၀ဦး တာဝန်ယူရသည်။ အင်းမ-၅၆ မှာနစ်မြုပ်ခဲ့ ပြီးဖြစ်သည်။ဗျူဟာစစ်ရေယာဉ်စုတွင် အသုံးပြုနေ သည်။ရဟတ်ယာဉ် ဆင်းကွင်းပါရှိသည်။

Hinan Type 037 Class စစ်ရေယာဉ်း ၁၉၉၁ဇန်န၀ါရီလတွင် ၆စင်း ၊၁၉၉၃ မေလတွင် ၄စင်းတရုတ်မှဝယ်ခဲ့သည်။ ၄၄၁ မှ ၄၅၀ ဟုသတ်မှတ်ခဲ့ သည်။ အလျား ၁၉၃ပေ၊ ၀န်ပြည့် တန်ချိန် ၃၉၂ တန်ရှိပြီး တစ်နာရီရေမိုင် ၃၀.၅ မိုင်နှုန်းသွားနိုင်သည်။ ၅၇မမ ပုံစံ-၆၆ ၂လက်တွဲ၂ လက်၊၂၅ မမ ပုံစံ-၆၁ ၂လက်တွဲ စက်အမြောက်၂လက် ၊ ၂၅၂ မမ ပုံစံ -၈၁ ရေငုပ်သင်းဘောဖျက်ဒုံးပစ်လောင်ချာ ၄လက် ၊ BMB-2 ရေငုပ်သင်းဘောဖျက် မော်တာ ၂လက်၊ မိုင်းချ စင်များ ပါရှိပြီး အရာရှိ စစ်သည် ၇၇ဦး တာဝန်ယူရသည်။ စစ်ရေယာဉ် ရန်စစ်အောင်၄၄၁ မှာ ၂၀၀၈ မေလ နာဂစ်မုန်တိုင်းတွင် နစ်မြုပ်ခဲ့ ပြီးဖြစ်သည်။ဗျူဟာစစ်ရေယာဉ်စု များတွင် အသုံးပြုနေ သည်။

Houxin Type-037-IG Class ဒုံးပျံတင် အစောင့်လိုက်စစ်ရေယာဉ်း ၁၉၉၅၊ ၁၉၉၆၊၁၉၉၇ တို့ တွင် ၂စင်းစီ တရုတ်မှဝယ်ယူခဲ့ သည်။ ၄၇၁ မှ ၄၇၆ အထိ သတ်မှတ်ခဲ့ သည်။ အလျား ၂၀၄ပေ၊ ၀န်ပြည့် တန်ချိန် ၄၇၈တန်ရှိပြီး တစ်နာရီရေမိုင် ၂၈ မိုင်နှုန်းသွားနိုင်သည်။ ၃၇မမ ပုံစံ-၇၆ ၂လက်တွဲ၂ လက်၊၁၄.၅ မမ ပုံစံ-၆၉ ၂လက်တွဲ စက်သေနတ်ကြီး၂လက် ၊စီ -၈၀၁ အေ သင်းဘောဖျက်ဒုံးပျံ ၄လက် ပါရှိပြီး အရာရှိ စစ်သည် ၇၀ဦး တာဝန်ယူရသည်။ ဗျူဟာစစ်ရေယာဉ်စု များတွင် အသုံးပြုနေ သည်။

၅၅ နှင့် ၅၆ series အမြန်တိုက်ရေယာဉ်များး ၅၅၁ မှ ၅၇၀ အထိတည်ဆောက်ပြီးဖြစ်သည်။ အလျား၄၅မီတာ ၊တန်ချိန် ၂၁၃ တန်ရှိပြီး တစ်နာရီရေမိုင် ၃၀ မိုင်နှုန်းသွားနိုင်သည်။ အကြမ်းဖျင်း အရာရှိ စစ်သည် ၃၀ဦး တာဝန်ယူရသည်။ လက်နက်တပ်ဆင်မှု မှာ အမျိုးမျိုးကွဲပြားလျက်ရှိသည်။ ၅၅၁နှင့် ၅၅၂ တို့ ဒီဇိုင်းများကလည်း ကျန်ရေယာဉ်များနှင့်  ကွာခြားသည်။ ၅၅၁ နှင့် ၅၅၂ တွင် ၅၇မမ ပုံစံ-၆၆ ၂လက်တွဲ၁ လက်၊၂၅ မမ ပုံစံ-၆၁ ၂လက်တွဲ စက်အမြောက်၂လက် ပါရှိသည်။၅၅၃၊၅၅၄ နှင့် ၅၅၅ တွင် ၃၇မမ ပုံစံ-၇၆ အေ ၂လက်တွဲ ၁ လက်၊၁၄.၅ မမ ပုံစံ-၆၉ ၂လက်တွဲ စက်သေနတ်ကြီး၂လက်၊၂၅ မမ ပုံစံ-၆၁ ၂လက်တွဲ စက်အမြောက်၁လက် ပါရှိသည်။ ၅၅၆နှင့်၅၅၇တွင် ၃၀မမ ပုံစံ-၆၉ ၂လက်တွဲ ၂လက်၊၁၄.၅ မမ ၄လက်တွဲ စက်သေနတ်ကြီး၂လက်၊လက်၊စီ-၈၀၁ အေ သင်းဘောဖျက်ဒုံးပျံ ၄လက် ပါရှိသည်။ ၅၅၈ တွင် ၃၀မမ ပုံစံ-၆၉ ၂လက်တွဲ ၂လက်၊၁၄.၅ မမ ၄လက်တွဲ စက်သေနတ်ကြီး၂လက် ပါရှိသည်။ ၅၅၉နှင့်၅၆၀ တွင် ၃၀မမ စီအာအန်-၉၁ စက်အမြောက် ၂လက်၊ ၁၄.၅ မမ စက်သေနတ်ကြီး၂လက်၊ ၊၂၅ မမ ပုံစံ-၆၁ ၂လက်တွဲ စက်အမြောက်၁လက် ပါရှိသည်။ ၅၆၁ မှ အစပြုသောကျန်ရေယာဉ်များ လက်နက်တပ်ဆင်မှုကို အတိအကျ မသိပါ။ ၅၆၁နှင့် ၅၆၂ တွင် side- firing သင်းဘောဖျက်ဒုံးပျံ ပစ်စင်များ ပါရှိသည်။

၇၇မီတာ ကော်ဗက်ရေယာဉ်း ၇၇၁ အနော်ရထာ နှင့် ၇၇၂ ဘုရင့် နောင် ဟုသတ်မှတ်ထားသည်။ အလျား ၇၇ မီတာ၊ ၀န်ပြည့် တန်ချိန် ၁၂၀၀ တန်ရှိပြီး တစ်နာရီရေမိုင် ? မိုင်နှုန်းသွားနိုင်သည်။ ၇၆မမ Oto Melara 76/62 Compact Gun ၁လက်၊၁၄.၅ မမ ပုံစံ-၆၉ ၂လက်တွဲ စက်သေနတ်ကြီး၂လက် ၊ စီ-၈၀၂ သင်းဘောဖျက်ဒုံးပျံ ၄လက်၊ ၂၅၂ မမ ပုံစံ -၈၁ ရေငုပ်သင်းဘောဖျက်ဒုံးပစ်လောင်ချာ ၂လက်၊ အမျိုးအစား မသိရသော ဝေဟင်ပစ်ဒုံးစနစ်၊ ပခုံးထမ်းလေယာဉ်ပစ်ဒုံးလက်နက်များ၊ ရဟတ်ယာဉ်ဆင်းကွင်းတို့  ပါရှိပြီး အရာရှိ စစ်သည် ?ဦး တာဝန်ယူရသည်။

၁၀၈မီတာ ဖရီးဂိတ်စစ်ရေယာဉ် အောင်ဇေယျ F-11း အလျား ၁၀၈ မီတာ၊ တန်ချိန် ၂၅၀၀ တန်ရှိသည်။ ၇၆မမ Oto Melara 76/62 Compact Gun ၁လက်၊၁၄.၅မမ ပြောင်း ၆လုံးတွဲ စက်သေနတ်ကြီး၂လက် ၊ စီ-၆၀၂ ဒုံးပျံ ၄လက်၊ ၃၀မမ AK-630 ပြောင်း ၆လုံးတွဲ စက်အမြောက် ၄လက်၊ ၈၂ မမ Decoy Launcher ၂ လက်၊ ၂၅၂ မမ ပုံစံ -၈၁ ရေငုပ်သင်းဘောဖျက်ဒုံးပစ်လောင်ချာ ၂လက်၊ အမျိုးအစား မသိရသော ဝေဟင်ပစ်ဒုံးစနစ်၊ ပခုံးထမ်းလေယာဉ်ပစ်ဒုံးလက်နက်များ၊ ရဟတ်ယာဉ်ဆင်းကွင်းတို့  ပါရှိသည်။ Mi-2 အပေါ့စားရဟတ်ယာဉ် တစ်စင်း နှင့် တွဲဖက်လေ့ ကျင့်  လေ့ ရှိသည်။

Type-053 H-1 ဖရီးဂိတ် စစ်ရေယာဉ်း F-23 မဟာသီဟသူရ နှင့် F-21 မဟာဗန္ဓုလ တို့ ဖြစ်သည်။ အလျား ၁၀၃.၂ မီတာ၊ တန်ချိန် ၁၇၀၂ တန်ရှိသည်။ တစ်နာရီရေမိုင် ၂၆ မိုင်နှုန်းသွားနိုင်သည်။ ၁၀၀မမ ပုံစံ-၇၉ အမြောက်ကြီး ၂ လက်တွဲ ၂ လက်၊၃၇ မမ ပုံစံ-၇၆ ၂လက်တွဲ စက်အမြောက်၎လက် ၊ ၂၅၂ မမ ပုံစံ -၈၁ ရေငုပ်သင်းဘောဖျက်ဒုံးပစ်လောင်ချာ ၂လက် ၊ ပုံစံ-၆၂ ရေငုပ်သင်းဘောဖျက် မော်တာ ၂လက်၊ SY-1 သင်းဘောဖျက်ဒုံးပျံ ၄လက်၊ မိုင်းချ စင်များ ပါရှိပြီး အရာရှိ စစ်သည် ၂၀၀ ဦး တာဝန်ယူရသည်။ စီ-၈၀၂ သင်းဘောဖျက်ဒုံးပျံ များဖြင့် အဆင့် မြှင့် သွားမည်ဟုဆိုသည်။

စစ်ရေယာဉ် မေယု၊ရန်မျိုးအောင်၊ရန်တိုင်းအောင်၊ရန်ကြီးအောင်၊န၀ရတ်၊နဂါးကြေး နှင့် အခြားရေယာဉ်များအကြောင်းလည်းရေးပါဦးမည်။

(အပိုင်း-၂ ကို ဆက်လက်တင်ပေးပါ့မယ်...)

8 comments:

  1. အချက်အလက်ပြည့်ပြည့်စုံစုံ ကျွန်တော်တို့သိ၇အောင်တင်ပေးတဲ့ ကို fulcrum နှင့် ကို mm တို့ကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. ဖတ်ရတာတော်တော်လေးပြည့်စုံပြီး ဗဟုသုတများစွာရရှိပါတယ်ဗျာ အသေးစိတ်ကိုအခုမှပဲသိရတော့တယ် အပိုင်း၂ ကိုလည်းဆက်လက်အားပေးပါအုံးမည်,စစ်ရေယာဉ်နံပါတ် ၄၁ ၊ ၄၂ ၊ အပြင် တပ်မတော်ရေမှ ရတနာပုံသဘောင်္အကြောင်းကိုလည်း ဖော်ပြပေးပါအုံးခင်ဗျာ ၊
    န၀ရတ်၊နဂါးကြေး ဆိုတာဖျက်သိမ်းလိုက်သော ၅၀၁ ။ ၅၀၂ နံပတ်နှင့်ရေယာဉ်များကိုခေါ်တာဖြစ်မယ်လို့ထင်ပါတယ်၊ ကို mm နှင့် ကို fulcrum တို့ရေ ဟုတ်မဟုတ်ပြောပေးပါအုံးဗျာ .. ကျေးဇူးအထူးတင်ပါတယ်

    ReplyDelete
  3. ကို MM ရေ ။ Wiki မှာ မြန်မာ ရေတပ် က Gabriel (missile) တွေ သုံးနေတယ်လို့ ဖတ်ရတယ် ။ အဲ့ဒီ့ အကြောင်း ဟုတ်မဟုတ် ရေးပေးပါအုံး ။ ကျေးဇူးတင်ပါတယ် ။

    ReplyDelete
  4. Some Data for 77 Series,

    77m များရဲ့ အချက်အလက် တချို့ပါ .. 771 and 772 လို့ အတိအကျတော့မပါဘူးခင်မျ၊ ဖြစ်နိုင်တာက တည်ဆောက်ဆဲ ရဲ့ အချက်အလက်ဖြစ်ဖို့များပါတယ် GA plan မှာ no အတိအကျမပါတဲ့အတွက်ပါ.

    Main Particulars
    Length Overall : 77.00 m
    Length on waterline : 72m
    Breath moulded Amid-ship 10.6 m
    depth moulded amid-ship : 7.5m
    test draft : 2.88m
    test displacement ( Approx. ) 985.00 Tons
    full draft : 3.10 M
    full displacement ( Approx) 1080 tons
    Camber 150 mm

    Capacity
    fuel oil : 150 Tons
    fresh water : 60 Tons
    lub oil : 1 Tons

    Speed & Range

    not less than 25 knots ( Displacement 985T
    main engine output 2x 5180kW x 1000 rpm
    max. range 250nm at a speed of 18 knots

    Crew accommodation
    1 Commanding officer
    16 officers & 73 ratings

    ReplyDelete
  5. ၄၁၅ ကမြုပ်သွားပြီလား။စိတ်မကောင်းဘူးဗျာ။အဲဒီစစ်သင်္ဘောနှင့်
    သွားခဲ့တဲ့ကိုးကိုးကျွန်းတို့ပါလီပါလဲ့(pre-parisဟုယူဆရ) ကျွန်းတို့
    ကိုသတိရမိပါတယ်။၄၁၅ မှာ auto-pilot လဲပါတယ်။

    ReplyDelete
  6. မြန်မာ ကကိုယ်ပိုင်ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောရှိတယ်ဆို.. တချိုသတင်းတွေထျွှဲာဖတ်လိုက်ရတယ်.. ဟုတ်လားဗျ.

    ReplyDelete
    Replies
    1. မဟုတ်ရပါ.. လက်ရှိအချိန်မှာဆိုရင် Frigate တွေအပိုင်းကိုသာ အဓိကထား တည်ဆောက်နေကြတာပါ... ဖျက်သင်္ဘောအဆင့်တောင် မတက်ဖြစ်သေးပါဘူး...။ လေယာဉ်တင် တစ်စီးရဲ့ တန်ဖိုးကများလှပါတယ်...။

      Delete
  7. အသစ်လေးတွေ ထပ်ဖြည့်ပေးပါလားဗျာ ..... ရွာထဲမှာ အသစ်ကလေးတွေ များနေပါပြီ .....

    ReplyDelete