Thursday, March 15, 2012

ဝ တပ်ဖွဲ့ပိုင် စစ်လက်နက်တချို့

မြန်မာ့နိုင်ငံတွင် တပ်မတော်ပြီးနောက် ဒုတိယ အင်အားအကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဝ တပ်ဖွဲ့များ၏ စစ်လက်နက်များ အားဖော်ပြပေးလိုက်ရပါသည်။ ပြည်တွင်းအင်အားစုရဲ့ လက်နက်အင်အားထက် သူတို့နောက်ကွယ်မှာရှိတဲ့ တရုပ်ရဲ့ အကြံအစည်ကို သတိထားမိစေလိုသော ဆန္ဒကြောင့် တင်ရခြင်း ဖြစ်ပါတယ်...။

တရုပ်နိုင်ငံမှ ဝယ်ယူထားသော ZFB 05 သံချပ်ကာယာဉ်အား ဝ တပ်ဖွဲ့စစ်ရေးပြပွဲတစ်ခုအတွင်းတွင် တွေ့ရစဉ်ဖြစ်ပါသည်။ပုံတွင် တွေ့ရသောအချက်များအရ အစီးရေ ၃စီး တွေ့ရပြီး နောက်ထပ်မည့်မျှထိ ရှိဦးမည်ကို မသိရပါ...။

NSV တွေရဲ့ စနစ်ကို ပုံတူယူထားတဲ့ စက်သေနတ်လို့ ထင်ပါတယ် (အမျိုးအစား မသိပါ)


၁၂.၇မမ Dshk စက်သေနတ်ကြီးကို တပ်ဆင်ထားသည့် သံချပ်ကာယာဉ်


ဒီသံချပ်ကာယာဉ်မှာကတော့ ဘာစနစ်လည်း ဆိုတာမသိရပါဘူး..


ဝ တပ်ဖွဲ့၏ ဘမ်မာ စစ်သုံးယာဉ်


အမေရိကန် ကြည်းတပ်သုံး ဟမ်ဗီး စစ်သုံးယာဉ်ဒီဇိုင်းကို ယူထားတဲ့ ဟမ်မာ စစ်သုံးယာဉ်အသွင်ပြောင်းထားတဲ့ ဝ တပ်ဖွဲ့တွေရဲ့ ကားဖြစ်ပါတယ် အနားက စစ်သုံးယာဉ်ကတော့ တပ်မတော် (ကြည်း)က ဖြစ်ပါလိမ့်မယ်...။

တရုပ်ဆီမှ ရရှိထားသည့် Dong Feng စစ်သုံးယာဉ်များ

ဒီစစ်ကားတွေကတော့ တပ်မတော်မှာလည်း အသုံးပြုပါတယ်...။

မူရင်းက ရုရှားထုတ်ပါ နာမည်ကြီးပါဘဲ Dshk ၁၂.၇မမ စက်သေနတ်ကြီး ဖြစ်ပါတယ်....။



ပြည်တွင်း စစ်ရေးအခြေအနေကို ဖော်ပြလိုခြင်းမဟုတ်ပါ တချိန်မှာ မြန်မာနိုင်ငံအတွက် အဓိကရန်သူဖြစ်လာနိုင်တဲ့ တရုပ်ရဲ့ အစီစဉ်တစ်ချက်လို့ ယူဆမိလို့ အားလုံးသိအောင် ဖော်ပြပေးခြင်းဖြစ်ပါတယ်....။ ပြည်တွင်းကစည်းလုံးနေရင် ဘယ်ရန်သူကိုမှ ကြောက်နေစရာမလိုပါဘူးခင်ဗျာ....။ (ပို့ပေးထားကြတဲ့ ပုံတွေနှင့် သူငယ်ချင်းတွေဆီက ပုံတွေ ထပ်ဖြည့်ပြီး တင်ထားပါတယ်....။)
ပုံတွေပြန်တင်ပြီး...။

15 comments:

  1. ကိုMMရေ DshK စက်သေနတ်ကြီးက ၁၂.၇မမ ပါ။ ၁၄.၅မမ က KPV စက်သေနတ်ကြီးပါ။

    ReplyDelete
  2. ဟုတ်ကဲ့ပါဗျာ...
    ပြန်ပြင်လိုက်ပါ့မယ်.... ကျေးဇူးပါဗျာ....

    ReplyDelete
  3. ဒီပို့စ် ဟာ အရေးကြီးတဲ့ပို့စ်ပဲ။
    သူတို့ဘာလုပ်တာလဲ၊ ဘာပွဲလဲ၊ တပ်မတော်ကသိလား၊ အခုငြိမ်းချမ်းရေးတည်မြဲနေတုန်းလား၊ ဘယ်လိုအခြေအနေလဲ၊ ဒီအတိုင်းထားလို့မရနိုင်ပါ။ ပေါင်းခိုင်း၊ ဒါမှမဟုတ် ဒီဆူးကို အပြတ်ရှင်း၊ မပြတ်သားရင် အရင်ထက်ကြီးတဲ့ ပြည်တွင်းစစ်ကိုရင်ဆိုင်သွားရမယ်။ ငြိမ်းချမ်းရေးယူထားစဉ်မှာ အင်အားတိုးချဲ့မှုတေလုပ်လေ့ရှိတဲ့ သူတို့ကို ဘယ်လိုလုပ်မလဲ။

    ReplyDelete
    Replies
    1. တပ်မတော်ကိုတိုင်က မမှန်မကန်တွေလုပ်နေမှတောတိုင်းရင်းတွေလဲကိုယ့်ကို
      ကာကွယ်ဖို့အသင့်ပြင်ထားလို့ဖြစ်မှာပေါအပြတ်ရှင်းတယ်ဆိုတာဘာကိုပြောတာ
      လဲကျွန်တော်တို့လူမျိုးတွေက လွန်ခဲတဲနှစ်ပေါင်းများစွာပစ်ထားချင်းခံရတယ်
      ကိုယ့်ကိုကာကွယ်ထဖို့အသင့်ပြင်ထားတာအပြစ်လားပြောပါဦး သူတို့တွေက
      ဒီထဲမကပိုပြီးကြီးမာလာလိပ်မယ်ဘာဖြစ်လို့လဲဆိုတော အစိုးရတပ်မတော်
      တွေထိန်းချုပ်နယ်မြေတွေဆိုရင်ပည်သူတွေအနိုင်ကျင့်ခံရတယ်
      ကောင်မလေးတွေဆိုပိုစိုးပေါအဲတာကြောင့်အစိုးရနယ်ကျော်ပြီးမလာ
      ရဲ့အောင်ဒီထက်မကကြိုးစားလိပ်မယ်

      Delete
    2. အပြတ်ရှင်းတယ်ဆိုတာ တိုင်းပြည်ကနေ ခွဲထွက်ဖို့ (ဒါမှမဟုတ်) တိုင်းတစ်ပါးရဲ့ လက်သိပ်ထိုးထောက်ပံ့ပေးကမ်းမှုတွေကို ခံယူပြီး ကိုယ့်တိုင်းပြည်ရဲ့နယ်မြေအစိတ်အပိုင်းတစ်ခုမှာ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဖီဆန်အံတုပြီး ကိုယ်ပိုင်လွတ်လပ်နယ်မြေ (ဝါ) ကိုယ့်မင်းကိုယ့်ချင်းနယ်မြေ ထူထောင်ချင်သူတွေအတွက် ထိုက်တန်တဲ့ဆုလာဘ်တစ်ခုပဲ...။ ခင်ဗျားပြောတဲ့ တပ်မတော်ကိုယ်တိုင်က မမှန်မကန် လုပ်နေတယ်ဆိုတဲ့စကားကို ပြင်ပါ... ဝါးလုံးချီးသုတ်ပြီး လာမရမ်းပါနဲ့။ ခင်ဗျားပြောတဲ့စကားဟာ လုံးဝ လက်မခံနိုင်တဲ့စကားဖြစ်တယ်။ အသားလွတ်နေရင်း တပ်မတော်က ဘာကို ဘယ်သူ့ကို ဝင်တိုက်ဖူးလဲ ??? လက်ရှိ လက်နက်ကိုင်တွေအားလုံးသာ လက်နက်တွေ စွန့်လိုက်မယ်ဆိုရင် တပ်မတော်က အေးအေးချမ်းချမ်းနဲ့ နယ်စပ်တွေမှာ ကိုယ့်ပြည်သူတွေ လုံခြုံအောင် သွားနေပေးနေရုံပဲ။ လက်ရှိ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းဆိုတဲ့သူတွေက သိပ်ပြီးတော့ သူတို့ပြည်နယ်တွေ တိုးတက်ချင်လွန်းလို့များ ယူဆနေသလား ??? စားပေါက်ချောင်ရင် ငြိမ်းချမ်းရေးယူထားမယ်။ စားပေါက်မချောင်တော့ဘူးဆိုရင် တောထဲပြန်ဝင်ပြီး ဟိုလုပ်ဒီလုပ် ရူးကြောင်မူးကြောင် ပြန်လုပ်မယ်... ပြည်ပလက်သိပ်ထိုးမီဒီယာတွေကနေ ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ် သတင်းပြန်လွှင့်မယ်... ပြီး အစိုးရက နယ်မြေတည်ငြိမ်အေးချမ်းစေချင်လို့ အထောက်အပံ့ အပေးအကမ်းတွေနဲ့ ပြန်ကမ်းလှမ်းလာတဲ့အခါကျရင် မှိုရတဲ့အခွက်တွေနဲ့ သူတို့ကိုယ်သူတို့ အဟုတ်ထင်ပြီး လက်မှတ်လာထိုးမယ်... တစ်ခါ စားပေါက်မချောင်တော့ရင် ပေးထားတဲ့ကတိတွေအကုန်ဖျက်ပြီး နောက်ထပ် တောထဲကို ပြန်ဝင်မယ်။ ဒါနဲ့ပဲ မြန်မာနိုင်ငံကြီးမှာ မှိုလို လက်နက်ကိုင်အဖွဲ့တွေ ပေါများလည်ပတ်နေပြီး မတည်ငြိမ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ ??? လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပစ်ထားခြင်းခံရတယ်ဆိုတာကရော ဘာကိုဆိုလိုတာလဲ ရှင်းပြပါ ??? ဘယ်သူတွေကို ပစ်ထားတာလဲ ??? ခင်ဗျားရဲ့မွေးဖွားရာဇာတိပြည်နယ်က ဘာလဲ ??? တိုင်းရင်းသားပြည်သူတွေကို ပစ်ထားတာလား (သို့တည်းမဟုတ်) လက်နက်ကိုင်ထားတဲ့ သူတို့ကိုယ်သူတို့ တိုင်းရင်းသားခေါင်းဆောင်ပါလို့ အမည်ခံထားတဲ့ တောတွင်းသူပုန် လက်တစ်ဆုပ်စာကို ပြောတာလား ??? ဘာကို ပစ်ထားတာလဲ ??? နယ်စပ်ဒေသတွေမှာ ဒီလောက် မတည်ငြိမ်နေတဲ့ကြားက ဖွံ့ဖြိုးတိုးတက်လာအောင် မရှိရှိတဲ့ကြားထဲက ခွေးလိုနွားလို ရုန်းကန်ဖြည့်ဆည်းပေးခဲ့တာတွေ ခင်ဗျား မျက်လုံးကန်းနေလို့များ မမြင်မိတာလား ??? အစိုးရတပ်မတော် ထိန်းချုပ်နယ်မြေတွေဆိုရင် ပြည်သူတွေ အနိုင်ကျင့်ခံရတယ် ??? ခင်ဗျား အစိုးရဆိုတဲ့စကားနဲ့ တပ်မတော်ဆိုတဲ့စကားကို ကွဲကွဲပြားပြား နားလည်ဖို့ လိုအပ်ဦးမယ်။ တပ်မတော်အခြေစိုက်ထားတဲ့မြို့ မြန်မာနိုင်ငံမှာ ဘယ်နှစ်မြို့ရှိလဲ... ခင်ဗျား လေ့လာလိုက်။ ပြီးရင် အမှုအခင်းဖြစ်တဲ့မြို့ ဘယ်နှစ်မြို့ရှိလဲဆိုတာနဲ့... ဘယ်နှစ်မှုဖြစ်လဲဆိုတာ ခင်ဗျား သွားလေ့လာလိုက်ဦး။ လူဆိုတာ အမျိုးမျိုးအထွေထွေရှိတယ်ဗျ... ဝါးလုံးချီးသုတ်ပြီး "တပ်မတော်"ဆိုတဲ့စကားလုံးနဲ့ လာမရမ်းနဲ့... ကောင်မလေးတွေဆို ပိုဆိုးတယ်ဆိုတဲ့ နိုင်ငံခြားပေးစာကမ်းစာ စားနေတဲ့ မီဒီယာတွေရဲ့သောက်ချိုးနဲ့ လာမပြောနဲ့။ တနိုင်ငံလုံးမှာ မုဒိန်းမှု ၁ လကို ဘယ်နှစ်မှုဖြစ်လဲ ??? တပ်မတော်ကြောင့် မုဒိန်းမှု ၁ နှစ်ကို ဘယ်နှစ်မှုဖြစ်လဲ ခင်ဗျား သွားစုံစမ်းလိုက်...။ တပ်မတော်ကို ဖွဲ့စည်းထားတာ အကုန်လုံး သောတာပန်ရဟန္တာတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်ဘူး... မတစ်ထောင်သားတွေ... အဲဒီလို မတစ်ထောင်သားတွေထဲကမှ ဖောက်ထွက်လာတဲ့ကောင်ရှိရင် ခြေမ,မကောင်း ခြေမ၊ လက်မ,မကောင်း လက်မ... ထိထိရောက်ရောက် အရေးယူတယ်။ တပ်မတော်ကြောင့်မှ မဟုတ်ဘူး... အဲဒီလိုအမှုတွေဆိုတာ နေရာဒေသတိုင်းမှာ ရှိတယ်... စစ်သားမှ မုဒိန်းကျင့်တတ်တာ မဟုတ်ဘူးဆိုတာ ခင်ဗျားသဘောပေါက်ရင် တပ်မတော်ဆိုပြီး ဝါးလုံးချီးသုတ်ရမ်းနေတဲ့ ပါးစပ်ကို ပိတ်ထားလိုက်ဖို့ကောင်းမယ်။

      Delete
    3. ဘယ်သူတွေမှာ ဘာတွေရှိရှိ တပ်မတော်အနေနဲ့ ဘယ်သူ့ကိုမှ မကြောက်ဘူး... မလုပ်ရဲ၊ မထိရဲလို့လဲ မဟုတ်ဘူး...
      မလုပ်ချင်လို့ ကြည့်နေတာ... မလိုအပ်ပဲ အသက်တွေ ထပ်ပြီး ဆုံးရှုံးမှာစိုးလို့၊ ဒီလိုနဲ့ တိုင်းပြည်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ
      အလဟဿ ထပ်ဖြစ်မှာစိုးလို့ အနုနည်းနဲ့ကိုင်တွယ်ပြီး ကြည့်နေတာ... ဘယ်ကောင့်ကိုမှ မကြောက်ဘူး၊
      ဘယ်လက်နက်ကိုင်ကိုမှ စာရင်းထဲ မသွင်းဘူး... ရှင်းလား... အကွာကြီးပဲ... ကပေါက်တိကပေါက်ချာ ဖွဲ့စည်းထားတဲ့
      သူပုန်အဆင့်ပဲရှိတဲ့အဖွဲ့အစည်းတွေနဲ့ စနစ်တကျ ကွန်ယက်ဖွဲ့ပြီး ဖွဲ့စည်းတည်ထောင် လေ့ကျင့်ပေးထားတဲ့ နိုင်ငံ့ကိုယ်စားပြု အမြဲတမ်းတပ်မတော်ကြီးတစ်ရပ်နဲ့ အကွာကြီးပဲ။ ခင်ဗျားသိအောင် တစ်ခုပြောလိုက်ဦးမယ်... ကျုပ်တို့အနေနဲ့ ခုထက်ထိ မင်းက တိုင်းရင်းသား၊ ငါက ဗမာစသဖြင့် တစ်ကြိမ်တစ်ခါမှ ခွဲခြားပြီးမပြောဖူးဘူး... ကျုပ်သူငယ်ချင်းတွေထဲမှာလဲ တိုင်းရင်းသားမျိုးစုံရှိတယ်... ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ ရခိုင်... အကုန်ရှိတယ်... သူတို့လဲ တစ်ခါမှ သူတို့ကိုယ်သူတို့ တိုင်းရင်းသားဖြစ်နေလို့ နိမ့်ကျနေတယ်၊ ထူးခြားနေတယ်လို့ မခံစားဖူးဘူး... ညီရင်းအစ်ကိုတွေလို အသက်ပေးပြီး ချစ်ကြတယ်... အေးအေးလူလူပဲ... အဲဒီ လူမျိုးဆိုတဲ့ ပညတ်တွေဟာ
      ပညတ်သာသာပဲရှိတယ်။ ဒါကြောင့် ခင်ဗျားကို ကျုပ် တစ်ခွန်းပြောလိုက်ပါ့မယ်... အမြင်ကျဉ်းတဲ့မျိုးဆက်တွေ၊ အမြင်ကျဉ်းတဲ့ တစ်ယူသန်သမားတွေ မျိုးတုံးပျောက်ကွယ် ပြောင်းလဲကုန်တာနဲ့အမျှ ကျုပ်တို့တိုင်းပြည်ကြီး တဖြည်းဖြည်း တည်ငြိမ်တိုးတက် အေးချမ်းလာပါလိမ့်မယ်... ဒါလောက်ပဲ... ကျုပ်စကားအများကြီး မပြောချင်ဘူး၊ အိမ်ကြက်ချင်း ခွပ်ဖို့လဲ ဝါသနာမပါဘူး... လက်ရှိမှာ ပြည်တွင်းမှာ သွေးကွဲတာနဲ့ ဝိုင်းအမဲဖျက်မယ့်သူတွေက အဆင်သင့်စောင့်နေကြတယ်၊ ဒါကို
      သတိမပြုပဲ တဆိတ်ရှိ တပ်မတော်ကိုပဲ ထိခိုက်ပုတ်ခတ်ပြီး အချင်းချင်း ရန်ဖြစ်ဖို့လောက် အားသန်နေတယ်ဆိုရင်တော့
      ကျုပ်တို့နိုင်ငံရဲ့ အနာဂတ် သိပ်မကောင်းလှဘူးဆိုတာ ဗေဒင်မေးစရာမလိုဘူးမိတ်ဆွေ။

      Delete
    4. This comment has been removed by the author.

      Delete
  4. at 21c world defense military sale site....many country offer their weapon...China offer 053h1 frigate(surplus PLA used)25 million dollars per ship...With a little upgrade(sensors,communication,SSM)50 millions per ship..Large upgrade to 053h3 standard 125 million dollars per ship..I think we buy 25millions dollar per ship with no upgrade.some said 7millions dollar friendly price...at that time Russia offer 1Kashin destroyer serviceable 50 millions dollar per ship...2 Krivak 1 frigate 20 millions dollar per ship...5 Krivak 2 frigate 30millions dollar per ship...1 Krivak3 frigate 16 millions dollar per ship....Chinese and Russia price are not different..i think we should buy Russsia ships...Russia Krivak class are very superior than China...SSN 14 missiles included

    ReplyDelete
  5. weapons price can see in 21c site...i calculate our weapon.price..for our country military budget this year.1200 millions dollar foreign money included..used for buying weapons..from 1988 to 2012...army.buy over 1000 tanks cost over 1 billion dollars..near 1000 Ifv cost 1 billion dollars...300 155 artillery 1 billion dollars..other artillery...rocket launchers and various SSM....ARMY costs total 10 billion dollars...for air force....32 MIg29 costs 130+570=700 million dollars..31 J7 300 million dollars and other aircraft.radars...AIR FORCE used 3 billion dollars...for navy biggest ship bought 053h1 is not more than 5o million dollars..i think Navy costs only 1 billion dollars...MY ESTIMATION..60% money used for army...30% fro airforce 10% for navy.. Our coasts are very longer as INDIA..most of our foreign income come from offshore..Neighbouring country want to get...If we uesd a little more money we can built biggest navy in ASEAN...cause we can built frigate .cheaper than buying..in army we can't built tanks except IFV..in airforce we can't built jet..if we used 250 milllion dollars..we can buy 1 destroyer and 8 frigate from Russia...i m only civillian

    ReplyDelete
  6. I m inerested in millitary..i m civillian..i m only MBA medical doctor...i love our army to be strong

    ReplyDelete
  7. နောက်ထပ် ပခုံး ထမ်း ဒုံးတွေ ကို သေချာ ချိန်လို့ ရအောင် support ပေးတဲ့ စင်နဲ့  သံမဏိ အကာ သာထားပေးရင် ဒီ ယာဉ်လဲေူကာက်စရာ ကောင်းပါတယ်... မပေါ့သင့်ဘူးဗျာ... တင့်ဖျက်ဒုံး တင်တင် ... လေယာဉ်ဒုံး တင်တင် လိုလာ ရင် ကားထဲ က ထုတ် တင်လိုက်ရုံဘဲ... နောက်ူပီး ဒီလို တောင်နဲ့  တောအုပ် စုဖွဲ့ တဲ့ နယ်မှာ ဒီကားတွေ က စစ် ကစား လို့  အကောင်းဆုံး... မပေါ့သင့်ဘူးပေါ့ဗျာ... တရားဝင်ကို ကန့် ကွက် သင့်တယ်... ဘဂ်လား လဲ အေးသွားပြီဆိုတော့ ဒါကို ပို ဂရုစိုက် သင့်တယ်... တိဗက် ကို ကစလ ကနေ လက်နက် ပို့ူကည့်ဗျာ... တရုတ်တွေ ဘယ်လို အော်ူပီး ဘယ်လောက် ရုတ်ူပမလဲဆိုတာ...ဒါ ကျွန်တော်တို့  နိုင်ငံရဲ့ တည်ူငိမ်ရေး ကိုကိုးကိုင်တာဘဲဗျ... ဒါပေမဲ့ အင်အာုးကီးလေတော့ အလိမာ ဖတ် မျှော်မျှော်မြင်မြင် လုပ်နိုင်တဲ့ ခေါင်းဆောင် တွေ ဘဲ လိုလားမိတယ်ဗျာ...

    ReplyDelete
  8. သူတို့နဲ့မတည့်တဲ့ ထိုင်ဝမ်တို့ တိဗက်တို့ကိုအစိုးရ ကလက်နက်ထောက်ပံ့ရင် သူတို့ အနေနဲ့ ချက်ချင်းကိုတုံ့ပြန်မှာပဲ ၊ ဗကပ နေရာကို ၀ တပ်ဖွဲ့နဲ့ အစားထိုး ပြီး မြန်မာအပေါ် ၀ှက်ဖဲတခုထားပြီးတချိန်မှာအသုံးချမယ်လို့မြင်တယ် ယခုလိုဖော်ပြပေးတဲ့အတွက်သူတို့ရဲ့ လုပ်ရပ်ကို ကြိုပြိးသိရတာပေါ့ ၊ မြန်မာနိုင်ငံအပေါ်တချိန်မှာပြသနာပေးလာမှာတော့အမှန်ပဲ ၊ မြန်မာနိုင်ငံကို အိမ်နီးနားချင်းနိုင်ငံယိုးဒယား ၊ တရုတ် ၊ ဘင်္ဂလားတွေ ကိုတော့သတိထားညပြီးကြိုတင်ပြင်ဆင်ထားသင့်ပါတယ်

    ReplyDelete
  9.့ သူတို့ဒီလိုလက်နဲ့တွေဆုစောင်းတယ်ဆိုတာကတခြားသူတွေသူတို့ကိုနယ်ကျော်ပြီး
    မတိုက်ခိုက်ရဲ့အောင် ဆုစောင်းတယ်ထင်တယ် မြန်မာပြည်အတွက်တောအန္တရယ်မဖြစ်
    နိုင်ဘူးထင်တယ်

    ReplyDelete
  10. I think that the RED ARROW antitank missile mounted on truck fromPRC. it is similar to UWSA APC with unknown weapon (not std APC).I saw at Sinodefence forum.
    WA must be away from PRC if they are our citizen and our territory.WA region is not similar to others states ,our armed forces can not armed in their area ,it was an agreement with PRC and as a result of poor U NU & Gen Ne Win signed in 1960.PRC should keep ethic to peaceful border areas by supporting APC and Missiles and unknown weapons.

    ReplyDelete
  11. စိတ် ရင်း မှန် ရင် ပြ သ နာ မ ဖြစ် ဘူး မျှဖို့ က တိ တည် ဖို့ လို တယ်

    ReplyDelete