Saturday, March 24, 2012

မြန်မာ့ဝေဟင်ပိုင်နက်အား ကာကွယ်ပေးမည့် တပ်မတော်(လေ)


မြန်မာ့တပ်မတော် (လေ) ရှိ ကေ-၈ အမောင်းသင်ဂျက်လေယာဉ်

တပ်မတော် (လေ)ရှိ ကေ-၈ အမောင်းသင်ဂျက်တွေကို တရုပ်နိုင်ငံမှဝယ်ယူခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်ပင် ပြန်လည်တပ်ဆင်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။

တပ်မတော် (လေ) ရှိ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်များ



တပ်မတော် (လေ) အက်ဖ်-၇ တိုက်ခိုက်ရေးလေယာဉ်

အက်ဖ်-၇ တိုက်လေယာဉ်အား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်ဖြစ်ပါသည်။

မြန်မာ့ဝေဟင်ပိုင်နက်အား ကာကွယ်ပေးမည့် အက်ဖ်-၇ တိုက်လေယာဉ်များ


ဘလားဒေ့်လေတပ်မှ မစ်-၂၉ ၁၁စင်း နှင့် အက်ဖ်-၇ တိုက်လေယာဉ်များ ရှိပြီး အက်ဖ်-၇ များသည် ဘင်္ဂလား၏ လေတပ်ပင်မကျောရိုးဖြစ်သည်ဟု သိရပါသည်... ၂၀၀၈ခုနှစ်တွင် အဆင့်မြင့်တင်မှု ပြုလုပ်ပြီးဖြစ်သည်ဟု သိရပါသည်။ထို့ပြင် တရုပ်နိုင်ငံမှ ဘီဂျီ အမျိုးအစား အက်ဖ်-၇ တိုက်လေယာဉ် ၁၆စင်းမကြာမှီလက်ခံရရှိတော့မည် ဖြစ်ရာ ဘင်္ဂလားဒေ့်လေတပ်၏ အက်ဖ်-ရ ဘီဂျီများမှ စိတ်ဝင်စားစရာဖြစ်လာသည် လက်ရှိအဆင့်ထက်မြှင့်မှားသော နည်းပညာများ ပေါင်းစပ်ပါဝင်မည်ဟု သိရပြီး ယခုနှစ်အတွင်းတွင် ရုရှားနိုင်ငံမှ သန်းပေါင်း ၈၅၀ တန်ဖိုးရှိသော စစ်လက်နက်များ၊နည်းပညာများဝယ်ယူရန် သဘောတူထားကြသေးသည်။ မြန်မာ့ဝေဟင်ပိုင်နက်အား အပြည့်အဝကာကွယ်နိုင်ရန် တပ်မတော် (လေ)မှ အမ်အိုင်ဂျီ-၂၉များ ထပ်မံမှာယူဖြည့်တင်းနေချိန်တွင် ရန်သူဘင်္ဂလားအနေဖြင့်လည်း စစ်အင်အားတိုးချဲ့ရန် စိုင်းပြင်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ အနောက်နိုင်ငံများမှ တပတ်ရစ် စစ်ရေယာဉ်များဟောင်းများ မကြာမှီလက်ခံရရှိတော့မည် ဖြစ်ပြီး တရုပ်နိုင်ငံမှလည်း စစ်ရေယာဉ်များ ရရှိရန်ကြိုးပမ်းနေကြပြီဖြစ်ပါသည်....။ ကျွှန်တော်တို့အနေနှင့် သတိရှိဖို့လိုပါပြီ.....။

9 comments:

  1. ကိုMM ရေ ၊ ရေငုပ်သဘောင်္သေးသေးလေးတွေ စမ်းပြီး လုပ်နေတယ် ဆိုတာ ဟုတ်လား ခင်ဗျ ။ အဲ့ဒါမျိုးတွေ ရှိသင့်တယ် ။

    ReplyDelete
  2. မုကာသေးခင် ကဘဲ မလေး ရေတပ်က သူတို့  ဝယ်ထားတဲ့ ရေငုပ်သဘော်ကို ရေအောက် မီတာ ၅၀ အနက်ကနေ ကီလို မီတာ ရာချီဝေးတဲူ့ပစ်မှတ်ကို မှန်အောင်ူပစ်ူပသြားပါတယ်... ကျွန်တော်တို့  ဒါတွေ ကိုကည့်ူပီး ကိုယ့်စီမှာ ရှိတဲ့ အထွားလေးနဲ့  ဗျူဟာမပါဘဲ လိုက်နေရင်တော့ မှီမယ်မထင်ဘူးဗျာ... ဥပမာ ဂျာမဏီက တင့်ကားတွေ ကောင်းပါတယ် ...ဒါပေမဲ့ ပေါပေါ နဲ့  များများ ထုတ်တဲ့ စုပေါင်း အင်အားနဲ့  ရုရှား တင့် အုပ်စုကတော့ အရှုံး ပေးလိုက်ရပါတယ်... အဲဒီ အချိန်က အမေရိကန် တပ်တွေ လဲ နည်းပညာမှာ ဂျာမဏီ ကို မမှီ ပေမဲ့  အရေအတွက် နဲ့ူပစ်အား ကို ဗဟိုပု သွာုးကပါတယ်... ကျွန်တော်တို့  အိမ်နီး ချင်း တွေ လဲ ရေတပ်မှာ ဘယ်သူမှ သဘော်ုကီးတွေ ရာဂဏန်း မပိုင်ပါဘူး... ကိုယ့်စီက frigate သူပစ် ကိုယ်ူပစ်ရင်းနဲ့  အထိခံမလား... ကိုယ်စီက အကောင်သေး ဒုံူးပစ်ဆင် တခု လောက်ဘဲ ပါတဲူ့ပည်တွင်းဖြစ် အူမန်လေး တွေ အုပ်စုဖွဲ့ူပီး ၂ စီး လောက် အဆုံး ခူံပီးသူ တို့  Frigate တွေ destroyer တွေ ကို လဲ ယူမလား ... စတာတွေ ခေါင်းဆောင်ကြီးတွေ အစီအမံရှိရှိ စဉ်းစား ရင် ကောင်းမှာဗျာ...အခု အီရန်ရေတပ် ပုံစံချနေတာ လဲ ဒီလို လား တော့ သိဘူးဗျ....ဒီစနစ်က အမေရိကန်လို အင်အားကို ယှဉ်ဖို့ ခက်ပေမဲ့ ပတ်ချာလည်တော့ အလုပ်ူဖစ်မလား တွေးမိရက်

    ReplyDelete
  3. မလေး ရေငုပ်သဘော်က ရေအောက် မီတာ ၅၀ ကနေ ကီလို ရာချီဝေးတဲူ့ပစ်မှတ်ကို ဒုံး နဲ့ူပစ်သွားတာပါ...

    ReplyDelete
  4. အရင်က ကမ္ဘာကြီးမှာ ပမာဏကိုပြိုင်ကြတယ်၊ အခုတော့ အမြန်နှုန်းကို ပြိုင်ရမယ့်ခေတ်ဖြစ်နေပြီ။ သင်္ဘော၊ လူ၊ လက်နက်၊ အမိန့်ပေးမှုတိကျပြတ်သားခြင်း၊ အမိန့်လမ်းကြောင်း မြန်ဆန်ခြင်းတို့က အဓိကဖြစ်သည်ဟုယူဆမိပါသည်။ ထိုင်းနိုင်ငံနှင့် ထိတွေ့မှုဖြစ်စဉ်တွင် ပြသနာကိုရှောင်ရှားသည့်အနေဖြင့် နောက်ပြန်ဆုတ်ခဲ့ရဖူးသည်။ ကျွန်တော်အယူအဆမှာ ကြိုတင်ခန့်မှန်းထားခြင်းမျိုး ဌာနချုပ်များတွင် မရှိခဲ့ခြင်းကြောင့်ဟုယူဆပါသည်။ မဖြစ်လောက်ပါဘူးလေဆိုတာမျိုးပေါ့။ နောက်ဆုံးတော့ သူများကပစ်သွားပါသည်။ အစိုးရခြင်းချစ်ကြည်နေသော်လည်း တပ်မတော်ခြင်းအကဲစမ်းမှုများမှာ ကလေးငယ်များသဖွယ်ရှိနေသည်ဆိုသည်ကို ကျွန်တော်ဒီဆိုဒ်ရောက်မှ၊ ဘင်္ဂလားလေယာဉ်ရိုးမပေါ်အထိရောက်ကြောင်း ဖတ်ရမှ သိရပါသည်။ စစ်ရေးသည် တွေဝေမရပါ။ ဘာက၊ ဘယ်အထိဖြစ်လာလျှင် ဘာလုပ်ရမည်ဆိုသည်ကိုသေချာစွာသတ်မှတ်ထားရပါမည်။ ဥပမာ မုန်တိုင်းအချက်ပေးသည့်အခါ ရန်ကုန်မြစ်အတွင်းရေယာဉ်များမည်သို့လုပ်ရမည်ဆိုတာမျိုး၊ ဘယ်မြို့နယ်မှာမီးလောင်လျှင် ဘယ်အ၀န်းအ၀ိုင်းမှမီးသတ်ကားအားလုံးလာရမည်ဆိုတာမျိုးပေါ့၊ ကျွန်တော်တို့မြန်မာများသည် ခလုပ်ထိမှအမိတပါသည်။ တပ်မတော်အပေါ်တွင်လည်း အင်မတန်မှအထင်အမြင်သေးကြသည်ကို စိတ်မကောင်းစွာသိရပါသည်။ မဖြစ်စေလိုပါ။ ရေရှည်စစ်ပွဲတွင် ပင်ပန်းဆင်းရဲခံနေကြဖြစ်သော မြန်မာ့တပ်မတော်မရှုံးနိုင်သည်ကို သိပါသည်။ ရေတိုစစ်ပွဲတွင် အသာစီးရရှိရေးကိုသာ အမြဲဂရုပြုဆောင်ရွက်ကြစေလိုကြောင်း တင်ပြရပါသည်ခင်ဗျား။

    ReplyDelete
  5. ကျွန်တော်တို့ဆီကF-7တွေလဲအစ္စရေးအကူအညီနဲ့အဆင့်မြင့်ထားသောကြောင့်လေဆာလမ်းညွှန်ဗုံးများကြဲချတိုက်ခိုက်နိုင်ပါတယ်။R-550 AAMများလဲတပ်ဆင်ပစ်ခတ်နိုင်ပါတယ်။အဆိုပါဒုံးတွေဟာတတိယမျိုးဆက်လေယာဉ်တွေသာမကစတုတ္ထမျိုးဆက်တွေဖြစ်တဲ့Mirage-2000/N,Sea Harrier,Mig-29များတွင်လဲတပ်ဆင်ပစ်ခတ်နိုင်ပါတယ်။ဒါပေမယ့်ကုလားF-7တွေဟာမြန်မာ့F-7တွေထက်Avonicအပိုင်းမှာသာလွန်နေတာကိုတွေရပါတယ်။လေတပ်အနေနဲ့လေယာဉ်သစ်တွေဝယ်ယူမည်ဆိုရင်Su-30တတ်နိုင်၇င်Su-35 Flanker-E ။
    Flanker-Eလေယာဉ်ဟာရုရှားတွင်မနှစ်ကမှစတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ကာတရုတ်မှ၄၈စင်းဝယ်ယူရန်ယခုလအတွင်းပင်စာချုပ်ချုပ်ခဲ့။
    Su-35ကိုအဆင့်မြင့်ထားသောFlanker-Eသည်တစ်နာရီလျှင်၂၄၀၀ကီလိုမီတာနှုန်းနှင့်၃၄၀၀ကီလိုမီတာထိစစ်ဆင်နိုင်စွမ်း
    ရှိပါတယ်။

    ReplyDelete
    Replies
    1. ဒီဆိုဒ်မှာsu30ကိုဘဲအမြင့်ဆုံးထည့်ထားလို့မဲပေးထားတယ်။su35 တွေ(သို့) flanker-E ကိုလဲBudjet တတ်နိုင်ရင်ရန်သူလေယာဉ်ကိုယှဉ်နိုင်အောင်အနည်း ငယ်ဝယ်ယူထားသင့်ပါတယ်။ဒါမှသာလိုအပ်ပါကကြားဖြတ်ဟန့်တားနိုင်မယ် ထင်ပါတယ်။

      Delete
  6. ကျွန်တော်ကတော့ SU-27 ကိုပိုကြိုက်တယ်။ဒါပေမယ့်လေကြောင်းစီးချင်းထိုးပွဲတွေမှာတော့
    အမေရိကန်လေယာဉ်တွေကဘဲရုရှားလေယာဉ်
    တွေကိုပစ်ချတာကြားဖူးတယ်။တရုတ်F-7 တွေ
    ထက်စာရင် အစ္စရေးက ကဖား တိုက်လေယာဉ်
    တွေကပိုကောင်းမလားလို့။သိတဲ့သူရှိရင်လုပ်ကြ
    ပါအုံး ပြောကြပါအုံး

    ReplyDelete
  7. f7 တွေထက် ရူရှားက မစ် 21 တွေကမှပိုကောင်းအုံးမယ်.. တရုတ်စုတ်တွေကတော့ အလကားပါ.. ဒါပေမယ့် j-11 တွေကတော့ ကောင်းပုံပါပဲဗျ..ကိုယ့်ကိုရောင်းရင်တော့ ဘယ်လိုလာမလဲမသိဘူး.. ဖတ်ကြည့်ရတာတော့ တော်တော်ကောင်းတယ်..su-27 လောက်ကိုကောင်းတာဗျ..
    နောက်ထပ်တရုတ်တွေကို ၀ယ်မဲ့အစား.. ရုရှား su စီင်္းရီးတွေ mig စီးရီးတွေကို ပိုပီးဝယ်သင့်တယ်ထင်ပါတယ်ဗျာ.. တရုတ်ဆိုလဲ အဲဒီ j-11 တွေလောက်ပဲဝယ်သင့်ပါတယ်ဗျာ.. ရေဒါကောင်းကောင်းလေတွေပါသင့်ပါတယ်.. ကျနော့်အမြင်သက်သက်ပါ.. ဘာမှတော့သိပ်မသိပါဘူးဗျာ

    ReplyDelete
  8. အမေရီကန်လေယာဉ်တွေကိုသုံးတဲ့နိုင်ငံတွေတော်တော်များများက လေ့ကျင်းမှုအားကောင်းကြတာကို တွေ့ရတယ်ဗျ.. ရုရှနဲ့ပတ်သက်တဲံနိုင်ငံတွေကတော့ ဒီလောက်မလုပ်ဖြစ်ကြပါဘူး.. ရုရှတို့ တရုတ်တို့က ရောင်းပီးရင် ပြန်မကြည့်တော့ဘူး.. အာမခံပေးတာကလဲ နည်းပါတယ်.. ကျနော်သိသလောက်ကတော့ တရုတ်တွေက F7 တွေကို ငါးနှစ်ပဲ ပေးတာလို့ကြားတယ်ဗျ.. upgrade ပိုင်းမှာလဲ တော်တော် အားနည်းတယ်.. ပစ္စည်းမရှိတာတို့ ဘာတို့ တော်တော်ကြားရတယ်.. အမေရီကန် F-4E, D တွေခုထိ အေးဆေးပဲ... ကောင်းကောင်းသုံးနိုင်တုန်းပဲလေ.. အဲဒီအပိုင်းတွေမှာတော်တော်ကွာတဲ့အခါ တိုက်ပွဲဝင်နိုင်စွမ်းမှာလည်း ကွာသွားတာပါ.. အန္ဒိယက ရုရှလေယာဉ်တွေကိုသုံးပေမယ့် လေ့ကျင်းမှုရော upgrate ပိုင်းပါ ကောင်းကောင်းလုပ်နိုင်တဲ့အခါ အမေရီကန်လေယာဉ်ကိုတောင် သူက မကြောက်ဖူးဆိုတာ ဖတ်ရပါတယ်..

    ReplyDelete