Friday, March 30, 2012

အမိမြေအားကာကွယ်မည့် တင့် နှင့် တိုက်လေယာဉ်များ

မြန်မာ့တပ်မတော် သံချပ်ကာတပ်

သံချပ်ကာတပ်များတွင် အသုံးပြုသော ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကား (နေရာ-ဗထူး)

တလောက ခြေလျင်၊တင့် နှင့် အမြောက် ပူးပေါင်းစစ်ဆင်ရေး စစ်ရေးလေ့ကျင့်မှုကို နိုင်ငံတကာ စစ်ရေးစိတ်ဝင်စားသူတွေ အတွက်အတော်နာမည်ကြီးတဲ့ သတင်းဖြစ်ခဲ့ပါတယ် မြန်မာ့တပ်မတော်မှ ကာကွယ်ရေးလက်နက်များဟာ ဒေသတွင်းနိုင်ငံတွေရှိ တပ်မတော်များအပေါ် အတော်လေးလွှမ်းမိုးထားနိုင်တယ် ဆိုတာသိသာပါတယ်...။ အိမ်နီးချင်း ဘင်္ဂလားရဲ့ ပုံစံ-၅၉ များအပေါ် အဆင့်မြှင်တင်ရန် ကြိုးပမ်းမှု၊ ယိုးဒယားရဲ့ တီ-၈၄ (ယူကရိန်းထုတ်)များအပေါ် စိတ်ဝင်စား ဝယ်ယူလာမှုတွေကို ကြည့်ခြင်းအားဖြင့် ယနေ့ခေတ်စစ်ပွဲတွေမှာ တင့်ကားများရဲ့ အရေးပါမှုကို သိနိုင်ပါတယ်....။ ထို့ပြင် အထောက်ပံ့ကောင်းကောင်း နှင့် ဝေဟင်စိုးမိုးမှုယူကာ လေတပ်တိုက်လေယာဉ်များဖြင့် ပူးတွဲအသုံးပြုမယ် ဆိုပါက ရန်သူ့တိုက်လေယာဉ်များ၏ ရန်ကိုကာကွယ်နိုင်မည်ဖြစ်ပြီး လက်တွေ့အသုံးပြုနိုင်မည့် SA-19 ကဲ့သို့သော တာတို လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ သေချာလေ့ကျင့်ထားသင့်ပေသည်။

မြန်မာ့တပ်မတော် (လေ)

"Love Your Country
Join The Air Force"

အက်ဖ်-၇ တိုက်ခိုက်ရေးလေယာဉ်


မြန်မာ့တပ်မတော် (လေ)အတွက် ဂုဏ်ယူဖွယ်သတင်း

တပ်မတော် (လေ) အတွက် အမ်အိုင်ဂျီ-၂၉ (မစ်-၂၉) တိုက်လေယာဉ်များအား ၂၀၀၁ ခုနှစ်နောက်ပိုင်းနှစ်များတွင် ရုရှားနိုင်ငံမှ ဝယ်ယူခဲ့ပြီး နောက်ထပ် အစီးရေ (၂၀) စီးအား ၂၀၀၉ ခုနှစ်တွင် ထပ်မံဝယ်ယူဖြည့်တင်ခဲ့ပြီဖြစ်ရာ ယခုနှစ်အတွင်းတွင် ရရှိခဲ့သော အချက်လက်များအရ တိုက်လေယာဉ်များအားလုံး လက်ခံရရှိပြီဟု ယူဆရပါသည် (မှားနေပါက ထောက်ပြကြပါရန်) ထို့ကြောင့် တပ်မတော် (လေ)၏ ဝေဟင်ပိုင်နက်အကာကွယ်ပေးမှုမှာ ယခင်အခြေအနေထက် သိသိသာသာ မြှင်တက်လာမည် ဖြစ်ပြီး အိမ်နီးချင်း ဘင်္ဂလား၏ လေတပ်အပေါ် အကျိုးတက်ရောက်မှု ရှိသည်ကို တွေ့ရမည်ဖြစ်ပေသည်။

အမ်အိုင်ဂျီ-၂၉ ၂၇၀၁

အမ်အိုင်ဂျီ-၂၉ ၂၇၂၄ နှင့် ၂၇၂၅ (အသစ်များ)

အထက်ပါပုံများအား လေ့လာခြင်းအားဖြင့် တပ်မတော် (လေ)၏ မစ်-၂၉ တိုက်လေယာဉ်အသစ်များအား တွေ့ရှိရမည် ဖြစ်ပါသည်။
တပ်မတော် (လေ)မှ အသုံးပြုသော မစ်-၂၉များ၏ အမျိုးစားနှင့် အမှတ်စဉ်များ သိတဲ့သူတွေရှိရင် ပြန်လည် ဝေမျှပေးကြပါခင်ဗျာ....။
(ပုံများအား ခွင့်ပြုချက် ရရှိပြီး ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါသည်။ ထို့သို့ အသုံးပြုခွင့်ပေးသော ညီအစ်ကိုများအား အထူးကျေးဇူးတင်ရှိကြောင်းပါ.....)

11 comments:

  1. အချက်အလက်ရတာမှန်ပါတယ်...
    ယခင် ၁၂ စီးမှာတော့ (10 MiG-29B (Fulcrum-A) and 2 MiG-29UB (လေ့ကျင့်ရန် two seat)
    ယခု အသစ် အစီး ၂၀ ကတော့ 10MiG-29B, 6 MiG-29SE and 4 MiG-29UB တို့ဖြစ်ပါတယ်။
    ခုချိန်မှာ ဘင်္ဂလားဒေရှ့်ကို အသာစီးရနိုင်ဖို့ လက်ရှိ F-7 များကို အဆင့်မြှင့်တင်ရန်လိုအပ်ပါတယ် ထို့အပြင် MiG 35 သို့မဟုတ် SU 30 အမျိုးအစားတိုက်လေယာဉ်များကို ၁၀ စီးခန့်ဝယ်ယူအသုံးပြုသင့်တယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဗျူဟာအရ K8 လေ့ကျင့်ရေးလေယာဉ်များစွာ ၆၀ ခန့် ရှိပြီး လေ့ကျင်းရေးတစ်ခုတည်းသာမကပဲ တိုက်ခိုက်ရေးပါ ဘက်စုံသုံးနိုင်ပါတယ်။ Mi35 ကဲ့သို့ ချေမှုန်းရေး ရဟတ်ယာဉ်များစွာကလည်း လွန်စွာအရေးပါလှပါတယ်။ ဘင်္ဂလားဒေရှ့်ကို လေပိုင်နက်ကတော့ ကောင်းစွာယခုယှဉ်နိုင်ပေမယ့် ရေတပ်ကိုတော့ များစွာထပ်မံ အဆင့်မြင့်တင်စေချင်ပါတယ် Sm-3 စနစ်သုံး missile များစွာ အသုံးပြုနိုင်တဲ့ စစ်သင်္ဘောများ ကမ်းရိုးတမ်းသုံး သင်္ဘောဖျက်ဒုံးများစွာကို ၀ယ်ယူရန်လိုအပ်ပါတယ်။ (မှတ်ချက် ကျွန်တော်သည် တပ်မတော်သားတစ်ယောက်မဟုတ်ပါ သို့သော် တပ်မတော်ကို မိမိအသက်ထက်မြတ်နိုးသော လူငယ်ပညာရှင်တစ်ယောက်သာဖြစ်ပါတယ်) တပ်မတော် တိုးတက်စေရန်နှင့် အမိမြေအား ကာကွယ်စောင့်ရှောက်နိုင်ရန် အင်အားကိုလည်းဖြည့်တင်းသလို equipment များစွာကိုလည်း psychological နည်းအရ မိမိတပ်မတော်သားများ တိုက်ခိုက်ရေးစိတ်ဓါတ်မြင့်မားစေရန် နိုင်ငံတကာ နည်းတူ ဖြည့်စီးပေးသင့်ပါကြောင်း တင်ပြရင် နိဂုံးချုပ်အပ်ပါတယ်။

    ReplyDelete
  2. ကို MM ရေ... ဒီဆိုက်ထဲက မြန်မာ့တပ်မတော်(လေ) မစ်-29 တွေရဲ့ ပုံတွေကနေ သေချာကြည့်ကြည့်ရာမှာ ယခုဖော်ပြပါ ၁၀ စီးကတော့ လုံးဝ confirm ဖြစ်ပါတယ်။ လေယာဉ်အမှတ် 2701, 2702, 2703, 2708, 2709, 2710, 2711, 2724, 2725, 2728... စုစုပေါင်း ၁၀ စီးဖြစ်ပါတယ်။ အခုလို လေယာဉ်နာမည် ပေးထားပုံတွေအရဆိုရင်တော့ ကျွန်တော်ယူဆတာက 2701 - 2730 အစီး(၃၀)ဖြစ်မယ်ထင်ပါတယ်.. အမျိုးအစားများနဲ့တွဲလျက်ကတော့ ကျွန်တော်လဲ အတိအကျမသိပါဘူးခင်ဗျာ..။ အပေါ်က ကို TS ပြောသွားတဲ့ကွန်မန့်အပေါ်မှာ ကျွန်တော့်အမြင်က တစ်ထပ်ထဲပါပဲ... ရေတပ်ကို ဒီ့ထက် ဘက်စုံမှာ မြှင့်တင်စေချင်ပါတယ်ဗျာ၊ ရေတပ်က အများကြီး အားနည်းနေပါသေးတယ်။ ရေယာဉ်တွေရဲ့ လက်နက်စနစ်တွေ၊ ရေဒါစနစ်တွေ... ပြီးတော့ ဖြစ်နိုင်ရင် မြန်မာ့တပ်မတော်(လေ)ရဲ့ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ လေ၊ရေပူးပေါင်းစစ်ဆင်မှုတွေကိုပါ လေ့ကျင့်သင့်တယ်ထင်ပါတယ်။ မိမိက ရေပြင်ကနေ ရေပြင်ပစ်တွေကိုပဲ အလေးထားတပ်ဆင်ထားပေမယ့် ရန်သူက လေကြောင်းကနေ လာရောက်ဖျက်ဆီးသွားမယ်ဆိုရင်လဲ သိပ်မဟုတ်သေးပါဘူး... ဒါကြောင့် တပ်မတော်(ရေ)စစ်သဘောင်္၊ စစ်ရေယာဉ်တွေရဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက်စနစ်တွေကို အဆင့်မြှင့်တင်ထားရုံသာမက ဝေဟင်ကနေ တွဲဖက်စစ်ဆင်ပြီး ကာဗာပေးထားမယ့် တပ်မတော်(လေ)ရဲ့တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ပါ ပူးပေါင်းစစ်ရေးလေ့ကျင့်သင့်တယ်လို့ ဆိုလိုချင်တာပါ။ ပြီးတော့ ဟိုတလောက ခြေလျင်၊ တင့်၊ သံချပ်ကာပူးပေါင်းစစ်ဆင်ရေးဟာ ကျွန်တော့်အမြင်တော့ သာမန်အဆင့်ပဲ ရှိပါသေးတယ်ခင်ဗျာ... အင်မတန်မှ ရိုးစင်းနေပါသေးတယ်။ ဒီ့ထက် ထပ်ပြီးတော့ (၁) အမြောက်တပ်တွေပါဝင်တဲ့ အမြောက်၊ တင့်၊ သံချပ်ကာပူးပေါင်းလေ့ကျင့်မှုတွေ...၊ (၂) ယနေ့ကာလကြီးမှာ မရှိမဖြစ်လိုအပ်လာတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်တွေ ပါဝင်တဲ့ လေကာ၊ တင့်၊ သံချပ်ကာပူးပေါင်းလေ့ကျင့်မှုတွေ...၊ (၃) ရဟတ်ယာဉ်တွေကနေ ပစ်ကူပေးမှုတွေပါဝင်တဲ့ ရဟတ်ယာဉ်၊ လေကာ၊ တင့်၊ သံချပ်ကာပူးပေါင်းလေ့ကျင့်မှုတွေစတဲ့ လေ့ကျင့်မှုကြီးတွေ အမြောက်အများကို ပုံမှန်လေ့ကျင့်နေသင့်ပါတယ်ခင်ဗျာ.. ဒါမှသာ စစ်သည်တွေဟာ သူတို့တာဝန်ယူ ကိုင်တွယ်ရတဲ့ လက်နက်ကြီးတွေ၊ လက်နက်တွေရဲ့စနစ်နဲ့ အလုပ်လုပ်ပုံတွေကို ကောင်းစွာကျွမ်းဝင် သိရှိနေမှာဖြစ်ပြီး အရေးပေါ်အခြေအနေတွေမှာ အလျင်မြန်ဆုံးနဲ့ အကောင်းဆုံးတုံ့ပြန်နိုင်မယ်လို့ ထင်ပါတယ်။ ညီအစ်ကိုတစ်ယောက်ပြောထားသလို ဒီနေ့စစ်ပွဲတွေဟာ ကိုယ့်ဘက်က ခလုတ်တစ်ချက် စောနှိပ်လိုက်နိုင်တာနဲ့ တစ်ဘက်ရန်သူက အပျောက်ဖြစ်ပြီး နိုင်ပွဲရနိုင်မယ့်စစ်ပွဲတွေ ဖြစ်လာတာနဲ့အညီ လျင်မြန်မှုနဲ့ Communication အပိုင်းမှာ မိမိဘက်က အသားတကျဖြစ်နေဖို့ လိုအပ်ပါတယ်လို့ဆွေးနွေးရင်း...
    လေးစားစွာဖြင့်
    unknown

    ReplyDelete
  3. Mig 29က တစ်စီးကိုဘယ်လောက်ပေးရမလဲမသိဘူးနော်...သိရင်ပြောပြပေးပါဦး

    ReplyDelete
  4. niokp သိသလောက်ကတော့ မြန်မာနိုင်ငံက ရုရှားကို Mig-29 အစင်း (၂၀)
    ဖိုးအတွက် တန်ဖိုး မီလျံ(၄၀၀)ပေးချေခဲ့တယ်လို့ကြားဖူးတယ်...။တစ်စင်းချင်းတန်ဖိုးကတော့ သန်း(၂၀)ပါ..။အသေးစိတ်ကို အခြားသိတဲ့အကိုတွေထပ်ရှင်းပြပါလိမ့်မယ်...။

    ReplyDelete
    Replies
    1. သန်း ၂၀ က ယူရို ငွေပါ ..... MiG 29 တစ်စီးကို USD သန်း၃၀ကျပါတယ် ......

      Delete
  5. ပွင်ပွင့်လင်းလင်းပြောရရင် အစိုရကိုမုန်းပေမယ် ကိုနိုင်ငံမှာဒါတွေရှိမှန်းသိတော့ကျေနပ်တယ် ဒိထက်ပိုမိုက်တာတွေရှိစေချင်တယ် စစ်သားတွေကိုလည်းအမေရိကန်စစ်တပ်ကကောင်တွေလိုပုံဆံတွေကအစအလန်စာတွေဖြစ်စေချင်တယ်

    ReplyDelete
  6. US ကသာ လက်နှက်ရောင်းပေးမယ်ဆိုရင် MIG တွေထက် F15 တွေကိုသာ ၁၂စင်းလောက် ၀ယ်လိုက် အနီးအနားကနိုင်ငံ အားလုံး ၀ပ်သွားမယ်

    ReplyDelete
    Replies
    1. mig တို့ su တို့ က us က f တွေ ထက်လေကြောင်းနည်းပညာသာတယ်....
      us က russia က နေ လေယာဉ် ခိုးတာ နှစ်စင်းရှိပြီ....

      Delete
  7. RAH-66 attack helicopter is very cool...you should find YOUTUBE video...tell everybody about that helicopter...

    ReplyDelete
  8. USA made barret 50 calibr M82 sniper rifle...you need to know about that rifle....is very cool.....you can shots 1mile thousand yad....

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete