Tuesday, March 13, 2012

Myanmar Air Force A-5C & F-7 Attack Fighters


တပ်မတော် (လေ)၏ အေ-၅စီ မြေပြင်ပစ်ကူပေး တိုက်လေယာဉ်

မြန်မာ့လေတပ်၏ အေ-၅စီ မြေပြင်ပစ်ကူပေး တိုက်လေယာဉ်တစ်စီးအား လက်နက်စနစ်များနှင့် အတူတွေ့ရစဉ် ဖြစ်ပါသည်။ အေ-၅စီတွေ ကို အဆင့်မြင့်တင်မှု ပြုလုပ်ထားသင့်ပါတယ်.... တပ်မတော် (လေ)တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာ့ဝေဟင်ပိုင်နက်အား အကာကွယ်ပေးခဲ့ချိန် နှစ် ၂၀ နီးပါးရှိလာချိန်မှာတော့ တိုက်လေယာဉ်၏ စွမ်းဆောင်ရည်ပိုင်း အချို့အား ပြန်လည်အဆင့်မြင့်တင်ရန် လိုအပ်လာသည်ဟု သိရပါသည်။

တပ်မတော် (လေ) ရှိ အက်ဖ်-၇ တိုက်လေယာဉ်များ


အက်ဖ်-၇ လေသူရဲများ လေ့ကျင့်ရာ Simulator

တရုပ်နိုင်ငံမှ ဝယ်ယူထားတဲ့ အက်ဖ်-၇ လေ့ကျင့်ရေးစက်အား
လေသူရဲတစ်ဦးမှ လေ့ကျင့်မောင်းနှင်နေစဉ် ဖြစ်ပါသည်။

Simulator များနှင့် လေ့ကျင့်မှုအပြင် တိုက်လေယာဉ်များ လက်တွေ့စမ်းသပ် မောင်းနှင်မူများ ပြုလုပ်ရာတွင် အသုံးပြုသည့် အက်ဖ်တီ-၇ အမောင်းသင်ဂျက်လေယာဉ် တစ်စီးဖြစ်ပါသည်။ (အက်ဖ်တီ-၇ ပုံပထမဆုံး တွေ့ဘူးခြင်းဖြစ်ပါတယ်..)


တပ်မတော် (လေ)၏ အက်ဖ်-၇ တိုက်လေယာဉ် တစ်စင်းအား ဝေဟင်မှဝေဟင်ပစ် ဒုံးလက်နက်အပြင် မြေပြင်တိုက်ခိုက်ရေး ဒုံးများအား တပ်ဆင်ထားသည်ကို တွေ့ရပါသည်။ ဝေဟင်မှဝေဟင်ပစ်ဒုံးကတော့ ပီအယ်-၅၊ရ ဖြစ်မယ်ထင်ပါတယ်...။

တိုက်ခိုက်ရေးလက်နက်အစုံ တပ်ဆင်ထားသော အက်ဖ်-၇ တိုက်လေယာဉ်များအား တွေ့ရစဉ်

ပုံတွေမှာ အခုလို ကော်မန့်တွေနှင့် ဆွေးနွေးပေးတာ တကယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ ပိုစ့်တင်ရတာလည်း အားရှိတာပေါ့ဗျာ... နောက်ထပ်ပုံတွေရှိရင်လည်း တင်ပေးပါဦးမယ်ခင်ဗျာ...။
(ပုံတွေကို ပို့ပေးတဲ့အတွက် ကိုကြီးကျော်ကို အထူးကျေးဇူးတင်ရှိကြောင်းပါ ခင်ဗျာ...)

5 comments:

  1. တို့ကိုကြီးကျော်

    ReplyDelete
  2. ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ။ A-5C တွေနေရာမှာ JH-7/JH-7A တွေလာနိုင်ပါတယ်။ တပ်ချုပ် တရုတ်ပြည်သွားတုန်းက JH-7A တွေကိုထားတဲ့ Air Base မှာစွမ်းရည်ပြပွဲတွေ ကြည့်ခဲ့သေးတယ်ခင်ဗျ။

    ReplyDelete
  3. A-5 ညာတောင်ပံအောက်က rocket pod က ၂ခုတွဲလား...မျက်စိမှားတာလား..ထူးဆန်းနေလို့

    ReplyDelete
    Replies
    1. A-5 ညာတောင်ပံအောက်က rocket pods တွေက၁ခုချင်းစီပါ။ inner wing hard point မှာ ၁ခုနဲ့ mid-wing hard point မှာ၁ခု စီတပ်ဆင်ထားတာပါ။

      Delete
  4. အဲဒီ j7 တွေက သိပ်မကောင်းဘူးနဲ့တူတယ် တနှစ်က တစင်း ပျက်ကျသေးတယ်မဟုတ်လား

    ReplyDelete