Wednesday, March 7, 2012

Myanmar Air Force K-8 Trainer Jets & AAMs

ကေ-၈ အမောင်းသင်၊ အပေါ့စားတိုက်လေယာဉ် တစ်စင်း

ကျွှန်တော်အတွက် ပထမဆုံးရတဲ့ ပုံပါဘဲဗျို့...

မြန်မာ့ဝေဟင် ပိုင်နက်အား အပြည့်အဝကာကွယ်ပေးမည့် တပ်မတော် (လေ)မှ တိုက်လေယာဉ် အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်များအား တွေ့ရစဉ် ဖြစ်ပါသည်။
မြန်မာ့တပ်မတော်တွင် ရုရှားနိုင်ငံမှ ဝယ်ယူထားသော အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ် အစင်း (၂၀) အနက် အကုန်ရောက်ပြီလားဆိုတာ ကျွှန်တော်မသိပင်မဲ့ တချို့တော့ ရောက်ပြီလို့သိရပါတယ်....။

ဝေဟင်မှဝေဟင်ပစ် ဒုံးများ တပ်ဆင်ထားသော အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်

လေယာဉ်ချင်း စီးချင်းထိုးတိုက်ခိုက်ရာတွင် အသုံးပြုမည့် ဝေဟင်မှဝေဟင်ပစ် ဒုံးများတပ်ဆင်ထားသော တပ်မတော် (လေ)မှ တိုက်လေယာဉ် တစ်စီးအား တွေ့ရစဉ်။

တပ်မတော် (လေ)ရှိ တိုက်ခိုက်ရေး/သယ်ပို့ ရဟတ်ယာဉ်ကြီးများ အား တွေ့ရစဉ်ဖြစ်သည်။

ပုံတွေကို အခုလို ပို့ပေးကြတဲ့ အတွက် အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...။ ပို့ပေးတဲသူတွေ ကျေနပ်ရအောင်တော့ ကော်မန့်လေးတွေ ရေးပေးခဲ့ကြပါခင်ဗျာ....။
ပုံတွေပြန်တင်ပြီး...။

6 comments:

  1. mig29 မှာတပ်ထားတာ တာတိုပစ်လေးတွေချဉ်းပဲလားလို့ အရင်က ၂၁ မှာသုံးခဲ့တဲ့ ဟာလေးတွေလေ။

    ReplyDelete
  2. အစ္ဏရေး လေတပ်လို မြေပြင် က ဘယ်လောက်အချိန်အတွင် နောက်တကြိမ် ပြန်တက်နိုင်အောင် လေ့ကျင့်ထားပါသလဲ ဗျာ... နောက် အရံ ပိုင်းလောခ်တွေ ကော အစ္စရေး ပုံစံလုပ်ထားတာ ရှိသလားဗျာ... သိလိုပါတယ်...

    ReplyDelete
  3. We are the lowest in state of battle rediness amongst ARSEAN. So we got long way to reach Israeli AF. Our moreale, too much conservative in the leadership, and lack of proper flight training makes our AF less competant with our neighbours.

    ReplyDelete
  4. ကျွန်တော်တို့မှာ တကယ့်လေယာဉ်အစစ်တွေနဲ့ လေ့ကျင့်ပျံသန်းဖို့ ကုန်ကျစရိတ်၊ ရင်းနှီးမြုပ်နှံရမှုကြီးမားတယ်ဆိုရင် simulator ပါဝင်တဲ့ virtual machine လေယာဉ်တွေနဲ့ လေ့ကျင့်မှုခန်းမတွေ အများအပြားတည်ဆောက်ပြီး ရင်းနှီးမြုပ်နှံထားသင့်တယ်လို့ ထင်တာပဲဗျာ... အဲဒါတွေက နောက်နောင်လဲ အကျိုးယုတ်ပျက်စီးသွားမယ့်ဟာတွေ မဟုတ်ပါဘူး။ တရုတ်တို့ တောင်ကိုးရီးယားတို့ရဲ့ Air base တွေ၊ လေတပ်သင်တန်းကျောင်းတွေမှာ အဲဒီလို virtual aircraft ခန်းမတွေ အများကြီးတည်ဆောက်ထားကြတယ်ဗျ... ကျွန်တော်တို့ဆီမှာလဲ မင်္ဂလာဒုံ၊ ရှမ်းတဲစသဖြင့် Air base တွေ၊ လေတပ်သင်တန်းတွေမှာ ခန်းမတစ်ခု အနည်းဆုံး virtual machine ၅ လုံးလောက် ရှိနေရင်ကို Pilot တွေအများကြီးကို တနေ့ထဲ တချိန်ထဲမှာ အဆက်မပြတ် လေ့ကျင့်ပေးလို့ရနေပါတယ်... ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလိုပေါ့ဗျာ... virtual aircraft နဲ့ Pilot တစ်ယောက်ဟာ တနေ့ကို အနည်းဆုံး ၁ ခေါက်(အချိန်အားဖြင့် အနည်းဆုံး မိနစ် ၃၀၊ ၄၅ မိနစ်) လေ့ကျင့်ပျံသန်းပြီး၊ လေယာဉ်အစစ်နဲ့ ၁ ပတ်ကို အနည်းဆုံး ၂ ကြိမ်လောက် ဝေဟင်မှာပျံသန်းပြီး လေ့ကျင့်မှုပိုင်းဆိုင်ရာ ထိတွေ့မှုအဆက်မပြတ် ရနေရင်ကို သူ့ရဲ့ယုံကြည်မှုအပိုင်းက တော်တော်ကောင်းနေပါပြီ။ simulation program တွေကတော့ ကိုယ်ကိုယ်တိုင်မရေးနိုင်ရင် ဝယ်ရမှာပေါ့ဗျာ... ကျွန်တော့်အမြင်မှာ တိုက်လေယာဉ် ၁ စင်းတိုင်းအတွက် အနည်းဆုံး သူ့ကို မောင်းနှင်နိုင်မယ့် ပတ်ကားလေသူရဲ ၃ ယောက် (စက်ဘက်ဆိုင်ရာအကူများမပါ) အဆင်သင့်ရှိနေသင့်တယ်လို့ထင်ပါတယ်... တိုက်လေယာဉ်အစင်း ၂၀ အတွက် ပတ်ကားလေယာဉ်မှူး အယောက် ၆၀ ပေါ့ဗျာ... လက်ရှိ မြန်မာ့တပ်မတော်ရဲ့လေတပ်မှာ လေသူရဲတွေအမြောက်အမြားရှိနေပေမယ့် ပတ်ကားလေသူရဲလေယာဉ်မှူးတွေ အဲဒီလောက်တော့ မပိုင်ဆိုင်ထားသေးဘူးလို့ထင်ပါတယ်... တကယ်သိတဲ့ညီအစ်ကိုများ ဆွေးနွေးပေးကြပါဦး... ကျွန်တော် ဆိုလိုတာက တကယ် တိုက်နိုင်၊ခိုက်နိုင်၊ ချက်ချင်းထပျံနိုင်မယ့် ပတ်ကားလေသူရဲတွေကို ဆိုလိုတာပါ။

    ReplyDelete
  5. ဒုတိယကမ္ဘာစစ်တုန်းက လေသူရဲတွေဟာ စီးချင်းထိုးတိုက်ပွဲတွေမှာ အစီး လေးဆယ် ငါးဆယ် ပစ်ချနိုင်တဲ့လေသူရဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ လေယာဉ်ချင်းယှဉ်ရင် နည်းနည်းကွာတဲ့အခြေအနေကြောင့်ရော၊ သူတို့တစ်ဦးချင်းစီရဲ့ပင်ကိုယ်အရည်အသွေးကြောင့်ရောပါပါတယ်။ ကျွန်တော်တို့နိုင်ငံမှ လေသူရဲများ၊ မြေပြင်စစ်သည်များဟာ နိုင်ငံရဲ့ချို့တဲ့ တဲ့အခြေအနေထဲမှာတောင် အစွမ်းပြနိုင်လောက်အောင်တော်ကြပါတယ်။ အပိုပစ္စည်းနည်းပါးသော လေယာဉ်ပျံများကို တာဝန်ထမ်းဆောင်နေနိုင်အောင် ပြုပြင်နိုင်ကြတယ်။ Safety နည်းပါးသော၊ အသက်အန္တရာယ်အာမခံချက် မပေးနိုင်သော အခြေအနေမျိုးမှာတောင် နိုင်ငံရဲ့ အရေးကြီးသော တိုက်ပွဲကြီးများမှာ ထိရောက်စွာတိုက်ပွဲဝင်ခဲ့ကြပါတယ်။ အဲဒီလို အာဆီယံနိုင်ငံများထဲမှာ နိုင်ငံအချို့မှာသာရှိတဲ့ တပ်မတော်ရဲ့ တိုက်စွမ်းရည် အစဉ်အလာကောင်းကို ထိမ်းသိမ်းနိုင်ကြပါစေ၊ လိုအပ်သည်ကိုလည်း မကွယ်မ၀ှက်သိပြီး ပြုပြင်နိုင်ကြပါစေ၊ နိုင်ငံတော်အတွက် အရေးကြုံလာသော အခါများတွင်လည်း နိုင်ငံသားတိုင်းရဲ့ စံနမူနာပြ သူရဲကောင်း၊ နိုင်ငံ့သားကောင်းများအဖြစ် တိုက်ပွဲဝင်နိုင်ကြပါစေလို့ ကျွန်တော်ဆန္ဒပြုပါတယ်ခင်ဗျား။

    ReplyDelete
  6. ကျွန်တော်က တော့ လေယာဉ်အေ၇အတွက်နဲ ပေမဲ့ မြေပြင် အထောက်အကူပြုတပ်တွေ ကျွမ်း ကျင်ရင် အားလုံးစုပေါင်း ဇာတ်တိုက်ထားလို့  အချိန်တို အတွင်း နောက်တခါ လေထဲ ထပ် တင်ထားနိုင်မယ်ဆိုရင် ပေမဲ့ တခြားအိမ်နီးချင်း ဘယ်နိုင်ငံကို မှေုကာက်စရာမလိုဘူး သူတို့ က ကိုယ့်ထက် ၂ဆမှ မရှိတာ... ဒီလို လိုနေတဲ့ စက်ပစည်း ရုပ်ဝတ်ထုကို လေ့ကျင့်မှု မြေပြင် အထောက်အကူစွမ်းရည်နဲ့  ဖာထေးနိုင်တာပေါ့... ဒီတော့ ဗုံး ချိတ် ဒုံးချိန် ဆီ နဲ့  အောက်စီဂျင် ဖြည့်တာတွေ ကို ဇာတ်တိုက်ပြီး နယ်တပ်တွေ က အစ သက်မှတ် စံချိန်နဲ့  လေ့ကျင့်ထားဖို့ လိုသလို အရေုးကုံလာရင်ေ၇ှ့တန်း လေတပ်ဆွယ် ကွင်းတွေမှာကို လူနဲ့ ဒုံ ဆီတွေ နောက်တုကိမ် ပင်မထိတိုက်လေယာဉ်တွေ ပြန်လာစရာမလိုဘဲ ဘယ်လို ဟန်ချင်ညီ ရဟတ်ယာဉ်(သို့ ) လေယာဉ်နဲ့ ပို့ ပြီး ကွင်းပြောင်းဆင်းခိုင်း ဖို့  ဖြစ်နိုင်ခြေတွေပါ လေ့ကျင့်ထားစေချင်ပါတယ်...ဒါဆို ကိုယ့်တပ်ရဲ့ အောက်ခြေက စ ယုံကည်မှု စိတ်ဓာတ်တွေ ပစည်း နဲပေမဲ့ တက်လာမှာ ပါ... တပ်တွေကို အနားပေးထားရင် တခြားမဆိုင်တာတွေ လုပ်ခိုင်း လုပ်စမရှိရင် တကယ်နှဖူးတွေ့ ဒူတွေ့ ဆို မလွယ်ပါဘူး.... ပုံစံတူ အလေးချိန်တူတွေ အတုလုပ်ထားပြီး လေ့ ကျင့်ထားရင် ... လေယာဉ်နဲ ပေမဲ့ အားလုံး ဘက်နိုင်ငံတွေကို ပြုံးပြုံးလေး ဆက်ဆံနိုင်မှာပါ...

    ReplyDelete