Thursday, October 18, 2012

မြန်မာ့ရေတပ်၏ စစ်ရေလေ့ကျင့်မှုကြီး


မြန်မာ့တပ်မတော် (ရေ) နှင့် ပတ်သက်တဲ့ပိုစ့်တွေ အခုတလောအတော်လေးကို ခပ်စိတ်စိတ်လေးရေးဖြစ်လာပါတယ်....။ ဘာကြောင့်လည်း.... အခုတလော အင်မတန်မှဂုဏ်ယူဖွယ် သတင်းတွေဆက်တိုက်ကို ကြားနေ၊သိနေရလို့ဘဲဖြစ်ပါတယ်....။

 တပ်မတော် (ရေ) အနေဖြင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ စစ်ရေယာဉ် ကြီး၊ငယ်များဖြင့် မြန်မာ့ရေပြင်အား ကာကွယ်နိုင်စေရန်ရည်ရွှယ်၍ ရေတပ်စစ်ရေးလေ့ကျင့်ခန်းကြီးများပြုလုပ်လျက်ရှိပါတယ်....။ အဆိုပါလေ့ကျင့်မှုများသည် ပြည်ပနိုင်ငံများအား ကျုးကျော်စစ်ဆင်နွဲရန်မဟုတ်ဘဲ မြန်မာ့ရေပြင်အား ကျုးကျော်လာသည့် ရန်သူ့ရေတပ်များအား တိုက်ခိုက်ချေမှုန်းပစ်နိုင်စေရန် ရည်ရွှယ်ကာ လေ့ကျင့်ခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

ယနေ့ခေတ်တွင် နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံ၏ ခေတ်အခြေအနေများသည်လည်း တိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်ရာ မြန်မာပြည်သားတိုင်း သိသင့်၊သိထိုက်သော အချက်လက်များ၊ ဓါတ်ပုံများအား ဖော်ပြပေးသွားမည်ဖြစ်ပါသည်....။


မြန်မာ့ရေပြင်ပိုင်နက်အား ကာကွယ်ပေးမည့် မြန်မာ့တပ်မတော် (ရေ)

အိမ်နီးချင်း ရေတပ်များကိုသာ အထင်ကြီး ၊ အားကိုမိသူများ ကြည့်ထားကြပါခင်ဗျာ :D

အောင်ဇေယျ ဖရီးဂိတ်စစ်ရေယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် ၇၆မမ အမြောက်

တပ်မတော် (ရေ) ရေတပ်စစ်ရေးလေ့ကျင့်မှုကြီး

အောင်ဇေယျ စစ်ရေယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် AK-630 CIWS 
၆ × ၁၄.၅မမ လေယာဉ်ပစ်စက်သေနတ်ကြီး

ဘင်္ဂလားရေတပ်သည် တရုပ်ရေတပ်ဆီမှ အမြန်တိုက်ခိုက်ရေး ရေယာဉ်များ ဝယ်ယူသည့် သတင်းအား ကြားကာ တပ်မတော် (ရေ)အား တိုးချဲ့သင့်သည်ဟူသော ပြောဆိုသံများ ကြားလာရကာ ကျွှန်တော်အနေဖြင့် အတော် ဝမ်းသာမိပါသည်။ ယခင်ကျွှန်တော်မျှော်လင့်ခဲ့သော ( တပ်မတော် ဆိုင်ရာဆိုက်များ ၊ ဘလော့များ ) သည် ယခုအခါတွင် အမှန်တကယ်တိုးတက်လာခဲ့ပြီး ဖြစ်ပြီး တပ်မတော် (ရေ)၏ တရားဝင်ဆိုက်မဟုတ်သော်လည်း တပ်မတော် (ရေ)အား အကျိုးပြုနိုင်သည့် မှတ်ချက်များစုဝေးရာ ဆိုက်များ ပေါ်လာပြီဖြစ်ပါသည်။ နောင်တွင်လည်း ထပ်မံ၍ ဆိုက်များပေါ်ပေါ်က်လာမည်ဟု ယုံကြည်ပါသည်။ တပ်မတော်နှင့် ပြည်သူအကြားဆက်သွယ်ရာ လမ်းကလေးဖြစ်ခွင့်ရဖို့သာ မျှော်လင့်ပါတယ်ခင်ဗျာ....။ 

11 comments:

  1. ဓါတ်ပုံတွေကြည့်ရတာ၊ အားရစရာကောင်းတယ်ဗျာ၊ ဒါတောင်အကုန်မဟုတ်သေးဘူးနော။ အကြိုက်ဆုံးပုံက ၇၆မမ ပစ်တဲ့ပုံပဲ၊ ရှုထောင့်ရော၊ ပစ်ချိန်၊ ရိုက်ချိန်ကွက်တိပဲဗျ။ ပုံတွေပို့ပေးတဲ့သူတွေကို ဒီနေရာကနေကျေးဇူးပါ။ ကျွန်တော်တော့ ဒီပုံတွေမှာBlue Sea Navy ရဲ့ အရသာမျိုးခံစားလို့ရတယ်ဗျ။ ကောင်းတယ်ဗျာ။

    ReplyDelete
  2. That all great photos. I like to see all photos. I m proud of as myanmar citizen.

    ReplyDelete
  3. ဗီဒီယိုရရင်ပိုကောင်းမယ်ဗျာ.. ပစ်တဲ့ပုံတွေကိုကြည့်ချင်နေတာ..ဂုဏ်ယူတယ်ဗျာ...

    ReplyDelete
  4. အောက်ဆုံးက gantling ကဘယ်နိုင်ငံလုပ်လဲဗျာ။ 14.5 သုံးတာရှားတယ်ထင်တယ်ဗျ။ 12.7, 25 & 30mm တွေပဲများသလားလို့။စိတ်ဝင်စားတယ်ဗျို့

    ReplyDelete
  5. ၁၄.၅မမ က မြောက်ကိုးရီးယားဆီကပါ...။ အရင်ကသူတို့မရောင်းရင် ရောင်းမယ့်သူမရှိဘူးလေဗျာ....။

    ReplyDelete
    Replies
    1. Thanks Ko MM. Anyway that's good for us. Navy got chances to learn different kinds of engineering and concept. China, Italy, India, Russia, both Korea and Israel.

      Delete
  6. ကိုMM...F21, 22 တွေမှာဒုံးတွေupgreat လုပ်ထားတာမတွေပါလား။

    ReplyDelete
  7. တရုပ်ကနေ ဗီယက်နမ်ဝင်ပြီး ပြန်အလာမှာ တပ်တော်ဝင်ပြီးသားစစ်ရေယာဉ်တွေက သွားကြိုလာတုန်းမို့လို့ပါ။ Upgrade မလုပ်ရသေးခင်က အရင်ပုံတွေပါ။ ပထမဦးဆုံး မြန်မာ့ရေပြင်ဖြတ်သန်းစဉ်ပေါ့ဗျာ.

    ReplyDelete
  8. K MM ရေ ၀မ်းသာသဗျာ၊ တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည် ဆိုသလို ရေတပ် အင်အားကြီးမှ တပ်မတော် အင်အားကြီးမည်ဆိုလိုက်ချင်တယ်ဗျာ။ အခု တို့ရေတပ်ကြီး ကြီးထွားစပြုလာပြီမို့ ပျော်သဗျာ။ God bless our Navy !!!

    ReplyDelete
  9. အားရမိပါတယ်ဗျို့.........။

    ReplyDelete
  10. အစဉ်အဆက်ကတည်းက ရေတပ်ကအနှိမ်ခံခဲ့ရတာ။ဘ ကနားရွက်တံတွေးလာဆွတ်တော့မှအိပ်ယာနိုးလာကြတာလေ

    ReplyDelete