Saturday, November 10, 2012

တပ်မတော် (ရေ)၏ တင့်ကားတင် ကမ်းထိုးရေယာဉ်

တပ်မတော် (ရေ)၏ စစ်ရေယာဉ်တည်ဆောက်မှုများအား အတော်များများတင်ပြပေးထားပြီးဖြစ်ရာ ၅စီးရီး စစ်ရေယာဉ်များ၊ကော်ဗတ်များနှင့် ဖရီးဂိတ်စစ်ရေယာဉ်များအကြောင်း အတော်လေးကို ပြုစုပေးထားပြီးဖြစ်ပါတယ်.....။ ကျွှန်တော်သဘောကျပင်မဲ့သေချာမသိလို့ မတင်သေးတဲ့အချက်တွေလည်းရှိပါတယ်.... အခုတော့ အချက်လက်လေးတွေရလာလို့တင်ပေးပါ့မယ်.....။

မြန်မာ့တပ်မတော် (ရေ)၏ စစ်ရေယာဉ် တည်ဆောက်ထုတ်လုပ်နိုင်မှုများအနက် နောက်ထပ်ဂုဏ်ယူဖွယ်သတင်းတစ်ခု ကတော့ တင့်ကားတင်ကမ်းထိုးရေယာဉ် (၁၆၁၁)အား အောင်မြင်စွာတည်ဆောက်နိုင်မှုလည်း အပါအဝင်ဖြစ်ပါသည်...။

မြန်မာ့တပ်မတော်သည် ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေးများ ဆောင်ရွှက်လျက်ရှိရာ တိုက်ခိုက်ရေးစွမ်းရည်ကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်သည်ဟု သိရပါသည်.....။ ထိုသို့လေ့ကျင့်မှုများအနက် ရန်သူ့နိုင်ငံအား ကမ်းထိုးစစ်ဆင်ရေးကဲ့သို့သော စစ်ဆင်ရေးမျိုးသည် စိတ်ဝင်စားစရာအလွန်ကောင်းသော ကြည်း၊ရေ၊လေ စစ်ဆင်ရေးကြီးများဖြစ်သည်ဟု သိရသည်။ထို့သို့ ကမ်းတက်စစ်ဆင်ရေးများ လေ့ကျင့်ရာတွင် မိမိသံချပ်ကာ၊တင့်တပ်ဖွဲ့များအား ရန်သူ့ကမ်းခြေတို့ပို့ဆောင်ပေးရာတွင် အဓိကလိုအပ်သည်များမှာ ကမ်းထိုးယာဉ်ကဲ့သို့သော ရေယာဉ်များဖြစ်ပါသည်....။

တပ်မတော် (ရေ) ရေတပ်သဘောင်္ကျင်းမှ ထုတ်လုပ်ခဲ့သော ကမ်းထိုးယာဉ်ကြီးအကြောင်း တင်ပြချင်ပါသည်ခင်ဗျာ....။

အစောပိုင်းကာလက တွေ့ရသော တင့်ကားတင် ကမ်းထိုးရေယာဉ် နှင့် ၅စီးရီး စစ်ရေယာဉ်

၅၆ မီတာ တင့်ကားတင် ကမ်းထိုးရေယာဉ် (၁၆၁၁) အား ၂၈-၅-၂၀၀၄ ခုနှစ်တွင် ခွင့်ပြုချက်အရ တပ်မတော် (ရေ)မှ ရေတပ်သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ပါသည်...။ ၁၅-၂-၂၀၀၅ ခုနှစ်တွင် ရေယာဉ်အား တပ်တော်ဝင်အခမ်းအနား ကျင်းပခဲ့ပါသည်။ ၅၆ မီတာ တင့်ကားတင် ကမ်းထိုးရေယာဉ်အား အမေရိကန်မှ ဝယ်ယူထားသော တပ်မတော် (ရေ)ရှိ အမြန်သွား ကမ်းထိုးရေယာဉ်အား အခြေခံကာ ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပါသည်...။

အစောပိုင်းကာလက တွေ့ရသော တင့်ကားတင် ကမ်းထိုးရေယာဉ် နှင့် ၅စီးရီး စစ်ရေယာဉ် 



တင့်ကားတင် ကမ်းထိုးရေယာဉ် (၁၆၁၁)၏ စွမ်းဆောင်ရည် အချက်တစ်ချို့ --

တီ-၇၂အက်စ် တင့်ကား (၆)စင်း (သို့)
ဘီတီအာ-၃ယူ  သံချပ်ကာယာဉ် (၈)စင်း (သို့)
စစ်သည် (၃၀၀)အား သယ်ယူပို့ဆောင်ကာ တာဝန်ထမ်းဆောင်နိုင်ပါသည်....။

မြင်းကောင်ရေ ၇၈၈ အားရှိ ဒေဝူးထုတ် အင်ဂျင်များတပ်ဆင်ထားပြီး တန်ချိန် (၆၅၀)နီးပါးရှိပါသည်....။

တပ်မတော် (ရေ) အနေဖြင့် စစ်ရေယာဉ်များတည်ဆောက်နေမှုအနက် ထို့ကဲ့သို့သော စစ်ရေယာဉ်များ ပိုင်ဆိုင်မှုများသည်လည်း အလွန်အရေးပါသော အချက်များဖြစ်ပါသည်.....။ရန်သူ့ကမ်းခြေအား လျှက်တပြက်တိုက်ခိုက်ချေမှုန်းရန်အတွက် အားထားရသော စစ်ရေယာဉ်များဖြစ်ပါသည်....။

(လိုတာ၊မှားတာရှိရင် ပြောပေးကြပါခင်ဗျာ......။ ဇော်ဂျီနှင့်အဆင်ပြေရင် ဇော်ဂျီပါခင်ဗျာ... :D )

1 comment:

  1. အဆင်ပြေတယ်ဗျာ :) :D :D သားကိုလာနောက်နေသလိုပဲ :P သွားလူဆိုး :D :D

    ReplyDelete