Saturday, November 10, 2012

မြန်မာ့တပ်မတော် စစ်ဝတ်တန်ဆာများနှင့် အထူးတပ်ဖွဲ့များ

မြန်မာ့တပ်မတော်သည် မိမိစစ်သည်များ၏ စစ်ဝတ်စုံများ၊ ချပ်ဝတ်တန်ဆာများ အပါအဝင် စစ်သည်တစ်ဦးချင်းဆီအား အဆင့်မြှင့်တင့်ခြင်း ၊ နိုင်ငံတကာရှိ တပ်မတော်များနည်းတူ ဖြစ်လာစေရန် ကြိုပမ်းဆောင်ရွှက်ခြင်းစသည်ဖြင့် တဖြည်းဖြည်းမြင်တွေ့လာရပြီဖြစ်ပါသည်....။


စစ်ဝတ်စုံနှင့် ပတ်သက်၍လည်း တပ်မတော်မှ ညီနောင်များ၏ ဆွေးနွေးမှုများကို ပိုစ့်များအဖြစ်လည်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်....။ ယခုလည်း ရရှိထားသည့် အချက်လက်များ၊ ဓါတ်ပုံများအား ကိုးကား၍ တင်ပြပေးပါဦးမည်....။

မြန်မာ့တပ်မတော် (ကြည်း) ချပ်ဝတ်တန်ဆာ အသစ်

ဝတ်စုံပြည့်နှင့် တိုက်ပွဲဝင်ဝတ်စုံ

တပ်မတော်၏ ဆက်သွယ်ရေးတပ် အထူးတပ်ဖွဲ့
တပ်မတော် (ရေ) အထူးတပ်ဖွဲ့ဝင်များ
အမေရိကန် အပါအဝင် ကမ္ဘာ့ရေတပ်များတွင် အထူးတပ်ဖွဲ့များ ဖွဲ့စည်းထားတတ်ကြပြီး ခေတ်မှီလက်နက်စနစ်များ၊ ပြင်းထန်သော လေ့ကျင့်ခန်းများ၊ နည်းပညာများအား ကျွှမ်းကျင်တတ်မြောက်သော သူများကိုသာလျှင် ရွှေးချယ်ခန့်အပ်လေ့ရှိပါသည်....။

မြန်မာ့တပ်မတော် (ရေ)တွင်လည်း ထိုကဲ့သို့ပင် ဘက်စုံလေ့ကျင့်ခန်းများဖြင့်
 လေ့ကျင့်၍ အောင်မြင်သူများကိုသာ ရွှေးချယ်ခန့်အပ်သော နေဗီးဆီလ်း တပ်ဖွဲ့ဝင်များရှိပါသည်....။


တပ်မတော် (လေ) ၏ ဝတ်စုံအသစ် 
  လေကြောင်းချီတပ်ရင်း (သို့) လေထီးတပ် တပ်ဖွဲ့ဝင်များ၏ ချပ်ဝတ်တန်ဆာများ



လေထီးစစ်သည်များ လေထီးခုန်သင်တန်းလေ့ကျင့်နေကြစဉ်


 သမ္မတ အိမ်တော် လုံခြုံရေး အထူးတပ်ဖွဲ့ဝင်များ



 စစ်ဘက်လုံခြုံရေးတပ်ဖွဲ့ဝင်များ (SOTF)

မြန်မာ့တပ်မတော်၏ စစ်ဝတ်တန်ဆာများ နှင့် အထူးတပ်ဖွဲ့များ၏ အကြောင်းအား လေ့လာမိသူရှိပါက အောက်တွင် ကော်မန့်ရေးပေးခဲ့ကြပါခင်ဗျာ...။
အားလုံးကိုလေးစားစွာဖြင့် ကိုmm

11 comments:

  1. တပ်မတော်တွင်းမှာ.လူကိုယ်ခန္စာ ကြီးနဲ့ နည်းလမ်းတွေများများသုံးသင့်ပါတယ်...ပြီးတော့..ဒီ ၀တ်စုံကိုလည်း ထပ်တိုးတက်စေချင်သေးတယ်ဗျာ.အားမရသလိုပဲ

    ReplyDelete
  2. ဟိုနေ့ ကတောင်အာဆီယံကွန်မြူနစ်တီမှာတွေ့ လိုက်တာကမ္ဘောဒီားးကအထူးတပ်ဖွဲ့ တွေတောင်ဒူးကာတံတောင်ကပါတယ်နော်မြန်မာကတပ်တွေကိုလည်းတပ်ပေးသင့်တယ်ကျန်တဲ့လက်နက်အပိုင်းမှာတော့မြန်မာကကောင်းပါတယ်။ဝတ်စားဆင်ယဉ်မှုမှာတပ်သားကအစပြောက်ကျားတွေလုပ်လိုက်သင့်တယ်သမ္မတအိမ်တော်စောင့်တဲ့လူတွေလောက်စစ်သားတိုင်းကိုဆင်ပေးသင့်တယ်

    ReplyDelete
  3. Ko MM ရေ အရင်တုန်းကတော့ ရေတပ်မှာ တိုက်ခိုက်ရေးတပ်ရင်း တစ်ရင်းနှစ်ရင်း ရှိခဲ့ဘူးတာသိပါတယ်၊ ဒါပေမဲ့ Navy Seal လို အထူးတပ်တွေ ရှိမှန်း မထင်ခဲ့ဘူး၊ အဲ့ဒီတပ်တွေအကြောင်း ထပ်တင်ပေးပါအုံးခင်ဗျာ။

    ReplyDelete
  4. အဆင့်မြင့်လက်နက်တွေ သုံးသင့်တာကြာပါပြီ

    ReplyDelete
  5. ဒီထက်ကောင်းမွန်ပေါ့ပါးတဲ့ equipments ရေစိုခံတာ မျိုးကို တီထွင်ထုပ်လုပ်တပ် ဆင်ပေးသင့်ပါတယ်။ တပ်၇င်းတစ်ရင်းကို လက်ဖြောင့် sniperman ၂၀လောက်ထားပေးသင့်ပါတယ်။ kiaလိုသူပုန်မျိုးကတောင်လက်ဖြောင့် များများလေ့ကျင့်ပေးပြိး တပ်မတော်စစ်ကြောင်းများကို ချောင်းပစ်နိုင်သေးတာ ကိုယ့်ဘက်က ဘာမှ မလုပ်နိုင်တာတော်တော်လေးညံ့ရာ ကြပြိး ၀မ်းနည်းစရာကောင်းလောက်အောင် ပေးဆပ်ခဲ့ရပါတယ်။

    ReplyDelete
  6. တပ်သားတွေ အားလုံးကို ကျည်ကာတွေပါ ဆင်ပေးနိုင်ရင် ကောင်းမယ်ဗျာ ... မလိုလားအပ်တဲ့ ထိခိုက်မှုတွေပါ ကာကွယ်နိုင်တာပေါ့ ... ဖြစ်နိုင်ရင် ညကြည့်မျက်မှန်တွေ ဆက်သွယ်ရေးစက်တွေပါ ပြည့်ပြည့်စုံစုံဖြစ်စေချင်ပါတယ် ...

    ReplyDelete
  7. တပ်မတော်က စစ်သားတွေအကုန်လုံးကို သမတ အိမ်ကိုစောင့်တဲ့အထူးစစ်သားတွေ အတိုင်းစစ်ဝတ်စုံ ဆင်တင့်တယ်လို ကျွန်တော်ထင်တယ် ကိုထက်အင်အားနည်းတဲ့ ကမောဒီးယားတောင်မှ ဒူးကာတံတောင်ကာတွေတောင် ပါတယ်ဆိုတော့် ကိုနိင်ငံကစစ်သားတွေ ကိုလည်းတပ်ပေးသင့်တာပေါ့ ကျည်ကာတွေတပ်ပေးနိုင်ရင်အကောင်းဆုံးပေါ့ဗျာ

    ReplyDelete
  8. U.A.V တွေစမ်းသပ်တဲ.ပုံလေးတွေကိုသိရင်တင်ပေးပါဗျာ။ နောက်ပြီးတော့လေစစ်ပညာဂျာနယ်ကိုဖတ်ရင်ပိုသိလိမ်မယ်ဗျ ။ကျေးဇူးပါပဲဗျာ။

    ReplyDelete
  9. မြန့်မာ့တပ်မတော်ဆိုတာ အပေါ်ရန်အ၀တ်အစားထက် စိတ်ဓာတ်နဲ့နည်းပညာမြင့်မာဘို့လိုတယ်ထင်တယ်

    ReplyDelete
  10. မြန်မာတပ်မတော်ကိုအားကျတယ်။စစ်လက်နက်အခုမှဖြည့်တင်းတယ်ဆိုပေမဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့စစ်သားတစ်ယောက်ချင်းယှဉ်ရင်မြန်မာစစ်သားကအဆ၁၀၀သာပါတယ်

    ReplyDelete
  11. အထူးတပ်ဖွဲ့တွေကို ဆင်ပေးထားတဲ့ နောက်ဆုံးပေါ်လက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာတွေကို သိချင်ပါတယ်။ ပြီးတော့ MRE တွေကိုကော ဘယ်လိုပုံစံရှိလည်း သိချင်ပါတယ် ခင်ဗျာ။

    ReplyDelete