မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ)တပ်များ၊ တပ်ပေါင်းစုံများတွင် အသုံးပြုသောစစ်လက်နက်များအား ဆွေးနွေးကြမည်ဖြစ်ပြီး မည်သူမဆိုဝင်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်။ ကာကွယ်ရေးဆိုင်ရာ လက်နက်များကိုသာ ဖော်ပြသည်ဖြစ်၍ မည့်သည့် နိုင်ငံရေး၊မူဝါဒရေးရာစသည့် အချက်များနှင့် လုံးဝမသက်ဆိုင်ပါ..။ ကျေးဇူးတင်ပါသည်။ ဘလော့ဒ်ဂါ ကိုMM
Tuesday, August 30, 2011
အမျိုးအစား-၅၉ ၅၇မမ လေကြောင်းရန်ကာကွယ်ရေး
မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေး အမြောက်စနစ်
မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်များရှိ အမျိုးအစား-၅၉ ၅၇မမ လေယာဉ်ပစ်အမြောက်ဖြစ်ပါသည်။အမျိုးအစား-၅၉ ၅၇မမ ကို တရုပ်နိုင်ငံမှ ၉၀ ခုနှစ်ဝန်းကျင်ပိုင်းတွင် တရုပ်နိုင်ငံမှ ရရှိခဲ့ခြင်းဖြစ်သည်။ရုရှားနိုင်ငံ၏ အက်စ်-၆၀ စနစ်ကို ပုံတူယူထားသော အမျိုးအစား-၅၉ ၅၇မမ သည် မြန်နှုန်းနိမ့်ပစ်မှတ်များ ဥပမာ။ ။လေထီးခုန်စစ်သားများ၊ရဟတ်ယာဉ်များအား ပစ်ခတ်ရာတွင် တာတိုနှင့် တာလတ်ပစ်မှတ်များအား ပစ်ခတ်ရန်အတွက် အသုံးပြုရန် ပုံစံထုတ်ထားခြင်းဖြစ်ပါသည်။
အမျိုးအစား-၅၉ ၅၇မမ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အသုံးပြုသော ဗီယက်နမ်နိုင်ငံက ထိုစနစ်ဖြင့် အမေရိကန်၏ ရဟတ်ယာဉ်များကို ကောင်းစွာချေမှုန်းနိုင်ခဲ့ပါသည်။
ထို့အတူ အရှေ့ အလယ်ပိုင်းတိုက်ပွဲတိုင်းတွင်လည်း အသုံးပြုခဲ့ကြသည်။မြန်မာ-ယိုးဒယား နယ်စပ်တိုက်ပွဲများအပြီးတွင်လည်း ရှေ့ တန်းစခန်းတချို့ တွင်လေကြောင်းရန်ကာကွယ်ရေးစနစ် အတော်များများကို ချထားသည်ဖြစ်ပြီး ပြီးပြည့်စုံသော လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုမှု ချထားနိုင်ခြင်းမရှိသေးပါ။(တာလတ်၊တာဝေးပစ်မှတ်များ အတွက် လေကြောင်းရန်ကာကွယ်ရေး ဒုံးများ ဥပမာ-TOR M1,BUK M1 စနစ်များကို တပ်ဆင်ပေးနိုင်ခြင်းမရှိသေးပါ။)
အမျိုးအစား-၅၉ ၅၇မမ လေယာဉ်ပစ်အမြောက်စနစ်
တပ်ဖွဲ့ဝင်.....၇ယောက်
အမြောက်ပြောင်းဝအကျယ်....၅၇မမ၊
ထိရောက်မှု အကွာအဝေး.....မီတာ ၆၀၀၀ (ရေဒါပါစနစ်)၊မီတာ ၄၀၀၀ (ရေဒါမပါ)
အမြောက်၏ လှည့်ပတ်နိုင်မှု....၃၆၀ဒီဂရီ
ပစ်ခတ်နှုန်း.....တစ်မိနစ်တွင် ၁၀၅-၁၂၀ ကျည်ပစ်ခတ်နိုင်ပါသည်။
(အမျိုးအစား-၅၉ ၁၀၀မမ လေကြောင်းရန်ကာကွယ်ရေး အမြောက်ကြီးများလည်းရှိပါသည်။)
ဒေသတွင်း အသုံးပြုသည့် နိုင်ငံတချို့
ဘင်္ဂလားဒေ့် အမျိုးအစား-၅၉ ၅၇မမ
အင်ဒိုနီးရှား အက်စ်-၆၀ ၅၇မမ
ဗီယက်နမ် အက်စ်-၆၀ ၅၇မမ

Monday, August 29, 2011
မြန်မာတပ်မတော် လေ အမ်အိုင်-၁၇ ရဟတ်ယာဉ်
မြန်မာတပ်မတော်လေသုံး အမ်အိုင်-၁၇ ရဟတ်ယာဉ်ကြီးများဖြစ်ပါသည်။သွေးပါသော ပြကွက်များပါကြောင်း သတိပေးအပ်ပါသည်။
မြန်မာ့တပ်မတော် လေ စစ်ယာဉ်များ
ဘဲလ် ရဟတ်ယာဉ်များ
အမ်အိုင်-၂ အပေါ့်စားတိုက်ခိုက်ရေး ရဟတ်ယာဉ် မှ ဒုံးပျံများ ပစ်ခတ်နေစဉ်
အေ-၅စီ ဖန်တန် မြေပြင်ပစ်ကူပေး တိုက်ခိုက်ရေးလေယာဉ်များ
ဒီနေ့အတွက်ကတော့ ဒီလောက်ပါဘဲခင်ဗျာ နောက်အားမှ ပြန်တင်ပါဦးမယ်...။ဒီနေ့ထိတိုင် အားပေးကြတဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...။ဓါတ်ပုံများ၊စာများကိုလည်းပို့ပေးကြပါခင်ဗျာ...။

မြန်မာ့တပ်မတော် အမြောက်များ
တောင်ပေါ်ပစ် အမြောက်စနစ် (ယူဂိုဆလားဗီးယား)

အမ်၁၀၁ ၁၀၅မမ အမြောက်စနစ် (အမေရိကန်)

ကေအပ်က်-၁၇၉ ၁၅၂မမ အမြောက်စနစ် (တောင်ကိုးရီးယား)

Soltam အမ်-၇၁ ၁၅၂မမ အမြောက်စနစ် (အစ္စရေး)

မြန်မာ့တပ်မတော် အမြောက်တပ်ရှိ အမြာက်စနစ်တချို့ ဖြစ်ပါသည်ခင်ဗျာ....။ကိုးရီးယားထုတ်ကတော့ ကျွှန်တော်သိပ်မသေချာပါဘူး။ထောက်ပြဝေဖန်ပေးကြပါ။အမြာက်တပ်နှင့် သံချပ်ကာတပ်အကြောင်းကိုလည်း သိတဲ့သူတွေက ဝေဌပေးကြပါဦးခင်ဗျာ...။

အမျိုးအစား-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကားများ
မြန်မာ့တပ်မတော် ကမ်းတက်တင့်ကားများ

မြန်မာ့တပ်မတော် ကမ်းတက်စစ်ယာဉ် များ စစ်ရေလေ့ကျင့်နေစဉ်ဖြစ်ပါသည်။အမျိုးအစား-၆၃ အပေါ့စားတိုက်ပွဲဝင် တင့်ကားများဖြစ်ပြီး တရုပ်နိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်ပါသည်။ကမ်းရိုးတန်းရှည်လျာသော မြန်မာနိုင်ငံနှင့် နီးစပ်သော အိမ်နီးခြင်းနိုင်ငံများအား ကမ်းတက်စစ်ဆင်ရာတွင် အလွန်အသုံးဝင်မည်ဖြစ်ပါသည်။ရုရှားနိုင်ငံထုတ် ပီတီ-၇၆ အား ပုံစံယူထားသော အမျိုးအစားဖြစ်ပါသည်။ကုန်း၊ရေ နှစ်သွယ်ဆင်နွဲရသော စစ်ဆင်ရေးမျိုးတွင် အသုံးပြုရန်ပုံစံထုတ်ထားခြင်း ဖြစ်ပါသည်။
Sunday, August 28, 2011
အမ်လေတပ်စခန်းမှ ရန်သူ့ ပစ်မှတ်တချို့
မြန်မာနိုင်ငံ အမ်မြို့လေတပ်စခန်းမှာ ဘင်္ဂလားဒေ့်ရှိ ပစ်မှတ်တချို့ ကို ဖော်ပြထားခြင်းဖြစ်ပါသည်။စစ်တွေမှလည်း စစ်ဆင်ရေးများဆင်နွဲနိုင်မည်ဖြစ်ပါသည်။ရန်သူ့လေတပ်၏ တန်ပြန်စစ်ဆင်မှုကို လေကြောင်းရန်တပ်ဖွဲ့များမှ ကာကွယ်ပေးနိုင်ပါမည်။ဘင်္ဂလားအနေဖြင့်မှု တာဝေးပစ်ခတ်နိုင်သော ဒုံးပျံများသည်လည်း ကီလိုမီတာ၄၀ အထိသာရောက်ရှိနိုင်မည်ဖြစ်ပါသည်။မိမိဘက်မှ တာဝေးပစ် ၂၄၀မမ များဖြင့် ချေမှုန်းနိုင်သည်။ရန်သူအနေဖြင့် အမြောက်များကို မြန်မာနှင့် နီးစပ်သော မောင်းတော ကဲ့သလိုသော နေရာများတွင် ချထားမည် မဟုတ်ရာ ပို၍ဝေးသော နေရာများတွင်ထားရပေမည် သို့ဆိုလျှင် အမြောက်များ၏ ပစ်မှတ်ထိရောက်မှုတွင် အားနည်းချက်များရှိမည်ဖြစ်ရာနှစ်ဘက်စလုံးအတွက် လေတပ်သည်သာလျှင် အရေးပါသော ထိုးစစ်တစ်ခုဖြစ်လာမည်ဖြစ်သည်။

အမ်လေတပ်စခန်းမှ ကျိုက်တကောင်းသို့

အမ်မှ စိန့်မာတင်ကျွှန်းသို့ ကီလိုမီတာ ၂၀၀ နီးပါးရှိသည်။
အမ်မှ ကော့်ဘဇာသို့ ကီလိုမီတာ ၂၈၅ နီးပါးရှိသည်။
အမ်မှ ကျိုက်တကောင်းသို့ ကီလိုမီတာ ၃၆၀ နီးပါးရှိသည်။
တပ်မတော်လေရှိ တိုက်လေယာဉ်များ၏ စစ်ဆင်နိုင်မှုမှာ-
အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်....ကီလိုမီတာ ၁၄၃၀ ထိစစ်ဆင်နိုင်သည်။အသစ်ရောက်ရှိလာသော တိုက်လေယာဉ်များတွင် ထိုထက်ပင် စစ်ဆင်နိုင်ပေမည်။
အသံထက် ၂.၂၅ဆ ပို၍မြန်ဆန်သည်။
အက်ဖ်-၇ တိုက်လေယာဉ်.....ကီလိုမီတာ ၁၂၀၀ ထိစစ်ဆင်နိုင်သည်။
အသံထက် ၂ဆ ပို၍မြန်ဆန်သည်။
ကျိုက်တကောင်းလေတပ်စခန်း ဌါနချူပ်အား အပေါ်စီးမှ မြင်ရပုံဖြစ်ပါသည်။

တိုက်လေယာဉ်များ

အက်ဖ်-၇များ အေ-၅များ
ရဟတ်ယာဉ်များ

အမ်အိုင်-၁၇ များကိုတွေ့ရသည်။

အင်းယား စစ်ရေယာဉ်များ
ဒင်မတ်နိုင်ငံမှ ဝယ်ယူထားသော စစ်ရေယာဉ်များဖြစ်ပါသည်။
တန်ချိန်....၅၀၅
အကျယ်အဝန်း...၄၉.၉၅ (၁၆၃.၉ပေ)
အမြန်နှုန်း ရေမိုင်...၂၀နှော့
တပ်ဖွဲ့ဝင်...၂၀ဦး
လက်နက်စနစ်များ...
...၄၀မမ ၁လက်
...၂၀မမ ၂လက်
နံပတ် နှင့် အမည်=၅၅ အင်းတော်၊၅၆ အင်းမ၊၅၇ အင်းယား တို့ဖြစ်ပါတယ်။
(နံပတ် နှင့် အမည်များ လွဲခဲ့ရင် အမှန်ပြောပေးကြပါခင်ဗျာ)

ဗီယက်နမ် ဒေသတွင်း အင်းအားကြီးရေတပ်
ကျွှန်တော် သဘောကျတဲ့ စစ်ရေယာဉ်အမျိုးအစားတွေပါ။ရုရှားထုတ်ဖြစ်ပြီး ဒေသတွင်းနိုင်ငံတွေထဲမှာတော့ ဗီယက်နမ်ရေတပ်က အသုံးပြုနေပါတယ်။Trantul (HuangFeng) အမျိုးအစားကို ပြန်လည် အဆင့်မြင့်တင်ထားခြင်းဖြစ်ပါတယ်။လက်နက်ပိုင်းဆိုင်ရာစနစ်တွေကို အကြီးအကျယ်ပြုပြင်ထားခြင်းဖြစ်ပါသည်။ ထိုပြင် ဗီယက်နမ်ထုတ်စစ်ရေယာဉ်သစ် အမျိုးအစားများစွာရှိပါသေးသည်။
Molnya စစ်ရေယာဉ်

တန်ချိန်...၅၅၀
အကျယ်အဝန်း...၅၆.၁မီတာ
တပ်ဖွဲ့ဝင်...၄၄ယောက်
အမြန်နှုန်း ရေမိုင်....၃၈
လက်နက်စနစ်များ
ဒုံးပျံ...အက်စ်အက်စ်အန်-အက်ဇ်-၂၅....၁၆စင်း
စက်သေနတ်ကြီး...၇၆မမ အေကေ-၁၇၆အမ်...၁လက်
လေကြောင်းရန်ကာကွယ်ရေး...၃၀မမ အေကေ-၆၃၀အမ်...၂လက်
Trantul စစ်ရေယာဉ်

တန်ချိန်...၄၆၉
အကျယ်အဝန်း...၅၆.၁
တပ်ဖွဲ့ဝင်....၄၄
အမြန်နှုန်း ရေမိုင်....၃၈-၄၂
လက်နက်စနစ်များ
ဒုံးပျံ...အက်စ်အက်စ်အန်-၂၂...၄စင်း
စက်သေနတ်ကြီး.....၇၆မမ အေကေ-၁၇၆ဒီပီ..၁လက်
လေကြောင်းရန်ကာကွယ်ရေး...၃၀မမ အေကေ-၆၃၀...၂လက်
BPA-500 စစ်ရေယာဉ်

တန်ချိန်...၅၁၇
အကျယ်အဝန်း...၆၂
တပ်ဖွဲ့ဝင်....၂၈
အမြန်နှုန်း ရေမိုင်....၃၂
လက်နက်စနစ်များ
ဒုံးပျံ...ကေအက်ခ်-၃၅...၈စင်း
စက်သေနတ်ကြီး.....၇၆မမ အေကေ-၁၇၆ဒီပီ..၁လက်
လေကြောင်းရန်ကာကွယ်ရေး...၃၀မမ အေကေ-၆၃၀...၂လက်၊၁၂.၇မမ စက်သေနတ် ၂လက်
တို့ဖြစ်သည်။ဘီပီအက်စ်-၅၀၀ကို ဗီယက်နမ်နိုင်ငံတွင် ထုတ်လုပ်ပြီး ရုရှားမှ နည်းပညာများဖြင့်ပေါင်းစပ်ထားသည်ဟု သိရပါသည်။
(မိမိလေ့လာမိသလောက် ဖော်ပြခြင်းသာလျှင်ဖြစ်၍ အမှားများကို ဝေဖန်ပေးကြပါခင်ဗျာ။

တရုပ်၏ အမျိုးအစား-၈၉ ၁၂၂မမ
Wednesday, August 24, 2011
တိုက်ခိုက်ရေး အမြန်ယာဉ် နှိုင်းယှဉ်မှု အပိုင်း-၁
Monday, August 22, 2011
မြန်မာ့တပ်မတော် အမျိုးအစား-၉၀ဘီ ၁၂၂မမ ဒုံးပျံစနစ်
မြန်မာ့တပ်မတော် ထုတ် စစ်သေနတ်
ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်

အမေရိကန်၏ ပက်ထရီယော့စနစ် စတင်ခဲ့ချိန်
၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် ၁၉၇၀ခုနှစ်များအတွက် ကြည်းတပ်လေကြောင်းရန်ကာကွယ်ရေးစနစ် AADS-70 စီမံကိန်း၏ အမည်ကို မြေပြင်မှဝေဟင်ပစ်ဒုံးပျံ လုပ်ဆောင်ရေး SAM-D ဟူ၍ အမည်ပြောင်းခဲ့ပြီးနောက် ၁၉၇၅တွင် ဝှိုက်ဆင်းဒုံးပျံပစ်ကွင်းတွင် မောင်းသူမဲ့လေယာဉ်တစ်စင်းအား အောင်မြင်စွာပစ်ချခဲ့သည်။ထို့နောက် ၎င်းကို ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်ဟု အမည်ပြောင်းခဲ့သည်။
MIM-105 Patriot မှာ သီးသန့်ရေဒါဖြန့်ကြက်မှုနှင့် ဒုံးပျံလမ်းညွှန်းမှုဖြင့် ခြေရာခံခြင်းများပါဝင်သည့် နည်းပညာသစ်အများအပြားကို ပေါင်းစည်းထားခြင်းဖြစ်သည်။စနစ်၏ အပြည့်အဝတိုးတက်မှုကို ၁၉၇၆ ခုနှစ်တွင် စတင်နိုင်ခဲ့ပြီ ၁၉၈၄ခုနှစ်တွင် ဖြန့်ကြက်ချထားခဲ့သည်။ပက်ထရီယော့စနစ်မှာ မူလအားဖြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်သာ ဖြစ်သော်လည်း ၁၉၈၈ ခုနှစ်တွင် နည်းဗျူဟာဒုံးပျံများအား တိုက်စွမ်းရည်ရှိသည့် အထိ အဆင့်မြင့်တင်ခဲ့ရာ PAC-1 (Patriot Advance Capacity-1) ဟူ၍ဖြစ်ပေါ်လာသည်။နောက်ဆုံးအဆင့်မြင့်လုပ်ဆောင်ထားမှုကို PAC-3ဟူ၍ခေါ်ဆိုပြီး နည်းဗျူဟာဒုံးပျံများအား တိုက်ခိုက်ဖျက်ဆီးနိုင်ရေးကို ရည်ရွယ်ပုံစံချ၍ စနစ်ကို လုံးဝနီးပါး ပြန်လည်ပြုပြင်ခဲ့သည်။
ပက်ထရီယော့စနစ်၏ ပစ္စည်းကိရိယာများ
ပက်ထရီယော့စနစ်တွင် အဓိကလုပ်ဆောင်မှုကြီး လေးခုရှိရာ ၎င်းတို့မှာ ဆက်သွယ်ရေး၊အမိန့်ပေးခြင်းနှင့် ထိန်းချုပ်ခြင်း၊ရေဒါစောင့်ကြည့်ရေးစနစ်နှင့် ဒုံးပျံလမ်းညွှမ်းရေးစနစ်တို့ဖြစ်သည်။ပက်ထရီယော့ ဒုံးပျံတပ်ဖွဲ့တစ်ခုကို တစ်နာရီအတွင်း အသင့်ဖြစ်ရန် နေရာချထားနိုင်သည်။ဒုံးပျံပစ်စင်ကို ထရပ်ကား သို့မဟုတ် နောက်တွဲယာဉ်ပေါ်တွင် ထားရှိသည်။M983 MEMTI ခေါ်မော်တော်ယာဉ်မှ ဆွဲယူသည့် M860 Semi-trailer နောက်တွဲယာဉ်ပေါ်တွင် ရေဒါကိရိယာနှင့် ဒုံးပျံများတပ်ဆင်ထားသည့် ပစ်စင်ကို တပ်ဆင်ထားသည်။ ဒုံးပျံများထပ်မံ ဖြည့်တင်းတပ်ဆင်ပေးမှုကို နောက်ပိုင်းတွင် ကရိန်းဝန်ချီစက်ပါသော M985 E1 ထရပ်ကားက ဆောင်ရွှက်သည်။ထိုဝန်ချီစက်က ဒုံးပျံပစ်ခတ်ပြီးသော အပြင်ခွံများအား ဖယ်ရှားခြင်း၊ဒုံးပျံသစ်များ အစားထိုးခြင်းတို့ကို လုပ်ဆောင်သည်။ ပက်ထရီယော့ ဒုံးပျံတပ်ဖွဲ့၏ အဓိကကျသော အစိတ်အပိုင်းမှာ ပစ်ခတ်မှုထိန်းချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်လျက်ရှိသော ဒုံးပျံပစ်စင်ဖြစ်သည်။
AN/MPQ-၅၃ ရေဒါစနစ်

AN/MSQ-104 တိုက်ပွဲဝင် ထိန်းချုပ်ရေးဌါန
၎င်းသည် ပက်ထရီယော့ဒုံးပျံ ပစ်ခတ်ရေးတပ်ဖွဲ့၏ ပင်မအာရုခံ အစုအဝေးဖြစ်သည်။ECS ခေါ် ထိန်းချုပ်ရေးဌါနကို M-927 ၅တန် ကုန်တင်ထရပ်ကားပေါ်တွင် အမိုးအကားနှင့် ထားရှိပြီး အဓိက ပါဝင်သည့် အစိတ်အပိုင်းများမှာ လက်နက်များ ထိန်းချုပ်ရေး ကွန်ပြူတာ WCC အချက်အလက်ဆက်သွာ်ရေးလမ်းကြောင်း DLT နှင့် ဆက်သွယ်ရေးလမ်းဖြန့်ကြက်ထားမှုများဖြစ်သည်။

OE-349 အာရုံခံတိုင်အုပ်စု
OE-၃၄၉ အာရုံခံတိုင် အုပ်စုတွင် AMG ကို M-927 ၅တန်ထရပ်ကားပေါ်တွင် တပ်ဆင်ထားပြီး ၄ကီလိုဝပ်အားရှိ အာရုံခံတိုင် ၂တိုင်ကို အဝေးထိန်းစနစ်ဖြင့် ထားရှိသည်။ထိုအာရုံခံတိုင်များကို မြေပြင်အထက်သို့ ပေ၁၀၀ နှင့် ၁၁လက်မအထိ မြင့်တင်နိုင်စွမ်းရှိသည်။

M-901 ဒုံးပျံပစ်စင်
M-901 ဒုံးပျံပစ်စင်၏ ပြည့်ဝစုံလင်သော စနစ်ကို အဝေးထိန်းချူပ်မှုဖြင့် ပစ်ခတ်နိုင်သည်။
PAC-3 ဒုံးပျံပစ်စင်း တစ်ခုတွင် ဒုံးပျံ ၁၆စင်းတပ်ဆင်နိုင်သည်။

ပက်ထရီယော့ လမ်းညွှန်းမှုရှိသော ဒုံးပျံများ
MIM-104 စံချိန်မှီ ဒုံးပျံသည် လေယာဉ်များအတွက် အကောင်းဆုံးပြုလုပ်ထား၍ ဒုံးပျံများ ပစ်ခတ်ရေးတွင်မှု ကန့်သတ်စွမ်းရည်ရှိသည်။MIM-104C ဒုံးပျံသည် ချိန်ရွယ်ပစ်ခတ်လာသည့် ဒုံးပျံများအား ရင်ဆိုင်ရန် အကောင်းဆုံးအနေအထားဖြင့်ပြုလုပ်ထားသော ပထမဦးဆုံး ပက်ထရီယော့ဒုံးပျံဖြစ်သည်။PAC-3 ဒုံးပျံမှာမှု လုံးဝ အသစ်ပြုပြင်ထားသော ကြာ်းဖြတ်တိုက်ခိုက်ရေး ဒုံပျံဖြစ်၍ ရေဒါဖြင့် ရှာဖွေရေး၊ထိမှန်ပေါက်ကွဲခြင်း အထိ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ထားပြီး တာဝေး၁၅ ကီလိုမီတာ အထိ ရောက်နိုင်သည်။PAC-2 ဒုံးပျံမှာ ဒုံပျံထည့်သွင်းတည့် အိမ်တစ်ခုလျှင် ဒုံးပျံတစ်ခုတာ သွင်းနိုင်၍ ဒုံးပျံအိမ် လေးခုပါသည်။PAC-3 ဒုံးပျံမှာ အိမ်တစ်ခုတွင် လေးစင်း ထည့်သွင်းနိုင်၍ ပစ်စင်တွင် ဒုံးပျံ ၁၆စင်း အထိပါဝင်သည်။PAC-3 ဒုံးပျံ လုံးဝပြုပြင် ပုံစံထုတ်ထားခြင်းဖြစ်၍ ရေဒါဖြင့်ရုာဖွေနိုင်စွမ်းတိုးတက်ခြင်း၊ထောက်လှမ်းခြင်းခြေရာခံခြင်းနှင့်ခွဲခြားနိုင်သော စွမ်းရည်များပါရှိသည်။အခြားအရည်အသွေးများစွာ အပြင် ဒုံးပျံရေဒါက လေယာဉ်တစ်စင်းတွင် လူလိုက်ပါမောင်းနှင်ခြင်း ဟုတ်မဟုတ် နှင့် ပစ်ခတ်သော ဒုံးပျံများကိုလည်း ပေါက်ကွဲထိပ်ဖူး အစစ်အမှန်ပါမပါခွဲခြားနိုင်စွမ်းရှိသည်။ပက်ထရီယော့ဒုံးပျံစနစ်ကို အစောပိုင်းကာလက စမ်းသပ်မှုများပြုလုပ်ခဲ့ရာ ၄၉ကြိမ်တွင် ပစ်မှတ်ကို ၃၉ကြိမ် ပစ်ချနိုင်ခဲ့သည်။
ပက်ထရီယော့စနစ်၏ အလုပ်လုပ်ပုံ

Subscribe to:
Posts (Atom)