Thursday, August 11, 2011

မြန်မာ့တပ်မတော် အမြောက် လက်နက်များ အပိုင်း-၁

ဒုံးပျံတပ်ဖွဲ့တွေကို ကျွန်တော်လည်း အရမ်း စိတ်ဝင်စားတဲ့အတွက် အခုလို ဒုံးလက်နက်စနစ်တွေကို အိမ်နီးချင်းနိုင်ငံနဲ့ နှိုင်းယှဉ် တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ လက်နက်ကြီးတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးတဲ့ နေရာမှာ အခေါ်အဝေါ်တွေ ရှင်းလင်းအောင် နည်းနည်း အကြံပြုချင်ပါတယ်။ ဒီလက်နက်ကြီးတွေနဲ့ ပက်သက်လို့ မြန်မာလို official translation ကို ကျွန်တော် မသိပါဘူး (သိတဲ့ လူတွေကလည်း ပြောပြပေးနိုင်အောင် ဒီအကြောင်းကို ရေးရတာပါ)။ မြန်မာလို တရားဝင် ခေါ်ဆိုတဲ့ အမည်တွေ မသိရသေးခင် ဆွေးနွေးတဲ့ နေရာမှာ အဆင်ပြေအောင် အကြံပြုတဲ့ သဘောပါ။

လက်နက်ကြီးလို့ ဆိုရင် ပထမဆုံးက ခြေလျင်အကူပစ် လက်နက်ကြီး (Infantry support weapons) တွေပါ။ ဒီလက်နက် အမျိုးအစားတွေမှာ တပ်စုလက်နက်ဖြစ်တဲ့ ၆၀ မမ စိန်ပြောင်း ကနေ တပ်ရင်းလက်နက် (Regimental Gun) တွေဖြစ်တဲ့ ၀.၅ စက်သေနတ်ကြီး၊ ၈၁ မမ စိန်ပြောင်း နဲ့ ၈၄ မမ နောက်ပွင့်ရိုင်ဖယ် တွေ အထိပါဝင်ပါတယ်။ အရင်က တပ်ရင်းလက်နက်ဖြစ်ခဲ့တဲ့ ၇၅ မမ နောက်ပွင့်ရိုင်ဖယ်တွေလည်း ဒီအမျိုးအစားမှာ ပါပါတယ်။ ခြေလျင်တပ်တွေနဲ့ အတူလိုက်ပါပြီး တိုက်ပွဲတွင်းမှာ တိုက်ရိုက်ပစ်ကူ (direct fire support) ပေးပါတယ်။
မြန်မာ့တပ်မတော်ထုတ် ၁၂၀မမ စိန်ပြောင်းကြီး

နောက်တဆင့်ကတော့ ခြေလျင်တပ်တွေနဲ့ ဟန်ချက်ညီညီ ပေါင်းစပ်ပြီး ပစ်ကူပေးရတဲ့ အမြောက် (Gun Artillery) တွေပါ။ ဒီအဆင့်မှာ နှစ်ပိုင်းခွဲနိုင်ပါတယ်၊ ပထမပိုင်းက တိုက်ပွဲ (Battle) အဆင့်မှာ ပစ်ကူပေးရတဲ့ လက်နက်ကြီးတွေပါ၊ အမျိုးအစား ၃ မျိုးပါဝင်ပါတယ် - (၁) အမြောက် (cannon/ field gun) - ထောင့်နိမ့်ပစ်ခတ်နိုင်ပြီး ကျည်သွားလမ်းတိုပါတယ် - ကျွန်တော်တို့ နိုင်ငံမှာတော့ ၇၆ မမ တောင်ပေါ်ပစ် အမြောက်နဲ့ ၈၇.၆ မမ ၂၅ ပေါင်ဒါ အမြောက် တွေ သုံးပါတယ်၊ (၂) ဟောင်ဝစ်ဇာ (howitzer) - ထောင့်မြင့်ပစ်ခတ်နိုင်ပြီး ကျည်သွားလမ်း ပိုရှည်ပါတယ် - ကျွန်တော်တို့ ဆီမှာ ၁၀၅ မမ ဟောင်ဝစ်ဇာ တွေကို စံအဖြစ် ထားပါတယ်၊ (၃) စိန်ပြောင်း (mortar) - ထောင့်မတ် (၄၅ ဒီဂရီ အထက်) ပစ်ခတ်ရပြီး ကျည်သွားလမ်း ရှည်ပါတယ် - ၁၂၀ မမ စိန်ပြောင်းကြီးတွေကို သုံးပါတယ်။ တိုက်ပွဲမှာ သွယ်ဝိုက်ပစ်ကူ (indirect fire support) ပေးနိုင်ပါတယ်။
မြန်မာ့တပ်မတော် အမြောက်တပ်ဖွဲ့ဝင်များ

ဒုတိယပိုင်းကတော့ တိုက်ပွဲကနေ တိုက်ပွဲစဉ် (Campaign) အဆင့်ရောက်လာရင် စစ်ဆင်ရေး အဆင့် (operational level) လို့ သတ်မှတ်ပြီး အမြောက်လက်နက်ကြီး (heavy guns) တွေနဲ့ ပစ်ကူပေးပါတယ်။ ၁၅၅ မမ ဟောင်ဝစ်ဇာ တွေ သုံးပါတယ်။ ဒီအဆင့်မှာ ယာဉ်ဆွဲအမြောက် (Towed gun) နဲ့ ယာဉ်တင်အမြောက် (self-propelled gun/ SP Gun) ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ယာဉ်ဆွဲအမြောက် နဲ့ SP Gun တွေဟာ ပစ်ခတ်နိုင်တဲ့ အကွာအဝေးနဲ့ ပစ်ခတ်မှု စွမ်းရည်မှာ ကွာခြားမှု မရှိပေမယ့် ပစ်ခတ်ပြီးတဲ့ အခါ အမြန်နေရာရွှေ့ပြောင်းနိုင်စွမ်း shoot-and-scoot ability မှာ အလွန်ကွာခြားပါတယ်။ ဒါကြောင့် ပစ်ခတ်မှုစွမ်းရည်တူပေမယ့် mobility ပိုင်းမှာ ကွာခြားလှတဲ့ အတွက် စစ်ကစားနိုင်စွမ်း မတူကြဘူး။ ၁၅၅ မမ ချင်း အတူတူ ပေမယ့် အဲဒီ့ နှစ်မျိုးကို အမျိုးအစားတစ်ခုတည်းအဖြစ် categorized လုပ်ဖို့ မသင့်တော်ပါဘူး။
Nora B-52 ၁၅၅မမ ယာဉ်တင်အမြောက် စနစ်


ကျွန်တော့်အမြင်ကတော့ field guns တွေ၊ mortars တွေ ကနေ ၁၅၅ မမ towed howitzer အထိကို စစ်မြေပြင် ပစ်ကူပေး လက်နက်ကြီး (Field Artillery) လို့ category သတ်မှတ်ချင်ပါတယ်။ SP Gun တွေကိုတော့ Self-propelled Artillery လို့ သီးခြား အမျိုးအစား ခွဲခြားချင်တယ်။ ပါဝင်မယ့် လက်နက်ကြီးတွေကတော့ ယာဉ်တင်အမြောက် (သို့မဟုတ်) ယန္တယားတင်အမြောက် ဖြစ်ပါလိမ့်မယ်။ SP Gun တွေဟာ စစ်မြေပြင်အထိ ဝင်ရောက်ပီး တိုက်ခိုက်ဖို့ လိုချင်မှ လိုပါလိမ့်မယ်။ စစ်မြေပြင်ကို ဟိုးအဝေး တနေရာကနေလှမ်းပြီး Indirect Bombardment လုပ်နိုင်ပါတယ်။ ပစ်ခတ်ပြီးတာနဲ့ နောက်တနေရာကို ချက်ချင်းရွှေ့ပြောင်းနိုင်ပါတယ်
။ ရန်သူရဲ့ အမြောက်တန်ပြန်ပစ်ခတ်မှု (counter-battery fire) ကို ရှောင်ရှားနိုင်တယ်၊ တကယ်လို့ ယန္တယားတင်အမြောက် ဖြစ်မယ်ဆိုရင် အမြောက်အဖွဲ့သားတွေကိုလည်း ရန်သူ့လက်နက်ဒဏ်က အတော်အသင့် ကာကွယ်ထားနိုင်တယ်။ ယာဉ်တင်အမြောက်တွေကတော့ အမြန်ရွှေ့ပြောင်းနိုင်စွမ်း ရှိပေမယ့် ရန်သူပစ်ခတ်တာ ခံရပြီ ဆိုရင်တော့ အမြောက်အဖွဲ့သားတွေကို ကာကွယ်နိုင်တဲ့ အနေအထား မရှိပါ။ သူတို့ရဲ့ ပစ်ကူပေးနိုင်တဲ့ အကွာအဝေးက ကီလိုမိတာ ၂၀ ကျော်အထိပစ်ခတ်နိုင်ကြတယ်။ ဒီလက်နက်ကြီးတွေအထိဟာ Gun Artillery မှာ အကျုံးဝင်ပါတယ်။
Soltam အမ်-၇၁ ၁၅၅မမ ယာဉ်ဆွဲ အမြောက်စနစ်

No comments:

Post a Comment