Sunday, August 28, 2011

အမ်လေတပ်စခန်းမှ ရန်သူ့ ပစ်မှတ်တချို့

မြန်မာနိုင်ငံ အမ်မြို့လေတပ်စခန်းမှာ ဘင်္ဂလားဒေ့်ရှိ ပစ်မှတ်တချို့ ကို ဖော်ပြထားခြင်းဖြစ်ပါသည်။စစ်တွေမှလည်း စစ်ဆင်ရေးများဆင်နွဲနိုင်မည်ဖြစ်ပါသည်။ရန်သူ့လေတပ်၏ တန်ပြန်စစ်ဆင်မှုကို လေကြောင်းရန်တပ်ဖွဲ့များမှ ကာကွယ်ပေးနိုင်ပါမည်။ဘင်္ဂလားအနေဖြင့်မှု တာဝေးပစ်ခတ်နိုင်သော ဒုံးပျံများသည်လည်း ကီလိုမီတာ၄၀ အထိသာရောက်ရှိနိုင်မည်ဖြစ်ပါသည်။မိမိဘက်မှ တာဝေးပစ် ၂၄၀မမ များဖြင့် ချေမှုန်းနိုင်သည်။ရန်သူအနေဖြင့် အမြောက်များကို မြန်မာနှင့် နီးစပ်သော မောင်းတော ကဲ့သလိုသော နေရာများတွင် ချထားမည် မဟုတ်ရာ ပို၍ဝေးသော နေရာများတွင်ထားရပေမည် သို့ဆိုလျှင် အမြောက်များ၏ ပစ်မှတ်ထိရောက်မှုတွင် အားနည်းချက်များရှိမည်ဖြစ်ရာနှစ်ဘက်စလုံးအတွက် လေတပ်သည်သာလျှင် အရေးပါသော ထိုးစစ်တစ်ခုဖြစ်လာမည်ဖြစ်သည်။

အမ်လေတပ်စခန်းမှ ကျိုက်တကောင်းသို့

အမ်မှ စိန့်မာတင်ကျွှန်းသို့ ကီလိုမီတာ ၂၀၀ နီးပါးရှိသည်။
အမ်မှ ကော့်ဘဇာသို့ ကီလိုမီတာ ၂၈၅ နီးပါးရှိသည်။
အမ်မှ ကျိုက်တကောင်းသို့ ကီလိုမီတာ ၃၆၀ နီးပါးရှိသည်။

တပ်မတော်လေရှိ တိုက်လေယာဉ်များ၏ စစ်ဆင်နိုင်မှုမှာ-
အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်....ကီလိုမီတာ ၁၄၃၀ ထိစစ်ဆင်နိုင်သည်။အသစ်ရောက်ရှိလာသော တိုက်လေယာဉ်များတွင် ထိုထက်ပင် စစ်ဆင်နိုင်ပေမည်။
အသံထက် ၂.၂၅ဆ ပို၍မြန်ဆန်သည်။
အက်ဖ်-၇ တိုက်လေယာဉ်.....ကီလိုမီတာ ၁၂၀၀ ထိစစ်ဆင်နိုင်သည်။
အသံထက် ၂ဆ ပို၍မြန်ဆန်သည်။

ကျိုက်တကောင်းလေတပ်စခန်း ဌါနချူပ်အား အပေါ်စီးမှ မြင်ရပုံဖြစ်ပါသည်။


တိုက်လေယာဉ်များ

အက်ဖ်-၇များ အေ-၅များ
ရဟတ်ယာဉ်များ

အမ်အိုင်-၁၇ များကိုတွေ့ရသည်။

3 comments:

  1. Also check on Sittwe, myanmar. You can see a crash plane on the side of run way. I think it is The Myanma Airways XY-ADW jet, crash back in June 2009. Therefore, these Bangaladesh airfield pictures are over 2 years old.

    ReplyDelete
  2. အချို့ဒေတာတွေက ရန်သူ့အတွက် သတင်းအချက်အလက်ဖြစ်သွားစေနိုင်သောကြောင့် သေချာစိစစ်စေ ချင်တယ် ။

    ReplyDelete
  3. ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ တကယ်တာ့ အမ်းလေတပ်စခန်းထက် ဘင်္ဂလားဒေ့်လေတပ်စခန်းကို ဖော်ပြချင်တာပါ...။သူတို့လည်းသိနေတာပါဘဲ..။

    ReplyDelete