Monday, August 22, 2011

ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်


အမေရိကန်၏ ပက်ထရီယော့စနစ် စတင်ခဲ့ချိန်

၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် ၁၉၇၀ခုနှစ်များအတွက် ကြည်းတပ်လေကြောင်းရန်ကာကွယ်ရေးစနစ် AADS-70 စီမံကိန်း၏ အမည်ကို မြေပြင်မှဝေဟင်ပစ်ဒုံးပျံ လုပ်ဆောင်ရေး SAM-D ဟူ၍ အမည်ပြောင်းခဲ့ပြီးနောက် ၁၉၇၅တွင် ဝှိုက်ဆင်းဒုံးပျံပစ်ကွင်းတွင် မောင်းသူမဲ့လေယာဉ်တစ်စင်းအား အောင်မြင်စွာပစ်ချခဲ့သည်။ထို့နောက် ၎င်းကို ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်ဟု အမည်ပြောင်းခဲ့သည်။
MIM-105 Patriot မှာ သီးသန့်ရေဒါဖြန့်ကြက်မှုနှင့် ဒုံးပျံလမ်းညွှန်းမှုဖြင့် ခြေရာခံခြင်းများပါဝင်သည့် နည်းပညာသစ်အများအပြားကို ပေါင်းစည်းထားခြင်းဖြစ်သည်။စနစ်၏ အပြည့်အဝတိုးတက်မှုကို ၁၉၇၆ ခုနှစ်တွင် စတင်နိုင်ခဲ့ပြီ ၁၉၈၄ခုနှစ်တွင် ဖြန့်ကြက်ချထားခဲ့သည်။ပက်ထရီယော့စနစ်မှာ မူလအားဖြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်သာ ဖြစ်သော်လည်း ၁၉၈၈ ခုနှစ်တွင် နည်းဗျူဟာဒုံးပျံများအား တိုက်စွမ်းရည်ရှိသည့် အထိ အဆင့်မြင့်တင်ခဲ့ရာ PAC-1 (Patriot Advance Capacity-1) ဟူ၍ဖြစ်ပေါ်လာသည်။နောက်ဆုံးအဆင့်မြင့်လုပ်ဆောင်ထားမှုကို PAC-3ဟူ၍ခေါ်ဆိုပြီး နည်းဗျူဟာဒုံးပျံများအား တိုက်ခိုက်ဖျက်ဆီးနိုင်ရေးကို ရည်ရွယ်ပုံစံချ၍ စနစ်ကို လုံးဝနီးပါး ပြန်လည်ပြုပြင်ခဲ့သည်။

ပက်ထရီယော့စနစ်၏ ပစ္စည်းကိရိယာများ
ပက်ထရီယော့စနစ်တွင် အဓိကလုပ်ဆောင်မှုကြီး လေးခုရှိရာ ၎င်းတို့မှာ ဆက်သွယ်ရေး၊အမိန့်ပေးခြင်းနှင့် ထိန်းချုပ်ခြင်း၊ရေဒါစောင့်ကြည့်ရေးစနစ်နှင့် ဒုံးပျံလမ်းညွှမ်းရေးစနစ်တို့ဖြစ်သည်။ပက်ထရီယော့ ဒုံးပျံတပ်ဖွဲ့တစ်ခုကို တစ်နာရီအတွင်း အသင့်ဖြစ်ရန် နေရာချထားနိုင်သည်။ဒုံးပျံပစ်စင်ကို ထရပ်ကား သို့မဟုတ် နောက်တွဲယာဉ်ပေါ်တွင် ထားရှိသည်။M983 MEMTI ခေါ်မော်တော်ယာဉ်မှ ဆွဲယူသည့် M860 Semi-trailer နောက်တွဲယာဉ်ပေါ်တွင် ရေဒါကိရိယာနှင့် ဒုံးပျံများတပ်ဆင်ထားသည့် ပစ်စင်ကို တပ်ဆင်ထားသည်။ ဒုံးပျံများထပ်မံ ဖြည့်တင်းတပ်ဆင်ပေးမှုကို နောက်ပိုင်းတွင် ကရိန်းဝန်ချီစက်ပါသော M985 E1 ထရပ်ကားက ဆောင်ရွှက်သည်။ထိုဝန်ချီစက်က ဒုံးပျံပစ်ခတ်ပြီးသော အပြင်ခွံများအား ဖယ်ရှားခြင်း၊ဒုံးပျံသစ်များ အစားထိုးခြင်းတို့ကို လုပ်ဆောင်သည်။ ပက်ထရီယော့ ဒုံးပျံတပ်ဖွဲ့၏ အဓိကကျသော အစိတ်အပိုင်းမှာ ပစ်ခတ်မှုထိန်းချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်လျက်ရှိသော ဒုံးပျံပစ်စင်ဖြစ်သည်။
AN/MPQ-၅၃ ရေဒါစနစ်

AN/MSQ-104 တိုက်ပွဲဝင် ထိန်းချုပ်ရေးဌါန
၎င်းသည် ပက်ထရီယော့ဒုံးပျံ ပစ်ခတ်ရေးတပ်ဖွဲ့၏ ပင်မအာရုခံ အစုအဝေးဖြစ်သည်။ECS ခေါ် ထိန်းချုပ်ရေးဌါနကို M-927 ၅တန် ကုန်တင်ထရပ်ကားပေါ်တွင် အမိုးအကားနှင့် ထားရှိပြီး အဓိက ပါဝင်သည့် အစိတ်အပိုင်းများမှာ လက်နက်များ ထိန်းချုပ်ရေး ကွန်ပြူတာ WCC အချက်အလက်ဆက်သွာ်ရေးလမ်းကြောင်း DLT နှင့် ဆက်သွယ်ရေးလမ်းဖြန့်ကြက်ထားမှုများဖြစ်သည်။

OE-349 အာရုံခံတိုင်အုပ်စု
OE-၃၄၉ အာရုံခံတိုင် အုပ်စုတွင် AMG ကို M-927 ၅တန်ထရပ်ကားပေါ်တွင် တပ်ဆင်ထားပြီး ၄ကီလိုဝပ်အားရှိ အာရုံခံတိုင် ၂တိုင်ကို အဝေးထိန်းစနစ်ဖြင့် ထားရှိသည်။ထိုအာရုံခံတိုင်များကို မြေပြင်အထက်သို့ ပေ၁၀၀ နှင့် ၁၁လက်မအထိ မြင့်တင်နိုင်စွမ်းရှိသည်။

M-901 ဒုံးပျံပစ်စင်
M-901 ဒုံးပျံပစ်စင်၏ ပြည့်ဝစုံလင်သော စနစ်ကို အဝေးထိန်းချူပ်မှုဖြင့် ပစ်ခတ်နိုင်သည်။
PAC-3 ဒုံးပျံပစ်စင်း တစ်ခုတွင် ဒုံးပျံ ၁၆စင်းတပ်ဆင်နိုင်သည်။

ပက်ထရီယော့ လမ်းညွှန်းမှုရှိသော ဒုံးပျံများ
MIM-104 စံချိန်မှီ ဒုံးပျံသည် လေယာဉ်များအတွက် အကောင်းဆုံးပြုလုပ်ထား၍ ဒုံးပျံများ ပစ်ခတ်ရေးတွင်မှု ကန့်သတ်စွမ်းရည်ရှိသည်။MIM-104C ဒုံးပျံသည် ချိန်ရွယ်ပစ်ခတ်လာသည့် ဒုံးပျံများအား ရင်ဆိုင်ရန် အကောင်းဆုံးအနေအထားဖြင့်ပြုလုပ်ထားသော ပထမဦးဆုံး ပက်ထရီယော့ဒုံးပျံဖြစ်သည်။PAC-3 ဒုံးပျံမှာမှု လုံးဝ အသစ်ပြုပြင်ထားသော ကြာ်းဖြတ်တိုက်ခိုက်ရေး ဒုံပျံဖြစ်၍ ရေဒါဖြင့် ရှာဖွေရေး၊ထိမှန်ပေါက်ကွဲခြင်း အထိ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ထားပြီး တာဝေး၁၅ ကီလိုမီတာ အထိ ရောက်နိုင်သည်။PAC-2 ဒုံးပျံမှာ ဒုံပျံထည့်သွင်းတည့် အိမ်တစ်ခုလျှင် ဒုံးပျံတစ်ခုတာ သွင်းနိုင်၍ ဒုံးပျံအိမ် လေးခုပါသည်။PAC-3 ဒုံးပျံမှာ အိမ်တစ်ခုတွင် လေးစင်း ထည့်သွင်းနိုင်၍ ပစ်စင်တွင် ဒုံးပျံ ၁၆စင်း အထိပါဝင်သည်။PAC-3 ဒုံးပျံ လုံးဝပြုပြင် ပုံစံထုတ်ထားခြင်းဖြစ်၍ ရေဒါဖြင့်ရုာဖွေနိုင်စွမ်းတိုးတက်ခြင်း၊ထောက်လှမ်းခြင်းခြေရာခံခြင်းနှင့်ခွဲခြားနိုင်သော စွမ်းရည်များပါရှိသည်။အခြားအရည်အသွေးများစွာ အပြင် ဒုံးပျံရေဒါက လေယာဉ်တစ်စင်းတွင် လူလိုက်ပါမောင်းနှင်ခြင်း ဟုတ်မဟုတ် နှင့် ပစ်ခတ်သော ဒုံးပျံများကိုလည်း ပေါက်ကွဲထိပ်ဖူး အစစ်အမှန်ပါမပါခွဲခြားနိုင်စွမ်းရှိသည်။ပက်ထရီယော့ဒုံးပျံစနစ်ကို အစောပိုင်းကာလက စမ်းသပ်မှုများပြုလုပ်ခဲ့ရာ ၄၉ကြိမ်တွင် ပစ်မှတ်ကို ၃၉ကြိမ် ပစ်ချနိုင်ခဲ့သည်။
ပက်ထရီယော့စနစ်၏ အလုပ်လုပ်ပုံ

No comments:

Post a Comment